ဖိလစ်ပိုင်ရဲမှူးချုပ်သစ်က မူးယစ်ဆေးဝါးနှိမ်နင်းမှု ဆက်လုပ်မည်ဟု ကြွေးကြော်

ဧပြီ ၁၉ ရက်က ဖိလစ်ပိုင်သမ္မတ ဒူတာတီ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုနေသော ရဲမှူးချုပ်အသစ် အယ်လ်ဘာယယ်ဒီကို တွေ့ရစဉ် (Bullit Marquez/AP)

ဖိလစ်ပိုင်၏ အသစ်စက် စက်ခန့်ထားခံရသော ရဲမှူးချုပ်က သမ္မတရိုဒရီဂိုဒူတာတီ၏ ပြင်းထန်သော မူးယစ်ဆေးဝါးနှိမ်နင်းမှုများ အတွင်း လူသေဆုံးမှုနှင့်ပတ်သက် ၍ နိုင်ငံတကာက ပြစ်တင်ရှုတ်ချ မှုများ ထပ်မံပြုလုပ်ထားသော် လည်း ယင်းမူးယစ်ဆေးစစ်ပွဲကို ဆက်လက်ဆင်နွှဲမည်ဟု ကြွေး ကြော်သည်။

ကြာသပတေးနေ့က ကျမ်း သစ္စာကျိန်ဆိုခဲ့သော ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အိုစကာ အယ်လ်ဘာယယ်ဒီသည် လွန်ခဲ့ သော ၂ နှစ်က ဒူတာတီအာဏာရ ပြီးနောက်ပိုင်း လူထောင်ချီ သေ ဆုံးစေခဲ့သည့် မူးယစ်ဆေးဝါးနှိမ် နင်းမှုများကို ဦးဆောင်မည်ဖြစ် သည်။


ရဲမှူးချုပ်အဖြစ် ပထမဆုံး ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် အယ်လ်ဘာယယ်ဒီက ‘‘မူး ယစ်ဆေးဝါးစစ်ပွဲကို ဘယ်လို ဆက်လုပ်မလဲ။ အဲဒါကို ဆက် လုပ်ဖို့ ကျွန်တော်တို့ ဘာမှပြောင်း လဲမှာ မဟုတ်ပါဘူး’’ဟု သတင်း ထောက်များအား ပြောကြား သည်။

ပြင်းထန်သော မူးယစ်ဆေး ဝါးနှိမ်နင်းရေး စတင်ရန် ဒူတာတီ ကို ကူညီပေးခဲ့ပြီးနောက် ယခု သီတင်းပတ်အတွင်း သူရဲကောင်း ဂုဏ်ပြုဆုများနှင့်အတူ အငြိမ်း စားယူသွားသော ရော်နယ်ဒိုဒယ် လာရိုဆာ၏ တာဝန်ကို အယ်လ် ဘာယယ်ဒီက လွှဲပြောင်းရယူခဲ့ သည်။

လူ ၅၈ ဦးကို ဖမ်းဆီးမှုဆီသို့ ဦးတည်သော ရှင်းလင်းမှုတစ်ခု အတွင်း မူးယစ်ဆေးဝါးသံသယ ရှိသူဟုဆိုသူ ၁၃ ဦးကို ရဲတပ်ဖွဲ့ က သတ်ပစ်ခဲ့ကြောင်း ဧပြီ ၂၀ ရက်က ကြေညာသည်။

ဥရောပသမဂ္ဂက ဖိလစ်ပိုင် ၏ မူးယစ်ဆေးဝါးနှိမ်နင်းမှုကို ရှုတ်ချပြီး ဖိလစ်ပိုင်က ပြန်လည် ဝေဖန်စဉ် အယ်လ်ဘာယယ်ဒီ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးနှိမ်နင်းမှုများ အတွင်း လူ ၄,၁၀၀ သေဆုံးခဲ့ သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုထား စဉ် အမှန်တကယ် သတ်ဖြတ်ခံ ရသူ အရေအတွက်သည် ယင်းထက် သုံးဆများနိုင်သည်ဟု လူ့ အခွင့်အရေးအဖွဲ့များက ပြောဆို ထားသည်။

လူ့အသိုင်းအဝိုင်းမှ မူးယစ် ဆေးဝါး ရာဇဝတ်ကောင်များ ကင်းစင်ရေး လူတစ်သိန်းကိုသတ်ပစ်ရန် မဲဆွယ်ကတိပေးခဲ့ပြီးနောက် ဒူတာတီသည် ၂၀၁၆ ဇူလိုင်က နှိမ်နင်းမှုများ စတင်ခဲ့ သည်။               

—Ref: AFP