ထိုးစစ်များ အမြန်ဆုံးရပ်ဆိုင်းပေးရန် ကချင်ပါတီများက သမ္မတထံ အိတ်ဖွင့်ပေးစာပို့

နိုင်ငံရေးတွေ့ဆုံမှုဆွေး နွေးမှုဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအား လုံးပါဝင်လာရေး စိတ်ရှည်သည်း ခံသဘောထားကြီးစွာဖြင့် ဆက်လက်ကူညီပေးရန် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီ(KPMC)က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံတင်ပြသည်။


ကချင်ပြည်နယ်အတွင်း ဖြစ် ပွားနေသော ပဋိပက္ခများနှင့်ပတ် သက်၍ တပ်မတော်၏ထိုးစစ်ဆင် မှုများ အမြန်ဆုံးရပ်ဆိုင်းပေးရန် နှင့် စစ်ပြေးဒုက္ခသည်များအား အရေးပေါ်ကူညီပေးရန် ကချင်နိုင်ငံ ရေးပါတီ လေးပါတီဖြင့် ဖွဲ့စည်း ထားသည့် KPMC က သမ္မတ ဦးဝင်းမြင့်ထံ ဧပြီ ၁၈ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။ 

ကချင်ပြည်နယ်အတွင်း အ ခြေအနေများသည် နိုင်ငံ၏လက် ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာ ထိခိုက်စေနိုင်သည့်အပြင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အကြား ယုံကြည်မှုတည်ဆောက် ရေးလည်း လွန်စွာ ထိခိုက်စေနိုင် ကြောင်းနှင့် ပြည်တွင်းစစ်၏အ ရင်းအမြစ်ပြဿနာများကို စု ပေါင်းအဖြေရှာနိုင်ရန် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးသည့် ဖြစ် စဉ်တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအားလုံးပါဝင် လာရေး စိတ်ရှည်သည်းခံသဘော ထားကြီးစွာဖြင့် ဆက်လက်ကူညီ ပေးနိုင်ပါရန် ဖော်ပြထားသည်။ 

ထို့အတူ ကချင်နိုင်ငံရေးပါ တီများ စုစည်းလျက် ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အတိ ဒုက္ခခံစားနေရသော ပြည်သူလူထု ၏အရေးအရာများကို အချိန်နှင့် တစ်ပြေးညီ တင်ပြနိုင်ရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွင် ကူညီပံ့ပိုးနိုင်ရေး လမ်းဖွင့်ပေးပါရန် ကချင်လေးပါတီက တင်ပြသည်။ 

‘‘နမ္မတီးဘက်က အခုထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ တယ်။ ရွာသားတွေလည်း အခက် အခဲဖြစ်နေတုန်းပဲ။ ပြီးခဲ့တဲ့ သင်္ကြန် နှစ်သစ်ကူးကာလမှာဆို ရင် မြေပြန့်ဒေသက လူတွေ ပျော်နိုင်ပေမယ့် ကချင်ဒေသမှာတော့ ဒုက္ခအတိပါပဲ။ ဒါတွေကို သိစေချင်တယ်။ ကျွန်တော်တို့ ကူညီချင်ပေမယ့်လည်း သွားလို့မရတာတွေ ရှိတယ်။ နောက်တစ်ခုက စစ်ဖြစ် နေတဲ့အချိန်မှာ ကျွန်တော်တို့အ နေနဲ့ ကျွန်တော်တို့တော်လှန်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးအ ကြံပြုချင်တယ်။ ဒါပေမဲ့ ပါတီတွေ အနေနဲ့က အစိုးရဆီက ခွင့်ပြုချက်မရဘူးဆိုရင် အခက်အခဲရှိတယ်။ ဒါကြောင့် ဒီဟာတွေကိုလည်း ဖွင့်ပေးဖို့ လိုပါလိမ့်မယ်။ ဒါမှလည်း စကားပြောလို့ရမယ်၊ ဆောင် ရွက်လို့ရမယ်ဆိုတဲ့ အပိုင်းတွေရှိ တယ်’’ဟု ကချင်ဒီမိုကရက်တစ် ပါတီ(KDP)ဥက္ကဋ္ဌ ဦးကွမ်ဂေါင် အောင်ခမ်းက ပြောသည်။ 

မိမိတို့အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူကို ကိုင်စွဲပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာ ယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်တွင် တာဝန်ရှိသူများအားလုံး နှင့်အတူ လက်တွဲဆောင်ရွက်ရန် ဆန္ဒအပြည့်အဝရှိပါကြောင်း ပေး စာတွင် ဖော်ပြထားသည်။ 

ဧပြီ ၁၁ ရက်က စတင်၍ တနိုင်းဒေသအတွင်း ဖြစ်ပွားခဲ့ သော တပ်မတော်နှင့် KIA တိုက်ပွဲကြောင့် လူ ၂,၀၀၀ ခန့် ထွက် ပြေးတိမ်းရှောင်နေရပြီး စားဝတ် နေရေးအခက်အခဲများ ဖြစ်နေ ကြောင်း တနိုင်းအခြေစိုက်ခရစ် ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေး ရှောင်ဒုက္ခသည်များကူညီစောင့် ရှောက်ရေးကော်မတီပြောရေးဆို ခွင့်ရှိသူများက ဆိုသည်။ 

စားနပ်ရိက္ခာနှင့် နေရပ်ပြန် ရေးကူညီရန် အဆင်သင့်ရှိသော် လည်း မြေပြင်လုံခြုံရေးအရ လတ်တလော ဆောင်ရွက်နိုင်ရန် ခက်ခဲကြောင်း ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောကြားသည်။

More in Politics Section