လီဗန်တေးကို နောက်ဆုံးမိနစ်ဂိုးဖြင့် ရှုံးပြီး မာလာဂါအသင်း ၁၀ နှစ်အတွင်း ပထမဆုံးတန်းဆင်း

အမ်မန်နျူရယ် ဘို အာတိန်း၏ နောက်ဆုံးမိနစ်သွင်း ဂိုးကြောင့် လီဗန်တေးကို ၁-၀ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သော မာလာဂါအ သင်းသည် ၁၀ နှစ်အတွင်း ပထမ ဆုံးအကြိမ်အဖြစ် စပိန်လာလီဂါ မှ တန်းဆင်းပြီး ဒုတိယတန်းလိဂ် တွင် ယှဉ်ပြိုင်ရတော့မည်ဖြစ် သည်။


လာလီဂါ ၃၃ ပွဲမှ ၁၇ မှတ်ရ ထားသော မာလာဂါ၏ လက်ကျန် ငါးပွဲအလိုတွင် တန်းမဆင်းရရေး မျှော်လင့်ချက်သည် အိုအာတိန်း ၏ နာကျင်အချိန်ပို သွင်းဂိုးကြောင့် အဆုံးသတ်ခဲ့ရသည်။

၂၀၀၈ ကတည်းက လာလီ ဂါတွင် တစ်ဆက်တည်း ယှဉ်ပြိုင် ခွင့်ရခဲ့သော မာလာဂါသည် လွန် ခဲ့သော ငါးနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့ပြီး ဒေါ့မွန်ကို နှစ်ကျော့ ပေါင်း ၃-၂ ဂိုးရလဒ်ဖြင့် ရှုံးကာ ထွက်ခဲ့ရသည်။

ပွဲအစတွင် မာလာဂါသည် အိမ်ရှင်လီဗန်တေးကို ခြေစွမ်းအ သာဖြင့် ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း လီဗန်တေးဂိုးသမား အိုလာဇ ဘယ်က လက်စွမ်းပြ ကာကွယ်ခဲ့ သည်။

လာမည့်ရာသီတွင် ဒုတိယ တန်း၌ ကစားရမည့် အရေးနှင့် ပတ်သက်၍ မာလာဂါနည်းပြ ဂွန် ဇာလက်ဇ်လိုပက်ဇ်က မိမိတို့ သည် လီဗန်တေးနှင့်ပွဲတွင် နောက်ကျဂိုးခွင့်ပြုခဲ့ရခြင်းသည် ကံမ ကောင်းခြင်းဖြစ်ပြီး မကြာမီ လာ လီဂါ၌ ပြန်ကစားနိုင်ရန် ကြိုး ပမ်းမည်ဟု ပြောသည်။

—Ref:As/Marca