အားလပ်ရက်မှာ ဖတ်စရာ

တစ်ပိုင်းတစ်စ ဘ၀ရုပ်ပုံလွှာများ

ဒီတစ်ပတ် အားလပ်ရက်မှာ ဖတ်စရာအဖြစ် သင်္ကြန်မတိုင်ခင်က ထွက်ထားတဲ့ စာအုပ်တွေထဲက တစ်အုပ်ကို ညွှန်းဆိုချင်ပါတယ်။ ဒါကတော့ စာရေး ဆရာတွေရေးသားတဲ့ လူပုဂ္ဂိုလ်အကြောင်း အမှတ် တရအောက်မေ့ချက် စာစုတွေပါပဲ။


စာအုပ်မှာ သံအမတ်ကြီးဦးတင့်ဆွေရဲ့ ဦးဖိုးကျားနဲ့ ဒီးဒုတ်ဦးဘချိုအကြောင်းရေးသားတဲ့ သူတို့နှစ်ယောက်၊ ဆရာကြီးမင်းသုဝဏ်ရဲ့ မြန်မာ့အသံကို စတင်ပျိုးထောင် ပေးသူ ဦးခင်ဇော်(K)နဲ့ မဟာဂီတအကြောင်း၊ ဆရာကြီး ဒဂုန်တာရာရေးသားတဲ့ ဟေမာနေ၀င်းအကြောင်း၊ ချင်း တွင်းချစ်သွေးရေးသားတဲ့ ဆရာမြို့မငြိမ်းအကြောင်းတို့ ကို ဂီတဆိုတဲ့ ခေါင်းစီးအောက်မှာ ဖော်ပြထားပါတယ်။ စာပေဆိုတဲ့ကဏ္ဍအောက်မှာတော့ ကိုပညာ(အမရပူရ)ရဲ့ ဦးညိုမြအကြောင်း၊ သတင်းစာဆရာမောင်မဲရဲ့ ဆရာ ကြီးပီမိုးနင်းအကြောင်း၊ ဆရာမင်းယုဝေရဲ့ ဆရာကြီး ဇေယျအကြောင်းနဲ့ ဆရာမောင်စွမ်းရည်ထိတွေ့ဖူးတဲ့ လူထုဦး လှအကြောင်းဖတ်ရပါမယ်။ ရုပ်ရှင်ကဏ္ဍမှာ ဆိုရင် စစ်ကိုင်းလှရွှေရဲ့ မင်းသားခင်မောင်ရင်၊ မြတ်လေး ရဲ့ မောင်သာရအစ ရွှေဒုံးဘီအောင်၊ ခင်နှင်းယု ....သာဓု၊ သုမောင်အဆုံးဆောင်းပါးကို ဖတ်ရပါမယ်။ ကာတွန်း  ဦးဟိန်စွန်းနဲ့ ဆရာတက်တိုးတို့ကတော့ ကာတွန်းရွှေ တလေး၊ သခင်ကိုယ်တော်မှိုင်းနဲ့ ကာတွန်းဦးဘဂျမ်းတို့ အကြောင်း ရေးထားပါတယ်။ ပေဖူးလွှာမဂ္ဂဇင်းပဲ့ကိုင် ရှင် ဆရာမြလှိုင်က လက်ဝှေ့ကျော်ကျားဘညိမ်းရဲ့ ရုပ်ပုံလွှာ ကို ရေးထားသလို သတင်းစာဆရာကြီး နတ်မောက်ထွန်း ရှိန်က လေဘာတီမမြရင်အကြောင်း ရေးထားတာဖတ်ရပါ မယ်။ နိုင်ငံရေးရာကဏ္ဍမှာတော့ စာရေးဆရာတိုက်မောင်း ရဲ့ စော်ဘွားကြီးဦးအောင်မြတ်၊ ပန်းတနော်ဦးခန့်ရဲ့ သ တင်းစာဆရာကြီးဦးဘဖေ၊ ဗိုလ် မင်းခေါင်(ရဲဘော်သုံးကျိပ်)ရဲ့ ဗိုလ်ဖိုးကွန်း၊ ဒေါ်ခင်ကြည်ကြည် ရဲ့ ကိုသိန်းဖေနဲ့ကျွန်မ၊ ၀န်ကြီး ချုပ်ဟောင်းဦးဗဆွေရဲ့ ကချင် ခေါင်းဆောင် ဆမားဒူးဝါးဆင်ဝါး နောင်၊ ဆရာမကြီးဒေါ်ခင်ဆွေဦး ရဲ့ ဗိုလ်သူရခေါ် ဗိုလ်မှူးချုပ် ကျော်ဇောအကြောင်း စသဖြင့် တစ်ပိုင်းတစ်စရုပ်ပုံလွှာတွေကို ဖတ်ရပါမယ်။ ပန်းချီ၊ ပန်းပုကဏ္ဍ မှာတော့ ကာတွန်းဦးဘထွေးရဲ့ ပန်းချီဦးဘရင် ကလေး၊ ပန်းချီ ဆရာကြီးမင်းနိုင်ရဲ့ တောင်ပေါ် သားအနုပညာသည် ဦးစံဖေတို့ အကြောင်း ခြယ်မှုန်ထားတာဖတ် ရပါမယ်။

