ပုဂ္ဂလိက သတင်းစာများ၏ ရေဆန်ခရီး

‘ဂါးဒီးယန်း သတင်းဌာနအား စတာလင်ပေါင် တစ်ပေါင်မျှဖြင့် ကူညီပေးပါ’

အဆိုပါ စာတန်းသည် အလှူ ငွေကောက်ခံနေခြင်းမဟုတ်။ ရန် ပုံငွေရှာဖွေနေခြင်းလည်းမဟုတ်။ ကမ္ဘာကျော် ဗြိတိန်အခြေစိုက် The Guardian သတင်းစာကြီး၏ တရားဝင်ဝက်ဘ်ဆိုက်တွင် တင် ထားသော သတင်းများ၊ ဆောင်း ပါးများကို ဖတ်ပြီးပါက ကြိုက်နှစ် သက်လျှင် တစ်ပေါင်မှစ၍ ထည့် ဝင်ပေးရန် သတင်းဆောင်းပါး များ၏ အောက်ခြေတွင် ဖော်ပြ ထားသော စာပိုဒ်ထဲမှ တစ်ကြောင်းဖြစ်သည်။ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

သတင်းအဖွဲ့အစည်းတော် တော်များများကဲ့သို့မဟုတ်ဘဲ မိမိ တို့အနေဖြင့် အခကြေးငွေယူ၍ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့် ရှုခွင့် သတ်မှတ်မထားဘဲ မိမိတို့ ၏ သတင်းအတတ်ပညာလုပ်ငန်း ကို တတ်နိုင်သလောက် ပွင့်လင်း အောင်ထားလိုသည့် ဂါးဒီးယန်း သတင်းဌာန၏ အမှီအခိုကင်း သော စုံစမ်းထောက်လှမ်းသတင်း ဖော်ပြမှုသည် အချိန်နှင့် ငွေများ စွာကုန်ပြီး ဖော်ပြရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။

သို့သော် ကြော်ငြာမှ မိမိတို့ ရရှိသောဝင်ငွေသည် လျော့ကျနေသောကြောင့် မိမိတို့ကို စာဖတ် သူများက ရန်ပုံငွေထောက်ပံ့ပေး ရန် လိုအပ်လာပြီး မိမိတို့သတင်း များကို ဖတ်ရှုသူတိုင်းအနေဖြင့် သတင်းများကို သဘောကျပြီး ရန်ပုံငွေရရှိအောင် ကူညီထည့် ဝင်ပေးပါက များစွာပိုပြီး ခိုင်မာ လာမည်ဖြစ်သည်။ ထို့ကြောင့် ဂါးဒီးယန်းသတင်းဌာနအား စတာလင်ပေါင် တစ်ပေါင်မျှဖြင့် ကူညီ ပေးပါဟု ရေးသားဖော်ပြထား ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် သတင်းမီဒီ ယာလုပ်ငန်း၏ ရပ်တည်မှုခက်ခဲ လာပုံကို နာမည်ကျော် ဂါးဒီးယန်း သတင်းစာကြီး၏ သတင်းရောင်း ချမှုပုံစံက သက်သေပြနေသည်။ အထူးသဖြင့် ဒစ်ဂျစ်တယ်မီဒီယာ သည် ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးမှုကြီးမားလာချိန်တွင် နာမည်ကျော် ကမ္ဘာသိမီဒီယာများပင် ရပ်တည်ရခက်ခဲလာချိန်၌ မြန်မာနိုင်ငံ တွင်လည်း အမြစ်တည်သန္ဓေပြန် တည်စ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ လမ်းလျှောက် သင်စအရွယ်မှာပင် မတ်မတ် ရပ်နိုင်ရေး ရုန်းကန်နေရသည်။

