ရုပ်ရှင်အကြိုခံစားခြင်း

မုန်းလို့ရရင်​ မုန်းချင်​တယ်

- ဒီ​ကနေ့ ရုပ်​ရှင်​အညွှန်းကဏ္ဍမှာ​တော့ လူငယ်​အချစ်​ဇာတ်​ကားတစ်​ကားအ​ကြောင်း ညွှန်း​လိုက်​ ပါတယ်​။

ညီခက်​နဲ့​ ဟေမာန်​တို့က ချစ်​ သူ​တွေပါ။ ညီခက်​က ​​တေး​ရေးဆရာတစ်​​ဦး​ဖြစ်​ဖို့ ရည်​ရွယ်​ချက်​ ရှိသူပါ။ အဲဒါ​ကြောင့်​ ဂစ်တာလေးတီးရင်း​ ဘဝကို​ ပေါ့ပေါ့ပါးပါးပဲ ဖြတ်​သန်း​နေသူပါ။ ​ဟေမာန်က​တော့ နည်းပညာတက္ကသိုလ်​က​နေ ဘွဲ့ရထားတဲ့သူပါ။ သူတို့ နှစ်​​ဦး ချစ်​သူ​တွေဖြစ်နေတာကို​ဟေမာန့် မိဘ​တွေ သိရှိတဲ့အချိန်​မှာ​တော့ ​ဟေမာန့်ကို​ ယောက်ျား​ပေးစားဖို့ စီစဉ်​ခဲ့ပါတယ်​။

အဲဒါ​ကြောင့်​ ​ဟေမာန်တို့ ချစ်​သူ နှစ်​​ဦးက ခိုး​ပြေးခဲ့ကြပါတယ်​။ အစပိုင်းမှာတော့ သူတို့သူငယ်​ချင်းတစ်​​ယောက်ရဲ့ အကူအညီနဲ့ ညီခက်​ စုထားတဲ့ ပိုက်ဆံ၊ ​ဟေမာန်​ရဲ့ လက်ဝတ်​လက်​စား​တွေကို​ ရောင်းထားတဲ့ ပိုက်​ဆံ​တွေနဲ့ အဆင်​ပြေ​နေခဲ့ပါတယ်။ ဒါ​ပေမဲ့ အချိန်​နည်းနည်းကြာလာ ချိန်​မှာ​တော့ သူတို့လက်​ထဲမှာ​ ငွေနည်းလာခဲ့ပါတယ်။ ညီခက်ရဲ့သီချင်း​တွေကို သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ အဆို​တော်​တွေကိုလိုက်​​ရောင်း​ပေမယ့်​ ဘယ်​သူကမှ မဝယ်​ပါဘူး။

ညီခက်က​တော့ သူ့သူငယ်​ချင်းရဲ့ အကူအညီနဲ့ စားသောက်​ဆိုင်တစ်​ဆိုင်​မှာ ဂစ်တာတီးဖို့ အလုပ်​ရခဲ့ပါတယ်။ ဟေမာန်က ​တော့ ​ဆောက်​လုပ်​​ရေးကုမ္ပဏီ တစ်​ခုမှာ အလုပ်​ရခဲ့ပါတယ်။ ဒါ​ပေမဲ့ အဲဒီအလုပ်​က လူပျို၊ အပျို​တွေကိုပဲ ခန့်​တာ​ကြောင့်​ ဟေမာန်​က သူ့ကိုယ်​သူအပျိုလို့ လိမ်​ပြီး အလုပ်​​လျှောက်​ခဲ့ပါတယ်။

ဟေမာန်​က ကို​ဝေလွင်ဆိုတဲ့လူရဲ့ လက်​​ထောက်​အင်​ဂျင်​နီယာအဖြစ် အလုပ်​လုပ်​ခဲ့တာပါ။ ​နောက်​ပြီး ဟေမာန်​က အလုပ်​လည်း ကြိုးစားတာ​ကြောင့်​ ကိုဝေလွင်က အားကိုးသလို သ​ဘော လည်းကျလာခဲ့ပါတယ်​။ အဲဒါ ကြောင့်​ ​နောက်​ဆုံးမှာ လက်ထပ်​ ခွင့်​​တောင်းတဲ့အဆင့်​အထိ​ ဖြစ်​ လာခဲ့ပါတယ်​။ ​ဟေမာန်​ကတော့လခလည်း ​ကောင်းသလို သူ့အတွက်​လည်း တက်လမ်းရှိတဲ့အ လုပ်​ဖြစ်​တာ​ကြောင့်​ အမှန်​ကိုမ​ပြောရဲဘဲ စဉ်းစားပါရ​စေဆိုပြီး​ ပြောခဲ့ပါတယ်​။

