ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၁ အသင်း လူစာရင်းထွက်ပေါ်

ချစ်ဝိုင်း

ရန်ကုန် - ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၁ အသင်း၏ အပြီးသတ်ကစား သမား ၁၈ ဦး ရွေးချယ်ခဲ့သည်။

ဧပြီ ၂၃ ရက်မှ မေလ ၄ ရက်အထိ ဘရူနိုင်းနိုင်ငံက အိမ်ရှင်အ ဖြစ် လက်ခံကျင်းပမည့် အဆိုပါ ပြိုင်ပွဲကို အသင်းခုနစ်သင်းဖြင့် အုပ်စုနှစ်စုခွဲကာ ကျင်းပမည်ဖြစ်သည်။ မြန်မာယူ-၂၁ အသင်းသည် အုပ်စု (က) တွင် အိမ်ရှင်ဘရူနိုင်း၊ ထိုင်း၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။ အုပ်စု (ခ) တွင် စင်ကာပူ၊ လာအိုနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်သည်။

မြန်မာအသင်းသည်  ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ဧပြီ ၂၁ ရက်တွင် ဘရူနိုင်းနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များအဖြစ် ဧပြီ ၂၄ ရက်တွင် ထိုင်းအသင်း၊ ၂၇ ရက်တွင် တီမောနှင့် ၃၀ ရက်တွင် ဘရူနိုင်းအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာယူ-၂၁ အသင်းကို ၂၀၁၉ ဆီးဂိမ်းအတွက် ရည်ရွယ် ဖွဲ့စည်းထားပြီး နည်းပြချုပ် ဦးကြည်လွင်က ကိုင်တွယ်နေသည်။ အဆိုပါအသင်းသည် ဒီဇင်ဘာတွင် ကျင်းပမည့် ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲသို့  ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာယူ-၂၁ အပြီးသတ်ကစားသမားစာရင်း

ဂိုး-ဘုန်းသစ္စာမင်း၊ ထွန်းနန္ဒာဦး

နောက်တန်း-သန်းထိုက်ဇင်၊ ကျော်သူထွန်း၊ ၀င်းမိုးကျော်၊ သူရိန်စိုး၊ ရဲရင့်အောင်၊ သက်ပိုင်ထွေး၊ စိုးမိုးကျော်

အလယ်တန်း-မြတ်ကောင်းခန့်၊ စိုးလွင်လွင်၊ မြတ်ထွန်းသစ်၊ ဟိန်းထက်အောင်၊ လွင်မိုးအောင်

ရှေ့တန်း-၀င်းနိုင်ထွန်း၊ ဇင်မင်းထွန်း၊ အောင်ကောင်းမာန်၊ ပြည့်စုံနိုင်