ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံများနှင့် ဘင်္ဂါလီအချို့ကို အာဆာအကြမ်းဖက်အဖွဲ့က နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေဟုဆို

 ဘူးသီးတောင်မြို့ နယ်ရှိ တိုင်းရင်းသားကျေးရွာအ ချို့မှ ဒေသခံများနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်နေသော ဘင်္ဂါလီအချို့ကို အာဆာ(ARSA) အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက် နေကြောင်း ဘူးသီးတောင် မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သောင်း ရွှေက ပြောသည်။

အာဆာအကြမ်းဖက်အဖွဲ့ သည် ဒေသခံတိုင်းရင်းသားအချို့ နှင့် ဘင်္ဂါလီအချို့ကို ဖုန်းဆက် ခြိမ်းခြောက်ခြင်း၊ မက်ဆေ့ခ်ျပို့ ခြိမ်းခြောက်ခြင်းနှင့် ရွာအနီးရှိ နေရာ အချို့တွင် စာကပ်ခြိမ်း ခြောက်ခြင်းတို့ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။

‘‘မင်းတို့ရွာမှာ မနေနဲ့၊ မင်း တို့ကို သတ်ဖို့ရှိတယ်။ ဘေးလွတ် ရာကို ပြေးကြတော့ဆိုပြီးတော့ ဖုန်းဆက်ခြိမ်းခြောက်တယ်’’ဟု ခြိမ်းခြောက်ခံရသူ ဦးသန်းဝင်းက ပြောသည်။

အာဆာအကြမ်းဖက်အဖွဲ့ က ခြိမ်းခြောက်ခဲ့သူများတွင် သပြေတောင်ကျေးရွာအုပ်ချုပ် ရေးမှူး အပါအ၀င် ဒေသခံသုံး ဦး၊ အင်းဖောက်ရွာခံတစ်ဦး၊ ထင် ရှားပြင်ဘင်္ဂါလီကျေးရွာမှ ကျေး

ရွာဒုတိယတာဝန်ခံနှင့် ရာအိမ်မှူးတို့ပါဝင်ကြောင်း ဦးအောင်သောင်းရွှေက ဆိုသည်။

ယင်းသို့ အာဆာအဖွဲ့၏ ခြိမ်းခြောက်ခြင်း ခံနေရသော ကျေးရွာများသို့ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ ၀န်ရှိသူအချို့နှင့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တို့ ဧပြီ ၁၈ ရက်က အဆိုပါ ကျေးရွာများသို့ သွားရောက်ကာ ခြိမ်းခြောက်ခံရမှု အခြေအနေများ လေ့လာခဲ့သည်။ ဘူးသီးတောင်မြို့နယ်တွင် ၂၀၁၆ အကြမ်းဖက်မှု ဖြစ်စဉ် နောက်ပိုင်း အကြမ်းဖက် အဖွဲ့၏ ခြိမ်းခြောက်မှု ခံနေရပြီး ယင်းသို့ ခြိမ်းခြောက်မှုများရှိပါက သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားရန် ကြေညာစာများ ထုတ်ပြန်ထားသည်။