ဒုရဲမှူးမိုးရန်နိုင်၏ ဇနီး ဒေါ်တူးတူးနှင့်တွေ့ဆုံခြင်း

‘‘ကျွန်မက သမ္မတကြီးကိုတော့ အမှန်တရားဘက်ကနေ ရပ်တည်ပေးပါလို့ ပြောချင်တယ်’’
ဒုရဲမှူး မိုးရန်နိုင်၏ ဇနီး ဒေါ်တူးတူး ဓာတ်ပုံ − ပိုင်စိုးသူ

ဖမ်းဆီးခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းသည်ဟုတ်မှန်ကြောင်း တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်က ဧပြီ ၂၀ ရက်ချိန်းဆိုသည့် တရားခွင်၌ ထွက်ဆိုသည်။ ထိုသို့ ထွက်ဆိုမှုအပေါ် လူအများ အံ့အားသင့်ခဲ့ပြီး ထုတ်ပြောရဲသော သတ္တိကိုချီးကျူးသူ ပြည်တွင်း၌ လူသုံးအများဆုံးဖြစ်သော ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ဒုရဲမှူးမိုးရန်နိုင်ကို ချီးကျူးအသိအမှတ်ပြုသူများစွာရှိခဲ့သည်။ ဒုရဲမှူးမိုးရန်နိုင် ဖွင့်ချခဲ့သည့်နောက်ဆက်တွဲအဖြစ် နေပြည်တော်ရဲတပ်ဖွဲ့တိုင်းရုံးတွင် နေထိုင်သော ၎င်း၏ မိသားစုကိုလည်း ထိုရဲလိုင်းခန်းအဆောင်မှ ချက်ချင်းဖယ်ရှားခဲ့သည်။ ၎င်းသည် ရိုက်တာသတင်းထောက်နှစ်ဦးနည်းတူမြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မဖြင့် အရေးယူခံထားရသူလည်း ဖြစ်သည်။ ဒုရဲမှုး မိုးရန်နိုင်၏ ဇနီး ဒေါ်တူးတူးသို့7Day Daily သတင်းစာက ဆက်သွယ်မေးမြန်းထားသည်များကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။
 


ဒုရဲမှူးမိုးရန်နိုင်က ဘယ်လိုမျိုးစိတ်နေစိတ်ထား ရှိလဲဗျ။

ကျွန်မအမျိုးသားက နိုင်ငံတော်အပေါ်မှာ အမြဲတမ်းသစ္စာရှိတယ်။ တပ်ဖွဲ့အပေါ်မှာ သစ္စာရှိတယ်။ လုပ်ငန်းတာဝန်တွေပေါ်မှာလည်း ဘယ်တော့မှ မပျက်ကွက်ခဲ့ပါဘူး။ ဘာသာရေးလည်းအရမ်းလိုက်စားတဲ့သူပါ။ မူးယစ်ရမ်းကား သောက်တဲ့သူမျိုးလည်းမဟုတ်ပါဘူး။ (ငိုရင်းပြောသည်)

အစ်မအမျိုးသား ဖမ်းဆီးခံရပြီးနောက်မှာကော တွေ့ဆုံခွင့်ရသေးလား။ အစ်မနဲ့ နောက်ဆုံးတွေ့ခဲ့တာ ဘယ်တုန်းကလဲ။

တွေ့ခွင့်မရပါဘူး။ သူတို့ရခိုင်ကနေ ပြန်လာတော့ တပ်ရင်းမှူးက သူတို့ကို ကြိုဆိုပွဲလေးလုပ်ပေးပါတယ်။ အဲဒီအခါမှာ သူက လာခဲ့ဆိုလို့ ကျွန်မသွားလိုက်ပါတယ်။ အဲဒီတစ်ခေါက်ပဲနောက်ဆုံးတွေ့ခဲ့ရတာပါ။ ရခိုင်ကနေ ပြန်လာ
ပြီးကတည်းကအခုချိန်ထိ မတွေ့ရသေးပါဘူး။အစ်မအမျိုးသား ဖမ်းဆီးခံလိုက်ရတာကော အစ်မတို့ ချက်ချင်းသိခဲ့တာလား။သိခဲ့တယ်။ နိုင်ငံပိုင်သတင်းစာမှာလည်း ကြေညာတယ်လေ။TV တွေဘာတွေမှာလည်း ကြေညာတာ
ပဲလေ။

ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ ပတ်သက်ပြီး အစ်မအမျိုးသားကတရားရုံးမှာ ဘာကြောင့် ဖွင့်ချတယ်လို့ထင်လဲ။

