ဒုတိယအကြိမ် ရုံတင်ပြသနေတဲ့ ‘ည’

 ‘ည’ရုပ်ရှင်ကို ပရိသတ်များ၏ တောင်းဆိုမှုကြောင့် ဒုတိယအကြိမ်ရုံတင်ပြသနေရှိပြီး စင်ကာပူနိုင်ငံတွင်လည်း သွားရောက်ပြသရန် အစီအစဉ်ရှိ ကြောင်း ဒါရိုက်တာထူးပိုင်ဇော် ဦးက ပြောသည်။

‘‘ညရုံတင်တုန်းက မကြည့် ရသေးတဲ့သူတွေကလည်း ဒီ တစ်လောမှာ ပြန်တင်ပေးဖို့တောင်း ဆိုတာများလာတယ်။ အကယ်ဒ မီပွဲပြီးတော့လည်း ညကိုကြည့် ချင်တဲ့ လူတွေက ၀ိုင်း Support ပေးတဲ့သူတွေ များလာတယ်။ တောင်းဆိုတာတွေများတဲ့အ တွက် ရုံဘက်ကလည်း ပြန်ပြပေး မယ်ဆိုပြီး ပြန်တင်ဖြစ်သွားတာ’’ ဟု ဒုတိယအကြိမ် ရုံတင်ဖြစ်သည့် အကြောင်းကို ၎င်းကပြောသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့တွင် Junction City , Mega Ace ကန်သာယာနှင့် Mega AceCapital, မန္တလေးမြို့တွင် JCGVရုပ်ရှင်ရုံတို့၌ ဧပြီ ၁၈ ရက်မှ ၂၆ရက်အထိ ပြသမည်ဖြစ်ပြီး မော်လမြိုင်မြို့ JCGV ရုပ်ရှင်ရုံတွင် ဧပြီ ၂၀ ရက် မှ ၂၆ ရက်အထိ ပြသမည် ဖြစ်သည်။

‘‘ဒီတစ်ခေါက်ကတော့ စင် ကာပူမှာလည်းပြဖို့ရှိတော့ အင်္ဂ လိပ် Subtitle က လုပ်ထားပြီး သားရှိတော့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသားတွေလည်း ကြည့် လို့အဆင်ပြေအောင် အင်္ဂလိပ် Subtitle ထပ်ထည့်ထားတာ’’ ဟု ထူးပိုင်ဇော်ဦးက ဒုတိယအကြိမ် ရုံတင်ပြသရာတွင် အင်္ဂလိပ်စာ တန်းထိုးထည့်သွင်းထားမှုကို ပြောသည်။

‘‘ဒီနေ့ကတော့ ရုံပထမဆုံးစ တင်တဲ့ရက်မှာ ပရိသတ်ကို Sur -prise ပေါ့။ ၃ နာရီပွဲစဉ်မှာ ရုံ ထဲကိုဝင်ပြီး နှုတ်ဆက်တာလုပ် ဖြစ်တာ။ Official Fan Meeting ကတော့ စနေ၊ တနင်္ဂနွေ တစ် ရက်ရက်မှာ လုပ်ဖြစ်မှာပါ’’ဟု ထူးပိုင်ဇော်ဦးက ပြောသည်။

ညရုပ်ရှင်သည် မျက်နှာသစ် သရုပ်ဆောင်များနှင့် ရိုက်ကူးပုံ ဖော်ထားသည့် ဇာတ်ကား ဖြစ်ပြီး ပထမအကြိမ်ရုံတင်ပြသ ချိန်က ပရိသတ်အားပေးမှုရရှိခဲ့ သည်။  အကယ်ဒမီပေးပွဲတွင် ဆန်ခါတင်စာရင်း၌ပင် ပါဝင်ခြင်း မရှိသည့်အပေါ် ဝေဖန်မှုများ ရှိခဲ့ သည်။

ထို့အပြင် ဥပါယ်တံမျဉ်ရုပ် ရှင်ကိုလည်း ဒုတိယအကြိမ် ရုံတင်ပြသနိုင်ရန် စီစဉ်နေပြီး ရက်အတိအကျ   ပြန်လည်ကြေညာ ပေးမည်ဖြစ်ကြောင်း ရုပ်ရှင်ရုံများ ၏    ဖေ့စ်ဘွတ်ခ်စာမျက်နှာများ တွင် ရေးသားထားသည်။