ဇာတ်လမ်းတွဲအသစ်နှစ်ခုနဲ့ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ မေမြင့်မိုရ်

 ပုဂံတွင် သုံးလခန့်အချိန် ယူ ရိုက်ကူးခဲ့သည့် ‘ပုဂံမြို့သူ’ ဇာတ်လမ်းတွဲသည် ပရိသတ်များ အချိန်ပေး ကြည့်ရသည်နှင့် တန်သည့် ဇာတ်ကားဖြစ်မည်ဟု မေမြင့်မိုရ်က ပြောသည်။

‘‘ညီမတို့ တော်တော်ကြိုးစား ထားတယ်။ ချောက်ကမ်းပါးက ခုန်ချတဲ့ဆင်းန်တွေလည်း ပါ တယ်။ ဆင်းန်တိုင်းကို ဘယ်လို လုပ်ရမယ်ဆိုတာ ဦးမောင်(ဒါ ရိုက်တာကျော်သူ) က သေချာ သင်ပေးတယ်။ ညီမက နှစ်ဘ၀ သရုပ်ဆောင်ရတာ’’ဟု ၎င်းက ပြောသည်။

ယင်းဇာတ်လမ်းတွဲကို ဒါရိုက်တာကျော်သူက  ရိုက်ကူးပြီး ဒေါင်းနှင့်  မေမြင့်မိုရ်တို့  အဓိကပါဝင်သရုပ်ဆောင်ထားသည်။

‘‘ပုဂံမြို့သူက ညီမအတွက်ထူးထူးခြားခြား ဇာတ်လမ်းတွဲလေးဖြစ်မယ်လို့ ထင်တယ်။ ညီမအရင် က ရိုက်ဖူးတဲ့ ဇာတ်ကားတွေနဲ့ လည်း မတူဘူး။ ပုဂံမှာလည်း သွားရိုက်ထားတယ်။ ပုဂံခေတ် ရော၊  ဒီခေတ်ရောပါတယ်။ ပြီး တော့ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ် လမ်း၊ ဇာတ်ညွှန်းကလည်း အရမ်း ကောင်းတဲ့အတွက် ညီမကိုယ် တိုင်လည်း အရမ်းကြိုက်တယ်’’ ဟု မေမြင့်မိုရ်က ပြောသည်။

ယင်းဇာတ်လမ်းတွဲကို ယခု  နှစ်လယ်ပိုင်းတွင် MRTV 4  ရုပ် သံလိုင်းမှ ပြသမည်ဖြစ်သော ကြောင့် ရိုက်ကူးချိန်နှင့် ကွာဟမှု မရှိသလို ပရိသတ်များနှစ်သက် မည်ဟု ယူဆကြောင်း ၎င်းကဆို သည်။

‘‘မေလထဲမှာ ညီမရဲ့ ‘အရိပ်’ ဇာတ်လမ်းတွဲစပြမှာ။ အဲဒီအ တွက်လည်း ရင်ခုန်နေတယ်။ ပုဂံ မြို့သူက နှစ်လယ်ပိုင်းမှာ ပြမှာဆို တော့ ဒီနှစ်မှာညီမက ဇာတ်လမ်း တွဲတွေနဲ့ ရင်ခုန်စရာများနေတာ ပေါ့’’ဟု ၂၀၁၈  အတွင်း ၎င်းပါ ၀င်သရုပ်ဆောင်ထားသည့် ဇာတ် လမ်းတွဲများ ထုတ်လွှင့်ပြသမည့် အပေါ် ခံစားချက်ကို ပြောသည်။

အရိပ်ဇာတ်လမ်းတွဲတွင် ၀ါရင့်အနုပညာရှင်များနှင့်အတူ ပါဝင်သရုပ်ဆောင်ထားပြီး ၎င်းသရုပ်ဆောင်နေကျမဟုတ် သည့် ကာရိုက်တာမျိုးဖြစ်ကြောင်း ဆို သည်။

အရိပ်ဇာတ်လမ်းတွဲသည် တစ်ခေတ်တစ်ခါက သရုပ်ဆောင်ပန်း ဖြူ၏ အောင်မြင်ကျော်ကြားခဲ့ သော ရုပ်ရှင်ကိုပြန်လည်ရိုက်ကူး ခြင်းဖြစ်ပြီး မစန္ဒာ၏ ၀တ္ထုဖြစ် ကာ ယင်းဇာတ်ကားဖြင့် ပန်းဖြူ အကယ်ဒမီထူးချွန်ဆု ရရှိခဲ့သည်။