ဆုရလို့ အံ့သြ၀မ်းသာနေတဲ့ ခရစ်(စ)တီးနားခီ

မြန်မာ့အသိဉာဏ်ပစ္စည်းစောင့်ရှောက်ရေးအဖွဲ့ကချီးမြှင့်သည့် Women In Innovationand Creativity Award ဆုရရှိသဖြင့် အံ့သြ၀မ်းသာပျော်ရွှင်ကြောင်း ဒါရိုက်တာ ခရစ်(စ)တီးနားခီက ပြောသည်။
 


အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားကို ဧပြီ ၂၁ ရက် နေ့လယ်၁ နာရီက ရန်ကုန်မြို့ရှိ Rose Garden Hotel တွင် ကျင်းပပြီးခရစ်(စ)တီးနားခီက ဆုလက်ခံရယူခဲ့သည်။

‘‘ဒီဆုလေးက ကျွန်မအတွက်တော့ အရမ်းကိုထူးခြားမှုရှိတဲ့ ဆုလို့ သတ်မှတ်ရပါတယ်။အထူးသဖြင့် မိန်းမတွေကို ဆုချီးမြှင့်ခံရတဲ့ အဆင့်မျိုးဆိုတာ ကမ္ဘာပေါ်မှာ ရှားလည်းရှားပါတယ်။အခုလိုမျိုး မိန်းမသားတွေကို ချီးမြှင့်တဲ့ပွဲမျိုးမှာ ဆုရရှိတဲ့အတွက်အင်မတန်ဝမ်းမြောက်ဂုဏ်ယူမိတယ်’’ဟု ခရစ်(စ)တီးနားခီကပြောသည်။

မိန်းမပါဝါ၊ ယောက်ျားပါဝါဟူ၍ ခွဲခြားဆက်ဆံမှုကို ၎င်းကိုယ်တိုင်မလုပ်သကဲ့သို့ ကြိုးစားနေသည့် အမျိုးသမီးတိုင်း ကိုယ်ဖြစ်ချင်သည့် အရာတစ်ခုကို အချိန်မည်မျှကြာသည်ဖြစ်စေ ဖြစ်အောင် ကြိုးစားရန် အကြံပေးစကားဆိုသည်။

‘‘မိန်းမပဲဖြစ်ဖြစ်၊ ယောက်ျားပဲဖြစ်ဖြစ် သူ့လုပ်နိုင်မှုအပိုင်းမှာသူကျေတယ်ဆိုရင် မိန်း မ နဲ့ ယောက်ျားက တန်းတူပဲဖြစ်သင့်တယ်လို့  ထင်ပါတယ်’ ’ ဟုခရစ်(စ)တီးနားခီက ပြောသည်။

ဇနီး ဆုရရှိသ ည့်အပေါ်ခင်ပွန်းတစ်ဦးအနေဖြင့်သာမက လုပ်ဖော်ကိုင်ဖက်အဖြစ် အလွန်ဝမ်းသာကြောင်း ဇဏ်ခီကဆိုသည်။

အဆိုပါပွဲတွင် အမျိုးသမီးများ၏ တီထွင်ဆန်းသစ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ထူးချွန်အမျိုးသမီး နှစ်ဦးကိုရွေးချယ်ဆုချီးမြှင့်ခြင်းဖြစ်ပြီး အမျိုးသမီးဒါရိုက်တာ ခရစ်(စ)တီးနားခီနှင့်Tree Food အညာထန်းလျက်တီထွင်ဖန်တီးသူ ဒေါက်တာ ချိုလဲ့အောင်တို့ရရှိခဲ့သည်။

‘‘ပြည်သူတွေရဲ့ အကြိုက်ကိုဆရာတို့ စဉ်းစားတယ်။ ဆရာ့မိတ်ဆွေတွေနဲ့ တိုင်ပင်လိုက်တဲ့အခါ တစ်နှစ်လုံးအတွက် အမျိုးသမီးတွေကို စ ဉ်း စားတယ်။နံပါတ် (၁) အနေနဲ့ အမျိုးသမီးဖြစ်တယ်။ သူတို့ရဲ့ စွမ်းဆောင်ချက်တွေက
ဆန်းသစ်တီထွင်မှုတစ်ခုကို တို့နိုင်ငံအတွက်အကျိုးပြုရမယ်။ နိုင်ငံအတွက်လုပ်တာပါ။ လူငယ်တွေအတုယူနိုင်တဲ့ စွမ်းဆောင်ရှင် အမျိုးသမီးနှစ်ယောက်ကို ရွေးချယ်ပေးခဲ့တာပါ’’ဟု WIPO Day Myanmar 2018 အခမ်းအနားကို ဦးစီးကျင်းပသူစာရေးဆရာ၊ ဒါရိုက်တာ၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးက ပြောသည်။