မွန်ပြည်နယ်တွင် ၁၀ လအတွင်း မြို့ဝင်ကြေး ကျပ်သန်း ၁,၅၀၀ ကျော် ကောက်ခံရရှိ

မွန်ပြည်နယ်တွင် ၁၀ လအတွင်းမြို့ဝင်ကြေး ကျပ် သန်း ၁၅၀၀ ကျော်ကောက်ခံရရှိ ကြောင်းမွန်ပြည်နယ် အစိုးရအ ဖွဲ့ဝင်ဆောက်လုပ်ရေးနှင့် စည် ပင်သာယာရေးဝန်ကြီး ဦးမင်း ကျော်လွင်ကပြောသည်။

မြို့ဝင်ကြေးများကို ပြည် နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၇ ဇွန်လ ၁ ရက်ကစတင် ကောက်ခံရာ ယခုနှစ်မတ်လ ၃၁ ရက်အထိ စာရင်းအရအထက်ပါ ငွေကြေး ပမာဏရရှိထားကြောင်း  ၀န်ကြီးကဆိုသည်။

‘‘မြို့ဝင်ကြေးကို ကျွန်တော် တို့ ဆက်ကောက်သွားမယ်။ ဖျက် သိမ်းဖို့မရှိဘူး။ မွန်ပြည်နယ်ရဲ့ မြို့ဝင်ကြေးရရှိငွေဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ မူလလျာထား ချက်ထက်ပိုရတယ်။ မြို့ဝင်ကြေး ကောက်တဲ့ကိစ္စတွေနဲ့ပတ်သက် ပြီး ကားစီးတဲ့လူတွေက ပြန်ပြော  သံတွေကို ကျွန်တော်တို့ကြားရ တယ်။ မြို့ဝင်ကြေးကနေ ၀န် ထမ်းလစာ တော်တော်များများ ထောက်ပံ့ပေးနေတယ်။ အခု လက်ရှိမှာ စည်ပင်က ကောက်ခံ နေတယ်။ ဒီဘတ်ဂျက်ခြောက် လပြီးရင် ကုမ္ပဏီတွေကို လေလံ ပေးသွားဖို့ရှိတယ်’’ ဟု ဦးမင်း ကျော်လွင်ကပြောသည်။

     ယခုနှစ်ဆန်းပိုင်းတွင် ခရီးသွား  လာမှုများပြားသဖြင့် မြို့ဝင်ကြေး  ပိုမိုကောက်ခံရရှိခဲ့ကြောင်း ၎င်း ကဆိုသည်။

‘‘မြို့ဝင်ကြေးကို ကျွန်တော် ကတော့ မကောက်စေချင်တော့ ဘူး။ ကားစီးပြီး တခြားမြို့ကိုသွား ရင် လမ်းတံတားကြေးနဲ့ မြို့ဝင် ကြေး တစ်ထောင်လောက်ကုန် တယ်’’ ဟု မော်လမြိုင်မြို့ရှိ ယာဉ်မောင်းတစ်ဦးက ပြော ကြားသည်။

ယခင်နှစ်များက မြို့ဝင် ကြေးများကို ရွှေသံလွင် ကုမ္ပဏီ နှင့် AK ကုမ္ပဏီတို့က လေလံယူ ကာကောက်ခံခဲ့ပြီး ၂၀၁၇တွင် ယင်းကုမ္ပဏီများက ရပ်နားခဲ့ခြင်း ကြောင့် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် သက်ဆိုင် ရာမြို့နယ်စည်ပင်သာယာရေးအ ဖွဲ့က ကောက်ခံနေသည်။

မြို့ဝင်ကြေးကောက်ရာတွင်  ယာဉ်ငယ်တစ်စီးလျှင် ကျပ် ၂၀၀၊ ယာဉ်လတ်တစ်စီးလျှင် ကျပ် ၃၀၀၊ ယာဉ်ကြီးတစ်စီးလျှင်  ကျပ် ၅၀၀ ကောက်ခံနေသည်။

More in Regional Section