ရာသီကုန်လျှင် မန်စီးတီးနှင့် အနာဂတ်အကြောင်း ဆွေးနွေးမည်ဟု ဂွာဒီယိုလာပြော

မိမိ၏စာချုပ် သက်တမ်းတိုးရေးနှင့် ပတ်သက် ၍ ရာသီကုန်ဆုံးချိန်မှသာ အသင်း နှင့် ဆွေးနွေးမည်ဟု မန်စီးတီး နည်းပြ ဂွာဒီယိုလာက ထုတ်ဖော် ပြောကြားသည်။


ဂွာဒီယိုလာသည် ပရီးမီး ယားလိဂ် ချန်ပီယံအသစ်စက်စက် မန်စီးတီးနှင့် သုံးနှစ်စာချုပ် ချုပ် ဆိုထားပြီး စာချုပ်သက်တမ်းတစ် နှစ်ကျန်ရှိသေးသည်။

‘‘ရှေ့ဆက်ဖို့ဆိုတာ ကျွန် တော့်ရဲ့ စွမ်းအင်၊ ကျွန်တော့်ရဲ့ အားအင်ပေါ်မူတည်ပါတယ်။ အ ခုအချိန်မှာတော့ အရမ်းကျေနပ် နေပါတယ်’’ ဟု ဂွာဒီယိုလာက ပြောကြားသည်။

ဂွာဒီယိုလာသည် ဘာစီလို နာတွင် လေးနှစ်နည်းပြလုပ်ခဲ့aကာ အကြာဆုံး ကိုင်တွယ်ခဲ့သည်။ ယင်းနောက်တစ်နှစ်နားကာ ဘိုင် ယန်မြူးနစ်ကို သုံးနှစ်ကိုင်တွယ် ပြီးနောက် မန်စီးတီးသို့ ရောက်ရှိ လာသည်။

မန်စီးတီးအသင်းသည် ငါးပွဲ ကစားရန် ကျန်နေသေးချိန် ပြီးခဲ့ သည့် သီတင်းပတ်က ပရီးမီးယား လိဂ် ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီး လိဂ်ဖလားတွင်လည်း အောင်ပွဲခံ ခဲ့သည်။

ပရီးမီးယားလိဂ်ချန်ပီယံဖြစ် ပြီးနောက် မိမိကို မည်သို့တုံ့ပြန် မည် မသိရှိကြောင်းနှင့် မိမိကိုယ် တိုင် မည်သို့တုံ့ပြန်မည်ကို မသိကြောင်း ၎င်းကပြောကြားသည်။ မိမိတို့ ချန်ပီယံဖြစ်၍ လူတိုင်းက ပျော်ရွှင်နေကြောင်း၊ကစားသမား များနှင့် ဝန်ထမ်းများ အံ့သြစရာ ကောင်းသည်ဟု ခံစားနေရသော် လည်း ယင်းကို မိမိတို့ဆုံးရှုံးနိုင် ကြောင်း စပိန်နည်းပြက ဆက် လက်ပြောသည်။

မိမိအနေဖြင့် စာချုပ်တစ် နှစ်ကျန်ရှိနေကာ အသင်းတွင် ဆက်လက် ရှိနေဦးမည်ဖြစ်ပြီးစာချုပ် သက်တမ်းထပ်တိုး၊ မတိုးရာသီကုန်ချိန်မှသာ ဘုတ်အဖွဲ့ နှင့် ဆွေးနွေးမည်ဟု တန်းဆင်းဇုန်အန္တရာယ်ကြုံနေသော ဆွမ်ဆီးနှင့်ပွဲမတိုင်မီ ဂွာဒီယိုလာကပြော ကြားသည်။