သန်လျင်တံတားခံနိုင်ဝန်လျော့ကျလာသည်မှအပ လတ်တလောအရေးတကြီးပြုပြင်စရာ တံတားမရှိသေးဟုဆို

သန်လျင်တံတားပေါ်တွင် ကားများ ဖြတ်သန်းသွားလာနေစဉ် (ဓာတ်ပုံ - နစ်ကီ)

ရန်ကုန်တိုင်းတွင် ခံနိုင် ၀န်ပြန်လည်စစ်ဆေးရန် တံတား ကိုးစင်းရှိပြီး သန်လျင်တံတား၌ ခံနိုင်ဝန်လျော့ကျလာသည်မှအပ လတ်တလောအရေးတကြီးပြု ပြင်စရာတံတားများမရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက ပြောကြားသည်။


ရန်ကုန်မြို့ UMFCCI တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌ ရန်ကုန်တိုင်းအတွင်းတံတား များပြုပြင်စစ်ဆေးမှုနှင့်ပတ်သက် ပြီး မီဒီယာများ၏မေးမြန်းချက်ကို ဖြေကြားခြင်းဖြစ်သည်။

‘‘တံတားတွေကို နှစ်စဉ်ပုံမှန် စစ်ဆေးနေပါတယ်။ ရန်ကုန်မှာရှိ တဲ့ တံတားကိုးစင်းကိုအခုထပ်စစ် ဆေးမှာပါ။ အရှေ့ပိုင်းမှာတော့ သန်လျင်တံတားက ကြံ့ခိုင်မှုအား နည်းနေတဲ့အချိန်ရှိပါတယ်။ ပိုပြီး ကြံ့ခိုင်မှုကောင်းအောင် လုပ်နေ ပါတယ်’’ ဟု ၀န်ကြီးချုပ်က ပြော သည်။

တံတားများ တန်ပိုမဖြတ် သန်းနိုင်ရေး တံတားကြေးကောက်ခံမှု ဖျက်သိမ်းပြီး ကုန်တင်ယာဉ် များကို အာဆီယံဝင်ရိုးဖြစ်နိုင်ရန် ဆောင်ရွက်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်-သန်လျင်တံတား သည် တရုတ်-မြန်မာချစ်ကြည် ရေးအနေဖြင့် တည်ဆောက်သည့် တံတားဖြစ်သည်။ ဦးဖြိုးမင်းသိန်း က ၀န်ကြီးချုပ်ရာထူးကိုတာဝန် ယူသည့်ကာလအတွင်း သဲနှင့် ကျောက်စရစ် ထုတ်ယူမှုများ ကြောင့် တံတားအောက်ခြေတွင် ချိုင့်ဖြစ်၍ ထိုလုပ်ငန်းများကို တားမြစ်ခဲ့ရသည်ဟုဆိုသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ချေးငွေဖြင့် ထိုနေရာတွင် တံတားအသစ်တစ်စင်းဆောက် လုပ်ရန်စီစဉ်နေသည်။

ဧရာဝတီတိုင်းမှ သက်တမ်း နှစ် ၂၀ ရှိ မြောင်းမြကြိုးတံတား သည် ဧပြီ ၁ ရက်က ပြတ်ကျမှု ကြောင့် လူနှစ်ဦးသေဆုံးခဲ့သည်။ မြောင်းမြတံတားနှင့်သက်တမ်း တူကြိုးတံတား ၂၉ စင်းရှိပြီး ယင်း တို့ကို ဂျပန်၊ တရုတ်ပညာရှင် များနှင့် စစ်ဆေးမည်ဟုဆိုသည်။

သမ္မတဦးဝင်းမြင့်၏ နှစ်သစ် ကူးမိန့်ခွန်းတွင် အဆိုပါ ကြိုးတံ တား ၂၉ စင်းကို ဂျပန်၊ တရုတ် ပညာရှင်များဖြင့် အသေးစိတ်စစ် ဆေးမည်ဖြစ်ပြီး အန္တ ရာယ်ရှိပါက ခြောက်လအတွင်း ပြင်ဆင်မည် ဟု ပြောကြားခဲ့သည်။