ကျပ်တစ်သောင်းတန်အတုဖြင့် ကွမ်းဝယ်စားရာက ငွေအတု ပြုလုပ်နေသူများ ဖမ်းမိ

ကျပ်တစ်သောင်းတန် အတုဖြင့် ကွမ်းဝယ်စားရာက ငွေ စက္ကူအတုပြုလုပ်သည့် စက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း နိုင်ခဲ့သည့်အမှု ပဲခူးတိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း ကညွတ်ကွင်း နယ်မြေရဲစခန်း စခန်းမှူးက ပြော သည်။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ်အတွင်းရှိ သနပ်ကွင်းကျေး ရွာနေ မမာမြင့်ဆို သူ၏ဈေးဆိုင်သို့ ဧပြီ ၁၈ ရက် ည ၇ နာရီခွဲခန့်က အမျိုးသားသုံးဦးရောက်ရှိလာ ကာ ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုဖြင့် ဈေးလာဝယ်ခဲ့ ကြောင်း ၎င်းကရှင်းပြသည်။

‘‘သူတို့က သနပ်ကွင်းရွာက ဈေးဆိုင်မှာ ကွမ်းဝယ်တာ။ အဲဒီ ဆိုင်က အမျိုးသမီးက ပိုက်ဆံအ ရောင်ကလည်း မှိန်နေတော့ မသင်္ကာဖြစ်ပြီး ကျေးရွာအုပ်ချုပ် ရေးမှူးကတစ်ဆင့် ကျွန်တော်တို့ ဆီအကြောင်းကြားလို့သွားပြီး စစ် လိုက်တာကနေ ဖမ်းမိတာ’’ ဟု ကညွတ်ကွင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်စန်းဦးက ပြောသည်။

ဈေးလာဝယ်သူများသည် ကျောက်တံခါးမြို့နယ်နေ အသက်(၂၄)နှစ်အရွယ် ဖြိုးလင်း၊ (၂၅)နှစ်အရွယ် ဖြိုးအောင်နှင့် (၄၀)နှစ်အရွယ် ဦးခင်မောင်မြင့် တို့ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့က ဖမ်းမိသူသုံးဦး ကို စစ်ဆေးရာ ဖြိုးလင်းဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီ ညာဘက်အိတ်အတွင်း  ကျပ်တစ် သောင်းတန်အတု အရွက် ၄၀၊ ဖြိုး အောင်၏ဂျင်းဘောင်းဘီအိတ် အတွင်း ကျပ်တစ်သောင်းတန် အတု နှစ်ရွက်တို့နှင့်အတူ ၎င်းတို့ စီးလာသည့် ဆိုင်ကယ်ကိုသိမ်း ဆည်းခဲ့ကြောင်း စခန်းမှူးကဆက် လက်ပြောသည်။

၎င်းတို့သုံးဦးကို ဆက်လက်စစ်ဆေးရာ အဆိုပါ ငွေစက္ကူအ တုများသည် တောကျွဲအင်းမြို့နေ ဦးဘိုဘိုနိုင်နေအိမ်က  ယူလာကြောင်း ပေါ်ပေါက်သဖြင့် ဦးဘိုဘိုနိုင် အလုပ်လုပ်ကိုင်သည့် အုတ်ကွင်းသို့ သွားရောက်စစ်ဆေးခဲ့သည်။ထိုသို့ ရှာဖွေရာ အုတ်ကွင်း အတွင်းရှိ လူနေတဲအတွင်း ငွေ စက္ကူအတုပြုလုပ်သည့် အဖြူ ရောင် Color Printer Copyer တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့သည်။ ကျပ်တစ်သောင်းတန်ငွေစက္ကူအတု ပြုလုပ်သုံးစွဲမှုနှင့်ပတ်သက်ပြီး အမျိုးသားလေးဦးကို ကညွတ်ကွင်းနယ်မြေရဲစခန်းက ဗဟိုဘဏ်ဥပဒေပုဒ်မ  ၁၀၅/၁၀၆ ဖြင့်  အမှုဖွင့်ဖမ်းဆီးအရေးယူခဲ့သည်။