ဘာကြောင့်ဖွင့်ချလိုက်လဲဆိုတော့ သူတို့က ကျွန်မအမျိုးသားကို ထိုးချတော့မယ်ဆိုတာ သူသိလို့ ကျွန်မထင်တယ်။ ရိုက်တာသတင်းထောက်တွေကို စာရွက်စာတမ်းတွေ ပေးတာလည်းကျွန်မအမျိုးသားမှ မဟုတ်တာ။ မှန်တယ်ထင်တာကို သူလုပ်လိုက်တယ်လို့ပဲ ထင်တယ်။ဒီလိုမျိုး ဖွင့်ချခဲ့လို့ နောက်ဆက်တွဲအနေနဲ့ အစ်မတို့အပေါ် ဖိအားပေးခံရတာတွေ ရှိလာတယ်။

အစ်မအမျိုးသားက အဲဒီလို ဖွင့်ချခဲ့တယ်အပေါ်မှာကော မှားတယ်လို့ ထင်လား။

လုံးဝမဖြစ်ပါဘူး။ သူဖွင့်ချလိုက်တဲ့အတွက် မထူးဘူးလေ။နဂိုကလည်း လျှို့ဝှက်ဥပဒေနဲ့ တရားစွဲထားတယ်ဆိုပြီး ကြေညာထားတာပဲလေ။ အဲဒါနဲ့ နိုင်ငံပုန်ကန်မှုနဲ့ ထောင်ချလိုက်မယ်လို့ထင်တယ်။ အဲဒီအတွက်လည်း ခုလည်း သူတို့လုပ်ချင်ရာ လုပ်ပိုင်ခွင့်ရှိသလောက် လုပ်ပေါ့။ ကျွန်မတို့ ခံရုံပဲရှိတယ်။ ကျွန်မတို့ကခံရတဲ့ဘဝပဲ။

အစ်မတို့ကို ရဲလိုင်းခန်းကနေဖယ်ရှားခံရတယ်လို့ သိရတယ်။အဲဒီလို ဖယ်ရှားခံရတဲ့အပြင်နောက်ထပ် ဖိအားပေးမှုတွေ ဘာရှိလဲ။

ကျွန်မကို မနက် ၇ နာရီက ဖုန်းလာလို့ ကိုင်လိုက်တော့ အမလိုင်းခန်းက ချက်ချင်းဖယ်ပေးရမယ်လို့  လူကြီးက ပြောခိုင်းလို့တဲ့။ မိုးကြိုးပစ်လိုက်သလို ကျွန်မခံစားလိုက်ရတယ်။ ငါတို့ လမ်းဘေးရောက်ပြီပေါ့။ သားအမိတွေ
လမ်းဘေးရောက်ပြီပေါ့။ ကျန်တာတော့ လောလောဆယ်တော့မရှိပါဘူး။ ရဲလိုင်းခန်းကနေပြောင်းပေးရတာပဲ ရှိတယ်။

လက်ရှိ အစ်မတို့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရလဲ။

ဘာတွေရင်ဆိုင်နေရလဲဆိုတော့ ကျွန်မတို့က ဝန်ထမ်းတွေလေ။ ဝန်ထမ်းတွေဆိုတော့ကျွန်မတို့မှာ အိမ်မရှိဘူး။ ပြီးတဲ့အခါ သူအချုပ်ကျနေကတည်းကကျွန်မတို့မှာ လစာမရဘူး။ ကျွန်မမှာ သားသမီးသုံးယောက်ရှိတယ်။
တတိယနှစ်ကျောင်းသူ သမီးကြီး။ဆယ်တန်းကျောင်းသား၊ ဒီနှစ်ဆယ်တန်းဖြေထားတဲ့ ကျောင်းသားတစ်ယောက်ရယ်။ နောက် ဒီနှစ် ရှစ်တန်းတက်ရမယ့် ကျောင်းသူတစ်ယောက်ရယ်။ ကျွန်မမှာသားသမီးသုံးယောက်ရှိတယ်ရှင့်။
ကျွန်မတို့ ဘယ်လိုဒုက္ခရောက်နေလဲဆိုတာ အဲဒါကြည့်ရင်ပဲအားလုံးသိနိုင်ပါတယ်။

လက်ရှိအချိန်မှာ သမ္မတသစ်လည်း အပြောင်းအလဲ လုပ်ထားပါတယ်။ အခု သမ္မတသစ်ကတရားဥပဒေစိုးမိုးရေးနဲ့ မတရားဖမ်းဆီးခံနေရတဲ့ သူတွေကို သေချာသုံးသပ်ဖို့ ပြောဆိုထားတာ ရှိပါတယ်။ အစ်မအနေနဲ့ သမ္မတ
သစ် နဲ့ အစိုးရအဖွဲ့အပေါ်မှာကောဘာတောင်းဆိုချင်တာရှိလဲ။

ကျွန်မက သမ္မတကြီးကိုတော့ အမှန်တရားဘက်ကနေရပ်တည်ပေးပါလို့ ပြောချင်ပါတယ်။ ကျွန်မက အမှန်တရားပဲ ဖြစ်ချင်ပါတယ်။ ကျွန်မအမျိုးသားကိုအမှန်တရားအတိုင်း လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။  (ငိုရင်း
ပြောသည်)

ကျေးဇူးတင်ပါတယ်။

More in Interview Section