ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

နိုင်ကျဉ်းဟောင်းများနှင့် နိုင်ငံရေးအင်အားစုများက ဂူဗိမာန်သို့ သွားရောက်ဂါရ၀ပြု
နာမည်ကျော် သတင်းစာဆရာ၊ စာရေးဆရာနှင့် ဒီချုပ်ပါတီစတင်တည်ထောင်ရာတွင်ပါဝင်သော ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား၌ ဦးဝင်းတင်၏ ရုပ်ပုံများနှင့် အမှတ်ရ စာရေးနေသူတစ်ဦးကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

 သတင်းစာဆရာ၊ စာရေးဆရာတစ်ဦးဖြစ်သည့်အပြင် အမျိုးသားဒ်ီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း   (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကို ဧပြီ ၂၁ ရက်က ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂါရ၀ပြုအမှာစကားပြော ကြားပြီး   ဦးဝင်းတင်ဖောင်ဒေး ရှင်း နာယကများဖြစ်သော စာ ရေးဆရာမောင်မိုးသူအပါအ၀င် တက်ရောက်လာသူများက အမှတ်တရစကားများ ပြောကြား ခဲ့သည်။

‘‘ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ ဘဘဟံသာဝတီဦးဝင်း တင်ရဲ့ စိတ်ဓာတ်တွေ၊ ခွန်အား တွေ၊ သူ့ရဲ့ယုံကြည်ချက်တွေဟာ စဉ်ဆက်မပြတ် ကိန်းအောင်းနေ လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်’’ ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက   အမှတ်တရ စကား ပြောကြားသည်။


(ဟံသာဝတီဦးဝင်းတင် ဂူဗိမာန်ရှေ့တွင် ဂါရ၀ပြုနေကြသူများကို တွေ့ရစဉ်/ ဓာတ်ပုံ−နစ်ကီ)

ဟံသာဝတီဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  တည်ထောင်ခဲ့သူတစ်ဦးဖြစ်သ လို ပါတီကို ကယ်တင်ခဲ့သူတစ်ဦး လည်းဖြစ်ကြောင်း    ဒီချုပ်ပါတီ  ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး  မုံရွာအောင်ရှင်က ပြောသည်။

‘‘၂၀၁၀ ခုနှစ်က NLD ပါတီအတွက် တကယ့်ကိုသေရေး ရှင်ရေးကို အလှည့်အပြောင်းတစ်ခု ကို ရောက်ခဲ့တဲ့ကာလ ဖြစ်ပါတယ်။ အဲဒီတုန်းက ပါတီမှတ်ပုံတင်မလား၊ ရွေးကောက်ပွဲဝင်မလားဆိုတဲ့ စိန်ခေါ်မှုအကြီးအ ကျယ်ဖြစ်ခဲ့တယ်။ ၀င်ချင်တဲ့သူနဲ့ မ၀င်ချင်တဲ့ သူတွေရှိခဲ့တယ်။ ဆရာကြီးဦးဝင်းတင်က မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲမ၀င်ဘူးဆိုပြီး ရွေးချယ်ခဲ့တယ်။ ဆရာ့ရဲ့ ရွေးချယ်မှုမှန်ကန်တာကြောင့် ပြည်သူလူထုထောက်ခံမှု တစ်ခဲနက်ရရှိခဲ့တယ်။ တကယ်လို့သာ ၂၀၁၀ မှာ ပါတီမှတ်ပုံတင် လိုက်ရင် လူထုထောက်ခံမှုက ဒီလောက်အထိ တိုးတက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆရာဦးဝင်းတင်က ပါတီကိုကယ်တင်ခဲ့သူပါ’’ဟု မုံရွာအောင်ရှင်က ပြောသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံရေးလှုပ်ရှားသူများ၊ နိုင်ငံ ရေးအင်အားစုများ တက်ရောက် ပြီး ဂုဏ်ပြုသ၀ဏ်လွှာများ  ပေးပို့ဂါရ၀ပြုခဲ့သည်။    ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပပြီးနောက် နိုင်ငံရေးအင်အားစုများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများက ဟံသာဝတီဦးဝင်းတင်၏ ဂူဗိမာန်သို့ သွားရောက်ပြီး လွမ်းသူ့ပန်းခွေများ ချကာဂါရ၀ပြုခဲ့သည်။


(မန္တလေးလူထုစင်တာတွင် အောက်မေ့ဖွယ်အခမ်းအနားကျင်းပနေစဉ်/ဓာတ်ပုံ−ထက်သာဦး)

ထို့အတူ ညနေ ၃ နာရီခန့် တွင် မဟာဗန္ဓုလပန်းခြံအတွင်း ဟံသာဝတီဦးဝင်းတင်ကွယ်လွန် ခြင်း (၄)နှစ်ပြည့်အဖြစ် မုန့်ဟင်း ခါးနှင့် ရွှေရင်အေး စတုဒိသာများ ကျွေးမွေးခဲ့သည်။

ဦးဝင်းတင်ကို အဘဦးပု၊ အမိဒေါ်အမာတို့က ၁၉၃၀ ပြည့် နှစ် မတ်လ ၁၂ ရက်၌ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်တွင် မွေး ဖွားခဲ့သည်။ သားသမီးသုံးဦးအ နက် အကြီးဆုံးဖြစ်သူ ဦးဝင်းတင် သည် ငယ်စဉ်ကပင် စာဖတ်ဝါသ နာပါ၍ အသက်(၂၀)အရွယ် တက္ကသိုလ်တက်စဉ်ကတည်းက သတင်းထောက်အလုပ်ကို စတင် လုပ်ကိုင်ခဲ့သည်။

သတင်းစာဆရာများဖြစ် သည့် ကြေးမုံဦးသောင်း (အောင်ဗလ)၊ ဇ၀နတို့နှင့်အတူ ကြေးမုံသတင်းစာ ပူးတွဲတည်ထောင်သူ၊ ဟံသာဝတီသတင်းစာအယ်ဒီ တာချုပ်အဖြစ် ထင်ရှားသူ ဟံသာဝတီဦးဝင်းတင်သည် မြန်မာနိုင်ငံ၏ ၀ါရင့်သတင်းစာ ဆရာကြီးတစ်ဦးဖြစ်သည့်အပြင် အကျဉ်းထောင်အတွင်း    အရှည် ကြာဆုံးနေခဲ့ရသည့် နိုင်ငံရေးအ ကျဉ်းသားဟောင်း ဖြစ်သည်။

ဦးဝင်းတင်မကွယ်လွန်မီက ၂၀၀၁ တွင် UNESCO အဖွဲ့က ချီးမြှင့်ခဲ့သည့် Guillermio Cano ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုဆု၊ ၂၀၀၈ တွင် ဂျာမနီနိုင်ငံကချီးမြှင့်သည့် လွတ်လပ်မှုနှင့် အနာဂတ်မီဒီယာဆု၊ ၂၀၁၁ တွင် ကမ္ဘာ့သတင်းစာအဖွဲ့အစည်းက ချီးမြှင့်သည့် ရွှေကလောင်ဆု၊ ၂၀၀၆ တွင် RSF Journalist Prize (နယ်စည်းမခြား သတင်းစာဆရာဆု)တို့ ရရှိခဲ့သည်။ ဦးဝင်းတင်သည် ၂၀၁၄ ဧပြီ ၂၁ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန် ၌ အသက် (၈၅)နှစ် ရှိပြီဖြစ်သည်။