■ အားကစား သတင်းတိုများ

အာစင်ဝင်းဂါးက အသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာပြီးနောက် မန်နေဂျာသစ်ရှာဖွေရာတွင် အာဆင်နယ်အနေဖြင့် ပွင့်လင်းသောသဘော ထားရှိရမည်ဟု အသင်းအမှုဆောင်အရာရှိချုပ် အီဗန်ဂါစီဒစ်က ပြောသည်။


မိမိကစားခဲ့သော အာဆင်နယ်အသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်နိုင်သည်ဟု ချိတ်ဆက်ပြောဆိုမှုများအပေါ် ဘဝမြင့်ခဲ့သော်လည်း နယူး ယောက်စီးတီးနည်းပြအဖြစ် ပျော်ရွှင်နေကြောင်း အာဆင်နယ်ကွင်းလယ်လူဟောင်း ပက်ထရစ်ဗီအဲရာက ပြောသည်။

ရီးရဲလ်မက်ဒရစ်က ရော်နယ်ဒိုကို လစာတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေပြီး ယင်းကိစ္စကို ဒါရိုက်တာအိန်ဂျယ်ဆန်းချက်ဇ်က ၎င်းအား အသိပေးထားပြီဖြစ်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ စာချုပ်သစ်ချုပ်ရန် ရည်မှန်းထားသည်။

ရာသီကုန်တွင် ဘာစီလိုနာအသင်းမှ ထွက်ခွာတော့မည့် ကွင်းလယ်လူ အင်နီယေစတာသည် ဂရင်းနေဒါအသင်းသူဋ္ဌေး ကျန်လီဇန်းပိုင်ဆိုင် သော တရုတ်နိုင်ငံမှ ချောင်းကင်းဒွန်ဒိုင်းလီဖန်းအသင်းသို့ ပြောင်းရွှေ့ပြီး သုံးနှစ်ကစားမည်ဟု အေအက်စ်သတင်းက ဖော်ပြသည်။

အက်စ်ပန်ညိုအသင်းက နည်းပြဆန်းချက်ဇ်မလော်ရက်စ်ကို ထုတ်ပယ်ကြောင်းကြေညာသည်။ အက်စ်ပန်ညိုသည် နောက်ဆုံးငါးပွဲတွင် တစ်ဂိုးမျှမသွင်းနိုင်ဘဲ နောက်ဆုံး ၁၅ ပွဲ၌နှစ်ပွဲသာ အနိုင်ရရှိခဲ့ပြီး တန်းမဆင်းရရေး တိုက်ပွဲဝင်ရမည့်အခြေအနေကြုံနေသည်။

ခြေချောင်းရိုးတစ်ခု ကျိုးခဲ့ပြီးနောက် ခုနစ်လကြာအနားယူခဲ့ရသော ဘိုင်ယန်ဂိုးသမား နျူအာသည် ရီးရဲလ်နှင့်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲများ မတိုင်မီ အသင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းနေသည်။