အသက်မပြည့်သည့် မိန်းကလေးကို ခိုးယူပေါင်းသင်းမှုဖြင့် ထောင်ဒဏ်နှစ် ၂၀ ချခံရ

အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူကာ သားမယားအဖြစ် ပေါင်းသင်းခဲ့ သည့် (၃၇)နှစ်အရွယ် အမျိုးသားကို ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သည်။

အဆိုပါ အမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးရှိ ဒုတိယ ခရိုင်တရားသူကြီး (၇)က တာဝန် ယူစစ်ဆေးပြီး တရားလိုပြသက် သေ၊ တရားခံပြသက်သေများကို စစ်ဆေးကာ စွဲချက်တင်သည့် ပုဒ်မနှစ်ခုဖြင့် ဧပြီ ၁၉ ရက်တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။

တရားခံသက်ဇော်ဝေ(ခ) တရုတ်ကြီးကို သားမယားပြုကျင့် မှုပုဒ်မ ၃၇၆ အရ အလုပ်ကြမ်း နှင့် ထောင်ဒဏ်အနှစ် ၂၀ ၊ လူခိုး မှုပုဒ်မ ၃၆၃ အရ အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်နှစ်ရပ် တပေါင်းတည်းကျခံစေရန် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

၂၀၁၇ ဧပြီ ၁၁ ရက် ညနေ က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့ နယ်တွင် နေထိုင်သည့် မိန်းက လေးသည် ၎င်း၏သူငယ်ချင်းနေထိုင်သည့် သုံးခွမြို့နယ်သို့ အလည်လိုက် သွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

 ထို့နောက် ဧပြီ ၁၂ ရက်တွင် မိန်းကလေးသည် နေအိမ်သို့ပြန် လည်ရောက်ရှိမလာသဖြင့် မိဘ များက ၎င်း၏သူငယ်ချင်းထံ ဖုန်းဆက်မေးရာ ပြန်သွားပြီဖြစ် ကြောင်း ပြောပြသိရှိသဖြင့် လိုက်လံစုံစမ်းရာ ဧပြီ ၁၇ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် (၉၁) ရပ်ကွက်နေ သက်ဇော်ဝေ၏နေအိမ်တွင် တွေ့ရှိသဖြင့်  ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ထို့နောက် မိန်းကလေးငယ် ကို ဖြစ်စဉ်နှင့်ပတ်သက်၍ မေး မြန်းရာ ဧပြီ ၁၂ ရက်တွင် တရား ခံသက်ဇော်ဝေက မိန်းကလေးငယ် အား  သာကေတအ၀ိုင်းထိပ်သို့ လာခဲ့ရန် ဖုန်းဆက်ချိန်းဆိုသဖြင့် သွားရောက်ပြီး  ကမာကြည်တံ တားအနီးရှိ တည်းခိုခန်းတစ်ခု တွင် သက်ဇော်ဝေနှင့်အတူ ပေါင်းသင်းနေထိုင်ခဲ့သည်ဟု မိဘများကို ပြောပြခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

သက်ဇော်ဝေ(ခ)တရုတ် ကြီးကို အရေးယူပေးရန် မိန်းက လေးငယ်၏ မိခင်ကတရားလိုပြု တိုင်တန်းသဖြင့် သာကေတနယ် မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ခဲ့သည်။