သတင်းစာဆရာကြီးနတ် မောက်ထွန်းရှိန်ရဲ့ ဇာတ်သိမ်း မလှသော မမြရင် ရုပ်ပုံလွှာတစ် နေရာမှာ ‘မြရင် အိပ်ရာပေါ်၌လဲ နေသည်။ ကဆုန်လမို့ရာသီဥတု ကလည်းပူပြင်းလှသည်။ စိတ်နာ ကျနေသော မြရင်သည်ခေါင်း လည်းမဖြီး၊ စားလည်းမစား၊ အ ဖျား သွေးများကတစ်ကိုယ်လုံးခြစ် ခြစ်တောက်တက်နေသည်။ အိမ် ရှင်ဒေါ်အေးမယ်တို့လည်း ခြေမ ကိုင်မိ၊ လက်မကိုင်မိ ရှိသည့်ဆေး ၀ါးရှာ၍တိုက်ကြပါ၏။ မြရင် တ ကယ်နေမကောင်းတော့လည်း မိ ခင်ဒေါ်ဉာဏ်ယုံမှာ ဗုန်းဗုန်းလဲ ပြန်သည်။ ရွာသူရွာသားတို့ကတိုး တိုးပြောဆိုကြလျက် လူနာအခြေ အနေမေးရှာသည်။ မြရင်၏နဖူး ကလေးကိုအုပ်၍ ကိုယ်ငွေ့က လေးကို စမ်းသပ်ကြသည်။

   ...ရွာအနောက်ဖျားမှ ခွေးတစ် ကောင်ဆွဲဆွဲငင်ငင်အူသံကြား လိုက်ရသည်။ ဂျပန်စစ်သားတွေ ရွာထဲဝင်လာသလားမှမသိ။ ကျီး တစ်အုပ်သည်လန့်ဖျပ်သွား၏။ ဒေါ်အေးမယ်အိမ်ဘက်ဆီမှ တ ဘက်ကလေးခေါင်းပေါ်တင်ကာ ပြန်လာကြသော အဘွားအိုသုံး၊ လေးယောက်ထွက်လာသည်။ သူ တို့မျက်နှာမှာ မကောင်း၊ တဘက် နှင့်မျက်ရည်သုတ်သူသုတ်၊ အေး ဟယ်...ကံဆိုးလိုက်တဲ့မိန်းမဟဲ့... ဟု အဘွားတစ်ယောက်ညည်းညူ ပြောဆိုရင်း ဟိုဘက်အိမ်ထဲဝင်း ထဲကူးဝင်သွား၏။

‘လေဘာတီမြရင် ဆုံးရှာပြီ’

