နာပိုလီအတွက်သာ အဆုံးအဖြတ်ဖြစ်မည်ဟု ဂျူဗင်တပ်နည်းပြပြောကြား

 စီးရီးအေအမှတ်ပေးဆု ဖလားဆွတ်ခူးရန် ယနေ့ညကစား မည့်ပွဲသည် နာပိုလီအတွက် အ ဆုံးအဖြတ်ပွဲသာဖြစ်ပြီး ဂျူဗင် တပ်အတွက် မဟုတ်ကြောင်းနှင့် အသင်းတိုက်စစ်မှူး ဟီဂူအင်က ပွဲကို အဆုံးအဖြတ်ပေးမည်ဖြစ် ကြောင်း ဂျူဗင်တပ်နည်းပြ အယ် လီဂရီက အလေးအနက်ပြော ကြားသည်။


ဟီဂူအင်သည် ဂျူဗင်တပ် သို့ မပြောင်းရွှေ့မီ ၂၀၁၃ မှ ၂၀၁၆ အထိ နာပိုလီတွင် ကစား ဖူးပြီး ၁၀၄ ပွဲ ကစားကာ ၇၁ ဂိုး သွင်းယူခဲ့သည်။

‘‘နာပိုလီထက်စာရင် ကျွန် တော်တို့က စိတ်ပိုင်းဆိုင်ရာ ပို ကောင်းတဲ့ပုံစံမှာ ရှိနေပါတယ်။ ငါးပွဲပဲ ယှဉ်ပြိုင်ရတော့မယ့် အ ငယ်စားလိဂ်ပြိုင်ပွဲကတော့ မနက် ဖြန်စပြီဆိုတာ အလွန်ရှင်းပါ တယ်။ ကျွန်တော်တို့က လေးမှတ် အသာစီးရထားပါတယ်။ စီးရီး အေအမှတ်ပေး ဆုဖလားရရှိဖို့ တခြားရနိုင်တဲ့အမှတ်တွေ အများ ကြီးရှိပါတယ်။ ဒါက စီးရီးအေအ တွက် သေချာပေါက်အရေးကြီးမှာ ဖြစ်ပေမယ့် အဆုံးအဖြတ်ပွဲတော့ ဖြစ်လာမှာမဟုတ်ဘူး’’ ဟု အယ် လီဂရီက ပြောသည်။

ထို့အပြင်မေလကုန်တွင် ဂျူ ဗင်တပ်နှင့် နာပိုလီနှစ်သင်းအ နက် အကောင်းဆုံးအသင်းက အ မှတ်ပေးဆုဖလား ရရှိမည်ဟု အယ်လီဂရီက ပြောသည်။

‘‘ဂျူဗင်တပ်က အကောင်း ဆုံးဖြစ်ရင် ဂျူဗင်တပ်က ရလိမ့် မယ်။ နာပိုလီက အကောင်းဆုံး ဖြစ်ရင် ကျွန်တော်တို့ ဒုတိယရမှာ ဖြစ်ပြီး သူတို့ကို ဦးထုပ်ချွတ်အ လေးပြုရပါမယ်။ ဂျူဗင်တပ်က ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင် ထားပါတယ်။ ကျွန်တော်တို့ ၈၅ မှတ်ရရှိထားပြီး ရာသီကုန်ဖို့ ငါးပွဲ ပဲ လိုပါတော့တယ်။ တစ်ဖက်က လည်း နာပိုလီက ၈၁ မှတ်ရရှိထား  ပြီး ၉၆ မှတ်အထိ ရနိုင်တာကြောင့် သူတို့မှာလည်း ထပ်တူအရေးကြီး ပါတယ်’’ ဟု အယ်လီဂရီက ထပ် လောင်းပြောကြားသည်။

ယင်းပွဲမတိုင်မီ အသင်းအ ဝတ်အစားလဲခန်းအတွင်း ဂျူဗင် တပ်ဆိုသော စကားလုံးပြောဆို ခြင်းကို နာပိုလီနည်းပြ ဆာရီက တားမြစ်ထားသည်ဟု ဆိုသည်။

ထိပ်ဆုံးနေရာကို ပစ်မှတ် မထားဘဲ ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်လျှင် နာပိုလီအနေဖြင့် ပိုကောင်းအောင် ကစားပြီး ဖိ အားရှိမည်မဟုတ်ဟု ဆာရီက ယုံ ကြည်နေသည်။

ထို့ကြောင့် ဂျူဗင်တပ်ဆို သော စကားလုံးကို အဝတ်အစား လဲခန်းနှင့် လေ့ကျင့်ရေးကွင်းတွင် ပြောဆိုခြင်းမှ ၎င်းကတားမြစ် သည်။—Ref:Football Italia