ထိုင်းကျောင်းသူအသတ်ခံရမှုဖြင့် မြန်မာလုပ်သားလေးဦးကို ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်

တစ်ဦးသည် ချုပ်ရက်များဖြင့် ပြစ်ဒဏ်စေ့၍ လွတ်မြောက်လာ

ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရ သော မြန်မာလုပ်သားလေးဦးကို အပြစ်ရှိသည်ဆိုကာ ထိုင်းတရားသူကြီးက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ရှစ်နှစ်အထိ ချမှတ်ပြီး ဒဏ်ငွေ ဘတ် ၁၆ သိန်းကျော် (ကျပ်ငွေသိန်း ၇၀၀ နီးပါး)ချမှတ် ခဲ့သည်။ဧပြီ ၁၉ ရက်တွင် ရနောင်း မြို့ ထိုင်းတရားရုံး၌ ဖမ်းဆီးခံမြန် မာလုပ်သားလေးဦးအနက် အ သက်မပြည့်သေးသည့်  မိုးဇင် အောင်နှင့် ကျော်စိုးဝင်းကို သီးခြားအမိန့်ချမှတ်ပြီး စိန်ကတုံးနှင့် ဝေလင်းကို ထိုင်းတရားသူကြီးက သီးခြားအမိန့်ချမှတ်ခဲ့သည်။

မိုးဇင်အောင်ကို ထောင်ဒဏ်လေးနှစ်နှင့် ဒဏ်ငွေ ဘတ် ရှစ်သိန်းတစ်သောင်း (ကျပ်ငွေသိန်း ၃၇၀) ပြစ်ဒဏ်ချမှတ်ပြီး ကျော်စိုး ၀င်းကို ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ် ငွေဘတ် နှစ်သိန်းခုနစ်သောင်း (ကျပ်သိန်း ၁၀၀ ကျော်)ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထို့အပြင် စိန်ကတုံးကို ထောင်ဒဏ် ရှစ်နှစ်နှင့် ဝေလင်းကို ထောင်ဒဏ် ခြောက်နှစ်ချမှတ်ပြီး ၎င်းတို့နှစ်ဦးကို ဒဏ်ငွေဘတ် ငါးသိန်းခုနစ်သောင်း (ကျပ်သိန်း ၂၀၀ ကျော်)ချမှတ်ခဲ့ကြောင်း ရနောင်းလူသတ်မှုအရေးကူညီပေးနေသော ထိုင်းအခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED အဖွဲ့ဝင် ကိုမင်းဦးက ပြောသည်။

ချုပ်ရက်များခံစားခွင့်ပြု သောကြောင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည့် မြန်မာလုပ်သား ကျော်စိုးဝင်းသည် ယမန်နေ့တွင် ပင် လွတ်မြောက်လာသည်။ သို့ သော် ထိုင်းဥပဒေအရ အသက်မ ပြည့်သေးသူ ထောင်ချခံရပါက အသက် (၁၈) နှစ်ပြည့်လျှင် လွတ် မြောက်ခွင့်ရှိ၍ ထောင်လေးနှစ် ချမှတ်ခံရသော မိုးဇင်အောင်သည် အောက်တိုဘာတွင် (၁၈) နှစ်ပြည့်မည်ဖြစ်၍ နောက်ထပ်ခြောက်လအကြာတွင် လွတ် မြောက်မည်ဟု ကိုမင်းဦးက ပြောသည်။ မြန်မာလုပ်သားလေးဦးအ တွက် တစ်လအတွင်း အယူခံဝင် မည်ဟု ကိုမင်းဦးက ဆက်လက်ပြောကြားသည်။

‘‘ဒီအမိန့်ကတော့ ကျွန်တော် တို့အတွက် တရားမျှတတယ်လို့ မထင်ဘူး။ ထိုင်းတရားသူကြီးက တရားလိုဘက်က တင်ပြတာတွေ ကိုပဲ ကြည့်ပြီး အမိန့်ချသွားတယ် လို့ မြင်တယ်’’ဟု ကိုမင်းဦးက ပြောသည်။ ထိုင်းနိုင်ငံတောင်ပိုင်း ရ နောင်းမြို့တွင် ၂၀၁၅ စက်တင် ဘာ ၂၈ ရက်က (၁၈) နှစ်အရွယ်ထိုင်းကျောင်းသူတစ်ဦးကို မိုးဇင်အောင်၊ ကျော်စိုးဝင်း၊ စိန်ကတုံးနှင့် ဝေလင်းတို့က ဓားဖြင့် ၁၇ ချက်ထိုးသတ်ခဲ့သည်ဟူသော သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်၌ ဖမ်းဆီးခဲ့သည်။