မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့အဆင့် ခုနစ်ဆင့်မြင့်တက်

အာရှဖလားခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း (ဓာတ်ပုံ − စိုင်းဇော်)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဧပြီအတွက် ထုတ်ပြန် သည့် ကမ္ဘာ့အဆင့် သတ်မှတ် ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် အဆင့်ခုနစ်ဆင့် မြင့်တက်ခဲ့ပြီး အဆင့်(၁၃၅) နေရာ၌ ရပ်တည် နေသည်။ 

ဧပြီ ဒုတိယပတ်က ထုတ် ပြန်သည့် ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်း သည် ရမှတ် ၂၂၇ မှတ်ရရှိပြီး အဆင့် (၁၃၅) ၌ ရပ်တည်နေသည်။ အရှေ့တောင်အာရှနိုင်ငံ များတွင် ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် (၁၀၃) ဖြင့် ဦးဆောင်နေပြီး ဖိလစ်ပိုင်က အဆင့်(၁၁၃)၊ ထိုင်းက (၁၂၂)၊ အင်ဒိုနီး

ရှားက (၁၆၂)၊ ကမ္ဘောဒီးယားက (၁၆၈)၊ မလေးရှားက (၁၇၀)၊ စင်ကာပူက (၁၇၂)၊ လာအိုက (၁၇၉)၊ တီမောက (၁၉၀)၊ ဘရူနိုင်းက အဆင့် (၁၉၄) တို့၌ အသီးသီးရပ်တည်နေသည်။ 

ဧပြီ ကမ္ဘာ့အဆင့်သတ်မှတ် ချက်အရ မြန်မာ့လက်ရွေးစင် အသင်းသည် အာရှနိုင်ငံများ၌ အဆင့် (၂၇)နှင့် အရှေ့တောင် အာရှနိုင်ငံများ၌ အဆင့်(၄)နေရာ တွင် ရပ်တည်နေသည်။ 

မြန်မာ့လက်ရွေးစင်အသင်း သည် မတ်လအတွင်းက အာရှ ဖလားခြေစစ်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ရာ ကာဂျစ္စတန်အသင်းကို ၅-၁ ဂိုး ဖြင့် ဂိုးပြတ်ရှုံးနိမ့်ပြီး မကာအို အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ ၂၀၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအုပ်စု (က) တွင် ပါဝင်သည့် မြန်မာအ သင်းသည် အုပ်စုတတိယနေရာ၌ သာ ရပ်တည်နိုင်ခဲ့သဖြင့် ခြေစစ် ပွဲအောင်မြင်ခြင်းမရှိပေ။ 

ဧပြီအတွက် ထုတ်ပြန်သည့် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် အရ ကမ္ဘာ့နိုင်ငံများတွင် ဂျာမနီအသင်းက ကမ္ဘာ့အဆင့်(၁) နေရာ၌ ဆက်လက်ရပ်တည်နေပြီး ယင်းနောက်တွင် ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ စပိန်၊ ချီလီနှင့် ပိုလန်အသင်းတို့က အစဉ်လိုက်ရပ်တည်နေသည်။ အီရန်အသင်းက ကမ္ဘာ့အဆင့် (၃၆) ဖြင့် အာရှနိုင်ငံများတွင် ထိပ်ဆုံးမှ ဦးဆောင်ထားသည်။