မြန်မာ့ဘောလုံးလောကနှင့်ရင်းနှီးသည့် ပြည်ပနည်းပြကို ရှမ်းအသင်း ဦးစားပေး ရှာဖွေနေဟုဆို

 မြန်မာလိဂ် လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း သည် လစ်လပ်နေသည့် နည်းပြ ချုပ်နေရာအတွက် မြန်မာဘော လုံးလောကနှင့် ရင်းနှီးသည့် ပြည်ပနည်းပြကို ဦးစားပေးရှာဖွေ နေကြောင်း အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှမ်းယူနိုက်တက်သည် နည်း ပြချုပ် ဦးစိုးမြတ်မင်းနှင့် မတ်လ အတွင်းက နှစ်ဖက်သဘောတူ လမ်းခွဲပြီးနောက် နည်းပြတစ်ဦး နှင့် နည်းစနစ်ဒါရိုက်တာတစ်ဦး တို့ကို အမြန်ဆုံး ခန့်အပ်နိုင်ရန် စီစဉ်နေသည်။

‘‘နည်းပြချုပ်အသစ် ခန့်အပ် ဖို့အတွက် စီစဉ်နေပါတယ်။ လက်ရှိမှာ ပြည်ပနည်းပြငါးဦး လောက်ကို အေးဂျင့်ကတစ်ဆင့် ဆက်သွယ်နေတာရှိပါတယ်။ ဘယ်သူ့ကိုခန့်မလဲဆိုတာတော့ အသင်းပိုင်ရှင်တွေပဲ ဆုံးဖြတ်မှာ ပါ။ အသင်းမှာရှိတဲ့ ပြည်ပကစား သမားတွေနဲ့ ပြည်တွင်းကစား သမားတွေ အကောင်းဆုံး ပေါင်း ဖက်နိုင်မယ့် နည်းပြကိုပဲ ရွေးမှာ ပါ။ အခု ခန့်မယ့်နည်းပြက မြန်မာ့ဘောလုံးလောကနဲ့ ရင်းနှီးတဲ့ နည်းပြဖြစ်ရင်တော့ ပိုကောင်းမှာပါ’’ဟု ရှမ်းအသင်း တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ရှမ်းအသင်းကို လက်ထောက်နည်းပြ ဦးအောင်ကျော်ထွန်းက ယာယီနည်းပြချုပ်အဖြစ် တာဝန်ယူနေသည်။