မနက်​ဆိုရင်​ အလုပ်​လုပ်​ရ တဲ့ ​ဟေမာန်​နဲ့ ညဘက်​မှာ အလုပ်​ လုပ်ရတဲ့ ညီခက်​တို့နှစ်ဦးက အတူ​နေ​ပေမယ့် စကား​ပြောချိန်တွေ ရှားပါးလာခဲ့ပါတယ်​။ အဲဒီအချိန်​ မှာပဲ ညီခက်​က ​ဟေမာန်နဲ့ ကို​ဝေလွင်​တို့အ​ကြောင်း သိသွားခဲ့ပါ တယ်​။ အဲဒါ​ကြောင့်​ ​ညီခက်က ​ဟေမာန့်​ကို အလုပ်​ထွက်​ခိုင်းပါ တယ်​။ ဒါ​ပေမဲ့ ဟေမာန်က သူတို့နှစ်​​ဦးရဲ့​ ရှေ့ရေးအတွက်​ အလုပ်​ မထွက်​နိုင်​ဘူးလို့​ ပြောခဲ့ပါတယ်။ တစ်​ရက်​မှာ​တော့ ​ဟေမာန်နဲ့ ကိုဝေလွင်တို့နှစ်​ဦးနဲ့ ညီခက်​မျက်နှာချင်းဆိုင်​​တွေ့ခဲ့ပါတယ်။ အဲဒီအချိန်​မှာလည်း ​ဟေမာန်​ကညီခက်​ကို သူ့ရဲ့အစ်​ကိုဆိုပြီး မိတ်​ဆက်​​ပေးခဲ့ပါတယ်​။ အဲဒါ​ကြောင့်​ ညီခက်​ မခံမရပ်​နိုင်​ဖြစ်​ခဲ့ပါတယ်​။သူတို့နှစ်​​ဦးရဲ့ ဘဝ​ရှေ့ရေးအတွက် စဉ်းစားပြီး အလုပ်​လုပ်နေတဲ့​ ဟေမာန်​ အဲဒီကိစ္စကို ဘယ်​လို​ဖြေရှင်းမှာလဲ။ ညီခက်​ကကော ဟေမာန်​ပြောတဲ့အတိုင်း ငြိမ်​​နေမှာလား။ ကို​ဝေလွင်​ကကော သူတို့ အ​ကြောင်းကို သိသွားမှာလား။ ဘယ်​လိုဇာတ်​လမ်း​တွေ ဆက်ဖြစ်​ဦးမလဲဆိုတာကို​တော့ ဧပြီ ၂၇ ရက်က​စပြီး ​ရန်​ကုန်​၊ မန္တလေး  အပါအဝင်​ နယ်​မြို့​တွေမှာ ရုံတင်ပြသ​တော့မယ့်​ မုန်းလို့ရရင်​ မုန်းချင်​တယ်​ဆိုတဲ့ ဇာတ်​ကား​လေးမှာ ဆက်​လက်​ရှုစား​ပေးပါ။

ဒီဇာတ်​ကားမှာ ညီခက်အ ဖြစ်​​ နေတိုး၊ ကို​ဝေလွင်​အဖြစ်​ မင်းဦး၊ ဟေမာန်​အဖြစ်​ သင်ဇာဝင့်​​ကျော်​တို့က အဓိက ပါဝင်​သရုပ်​​ဆောင်​ထားပြီး သက်​ဦး​မောင်​ရဲ့ ဇာတ်​လမ်းကို မြမြင့်​မိုရ်​နဲ့ မိုးနီလွင်​တို့ ဇာတ်​ညွှန်း​ရေး​ပေးထားကာ ဒါရိုက်​တာ​အောင်​​ဇော်​လင်းက ရိုက်​ကူးပုံ​ဖော်​ထားပါတယ်​။

Top News