အေအက်ဖ်စီဖလားပြိုင်ပွဲ အာဆီယံဇုန်ဗိုလ်လုပွဲတက်ရန် မျှော်မှန်းဟု ရန်ကုန်နည်းပြဆို

 အေအက်ဖ်စီဖလားပြိုင် ပွဲတွင် မြန်မာလိဂ်ကလပ် ရန်ကုန် အသင်းအနေဖြင့် အာဆီယံဇုန် ဗိုလ်လုပွဲအဆင့် တက်ရောက်ရန် မျှော်မှန်းထားကြောင်း နည်းပြချုပ်ဦးမျိုးမင်းထွန်းကပြောသည်။

ဧပြီ ၁၁ ရက်က သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင်သည့် ၂၀၁၈ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု (ဆ) ပွဲစဉ် (၅) ၌ ရန်ကုန်အသင်း သည် အင်ဒိုနီးရှားကလပ် ဘာ လီယူနိုက်တက်ကို ၃-၂ ဂိုးဖြင့် အနိုင်ရပြီး လက်ကျန်တစ်ပွဲ ကျန် သေးသော်လည်း အုပ်စုပထမနေ ရာ၌ ရပ်တည်ကာ အာဆီယံဇုန် အကြို ဗိုလ်လုပွဲအဆင့်သို့ တက် ရောက်နိုင်ခဲ့သည်။ ရန်ကုန် အ သင်းသည် အေအက်ဖ်စီဖလား ပြိုင်ပွဲ ပုံစံသစ်ပြောင်းလဲ ကျင်းပ ပြီးနောက်ပိုင်း အာဆီယံဇုန်အကြို ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံး တက်ရောက်ခွင့်ရသည့် မြန်မာ ကလပ်အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

‘‘ကျွန်တော်တို့အသင်းကို တခြားသူတွေက အုပ်စုအဆင့်မှာ ကျန်ခဲ့မယ်ပဲ ထင်နေကြတာ။ ဒါ ပေမဲ့ ကျွန်တော်တို့အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်။ ခုဆီမီးအ ဆင့်ကိုတော့ ရောက်ပြီ။ နောက် ထပ်တစ်ပွဲချင်းကို အကောင်းဆုံး ပြင်ဆင်မယ်။ ခုဆီမီးကနေ အာ ဆီယံဇုန် နောက်တစ်ဆင့် ဗိုလ်လု ပွဲတက်ဖို့ မျှော်မှန်းပြီး ကြိုးစား သွားပါမယ်’’ ဟု ဦးမျိုးမင်းထွန်း က ပြောသည်။

အာရှဘောလုံးအဖွဲ့ချုပ် (အေအက်ဖ်စီ) သည် ပြိုင်ပွဲဝင်အ သင်းအရေအတွက်များပြားသည့် အာဆီယံဇုန်နှင့် အနောက်အာရှ ဇုန်ကို ဇုန်အလိုက် အကြိုဗိုလ်လု ပွဲများ ပြန်လည်ယှဉ်ပြိုင်စေပြီး ဇုန်အလိုက်ဗိုလ်စွဲသည့် အသင်း နှစ်သင်းသည် နောက်ဆုံးအဆင့် သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရ မည်ဖြစ်သည်။

အာဆီယံဇုန်တွင် အုပ်စု (စ၊ ဆ၊ ဇ)၊ အနောက်အာရှဇုန်တွင် အုပ်စု (က၊ ခ၊ ဂ) တို့ပါဝင်နေပြီး လက်ရှိအချိန်အထိ ယင်းဇုန်နှစ်ခု ၌ အကြိုဗိုလ်လုပွဲတက်ရောက်နိုင်သည့် အသင်းအဖြစ် ရန်ကုန်အသင်းတစ်သင်းသာ ထွက်ပေါ်သေးသည်။

အာဆီယံဇုန် အကြိုဗိုလ်လု ပွဲအဆင့်၌ တွေ့ဆုံနိုင်မည့် အခြား အုပ်စုမှ ပြိုင်ဘက်အသင်းများကို လေ့လာထားကြောင်း ရန်ကုန်အ သင်းနည်းပြချုပ်က ဆိုသည်။

အေအက်ဖ်စီဖလားပြိုင်ပွဲ အာဆီယံဇုန် အုပ်စုသုံးခုမှ အမှတ်အများဆုံး သုံးသင်းနှင့် အကောင်း ဆုံးဒုတိယအသင်းတို့ အကြိုဗိုလ် လုပွဲအဆင့် တက်ရောက်မည်ဖြစ် သည်။ ၂၀၁၈ အေအက်ဖ်စီ ဖလားပြိုင်ပွဲ အုပ်စု (ဆ) ပွဲစဉ် (၅) အပြီးတွင် ရန်ကုန်အသင်းက ရမှတ် ၁၂ မှတ်ဖြင့် အုပ်စုထိပ်ဆုံး၌ ဦးဆောင်ထားပြီး အာဆီယံဇုန်အကြိုဗိုလ်လုပွဲအဆင့်သို့  အစောဆုံးတက်ရောက်နိုင်ခြင်းဖြစ်သည်။