တစ်ရွာလုံးသတင်းပျံ့သွား ၏။ အဲ့ဗျရွာမှာ အိမ်ခြေ ၂၀၀ ခန့် ရှိလေရာ မိနစ်ပိုင်းအတွင်းရွာထဲရှိ သမျှလူများပြေးလာကြ၏။ ‘မြရင် သေတာ ငှက်ဖျားရောဂါထက် စိတ်ကျနာကပိုပါလိမ့်မယ်ဗျာ’ ရွာသားအချင်းချင်းတီးတိုးပြော သံများလည်း လျှံနေ၏။ ‘အင်မ တန်ယဉ်ကျေးသိမ်မွေ့လှတဲ့ မိန်း မချော အငြိမ့်မင်းသမီးတစ် ယောက်ဆုံးသွားတာနှမြောစရာ ကောင်းလှပါတယ်ဗျာ၊ သည်လို မိန်းမမျိုး ကျုပ်တို့တစ်သက် မတွေ့ဖူးပါဘူး’ တစ်ရွာလုံး သတင်းပျံ့နှံ့သလို ရွာဦးကျောင်း ဘုန်းတော်ကြီးထံအထိ စိတ်မ ကောင်းဖွယ်က ပျံ့သွား၏’ လို့ ရေးထားပါတယ်။

မောင်မဲရဲ့ ခါးပတ်စိမ်းနှင့် လူကြီး (ဆရာကြီးပီမိုးနင်း) ဆောင်းပါးမှာ ‘‘ဓာတ်ရထားပေါ် မှာ ခါးပိုက်နှိုက်ဆင်းသွားသောအ ခါ ကျွန်တော်သည် အနှိုက်ခံလိုက် ရသော လူကြီးကို ခါးပိုက်နှိုက် သွားကြောင်း ပြောပြချင်သည်။ သူ့ကိုပြောရန်ပြင်လိုက်စဉ် ဓာတ် ရထားသည် ဘုရင်မပန်းခြံ(ဗန္ဓုလပန်းခြံ)နားသို့ရောက်သဖြင့် ထိုလူ ကြီးသည် ထ၍ဆင်းသွားသည်။ ပြောချင်ဇောကြီးနေသော ကျွန် တော်သည် သူ့နောက်ကိုလိုက်ပြီး ဆင်းသွားပါသည်။ ပန်းခြံဝတွင် သူ့ကိုမှီသောအခါ ရှေ့ကကြိုရပ် လိုက်ပြီး ‘ခုနဓာတ်ရထားပေါ်မှာ ဦးကြီးကို ခါးပိုက်နှိုက်သွားတယ်၊ ဦးကြီးရဲ့ငွေကို စစ်ကြည့်ပါဦး၊ ကျွန်တော်မြင်လိုက်တယ်၊ ခုမှ ပြောရဲလို့ လာပြောတာပါ’ ဟု ပြောလိုက်သည်။ ထိုအခါ ခါး ပတ်စိမ်းနှင့်လူကြီးက မျက်မှန်အ ၀ိုင်းထဲမှ မျက်စိပေါက်ကျဉ်းကျဉ်း ကလေးဖြစ်အောင် ပြုံးပြီး ‘ငါသိ သားပဲကွ၊ လွယ်လွယ်ကူကူနှိုက် ပါစေဆိုပြီး ငါက ငါ့ဘယ်လက်ကို တောင် ပင့်ပေးလိုက်သေးတယ်၊ သူ့ခမျာ စွန့်စွန့်စားစားလုပ်ရရှာ တဲ့ပုံပဲ၊ ရသွားတာလည်း မများပါ ဘူး၊ င့ါရှိတဲ့ ငါးကျပ်တန်တစ်ရွက် နေမှာပါ။ မင်းအပင်ပန်းခံပြီး လာ ပြောတာကို ကျေးဇူးတင်တယ် ကွာ’’ ဟု ပြောကာ  ပန်းခြံထဲသို့ အေးအေးဆေးဆေး လျှောက်ပြီး ၀င်သွားပါသည်’ လို့ ဖတ်ရပါ မယ်။

ယခုစာအုပ်ကို ဆန်းစသော် တာစာပေက တန်ဖိုး ၂,၅၀၀ ကျပ်နဲ့ ထုတ်ဝေပြီးဖုန်း ၀၉-၈၅ ၃၈၀၁၂ ကိုဆက်သွယ်မှာယူနိုင်ပါ တယ်။