စာပေကင်ပေတိုင်ဟု ကျော် ကြားခဲ့သော စစ်အစိုးရ၏ နာမည် ကျော်စာပေစိစစ်ရေးကို ၂၀၁၂ ဩဂုတ်တွင် ဖျက်သိမ်းပြီးနောက် ရှစ်လအကြာ ၂၀၁၃ ဧပြီတွင် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ စတင်ထုတ်ဝေခွင့်ပြုခဲ့သော ကြောင့် သတင်းစာများ အပြိုင် အဆိုင် ထွက်ပေါ်လာခဲ့ကြသည်။ The Voice Daily၊ ရွှေနိုင်ငံသစ်၊ စံတော်ချိန်နှင့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေသော ပြည်ထောင်စု နေ့စဉ်သတင်းစာတို့ စတင်ထွက် ရှိလာသည်။ ထို့နောက် 7Day Daily၊ Daily Eleven၊ TheMessenger Daily၊ အင်ပါယာနေ့စဉ်၊ The Yangon Time၊ Myanmar Freedom Daily၊ ပြည်မြန်မာ၊ မဇ္ဈိမ နေ့စဉ် စသည့်ပုဂ္ဂလိ က နေ့စဉ်သတင်းစာများ ဝေဝေ ဆာဆာ ထွက်ရှိလာခဲ့သည်။ နောက်ပိုင်းတွင် The Yangon Time က ဒီမိုကရေစီတူဒေးဟု အမည်ပြောင်းထုတ်ဝေခဲ့သည်။

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုခဲ့ သည်မှာ ယခု ၂၀၁၈ တွင် ငါးနှစ် သက်တမ်းပြည့်မြောက်ခဲ့ပြီဖြစ် သည်။ ငါးနှစ်ပြည့်ချိန်တွင် ဈေး ကွက်အတွင်း ရှင်သန်ထင်ကျန် ရစ်သော နေ့စဉ်ထုတ်သတင်းစာ ၁၀ စောင်ပင်မပြည့်တော့။

ဒစ်ဂျစ်တယ်မီဒီယာ အား ကောင်းရန် အစပျိုးနေချိန် ဆယ် စုနှစ်ငါးခုကျော်ကြာ ထုတ်ဝေခွင့် ရပ်ဆိုင်းခံရပြီးမှ ပြန်လည်ထွက်ရှိ လာသော နေ့စဉ်ထုတ် သတင်း စာများသည် အစိုးရသတင်းစာနှစ် စောင်သာ ဖတ်ရှုခဲ့ရသော ပြည် သူများကြား အသစ်အဆန်းဖြစ် ကာ သတင်းအချက်အလက်စီး ဆင်းမှုနှုန်း မြန်ဆန်သော အရွေ့ တစ်ခုကို စတင်နိုင်ခဲ့သည်။

အစိုးရက ပုဂ္ဂလိကသတင်း စာထုတ်ဝေခွင့်ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုသည်ဆိုသော် လည်း မျှတသည့် ဈေးကွက်ယှဉ်ပြိုင်မှုမရှိခြင်း၊ လမ်းပန်းဆက် သွယ်ရေးအပါအဝင် သတင်းစာလုပ်ငန်း လွယ်ကူချောမွေ့ရေး Logistic ကဏ္ဍကို စီမံပေးမှုအား နည်းခြင်း၊ အစိုးရသတင်းစာများ ၏ ကြော်ငြာမူဝါဒနှင့် ဈေးနှုန်းတို့ ကို အမီမလိုက်နိုင်ခြင်းတို့က ပုဂ္ဂလိကသတင်းစာများ အဓိက ရင်ဆိုင်နေရသည့် အခက်အခဲ များဖြစ်သည်။

ထိုကဲ့သို့ ဖြစ်စဉ်များကြောင့် ပုဂ္ဂလိကသတင်းစာများအနေဖြင့် ရပ်တည်ရန် ခက်ခဲလာခဲ့ပြီး နောက် တဖြည်းဖြည်းရပ်နားခဲ့ရ သည့်အဆင့်သို့ ရောက်ရှိလာခဲ့ရ သည်။

‘‘အဓိကအခက်အခဲနဲ့ စိန် ခေါ်မှုတွေက ဝင်ငွေတွေ ထိုးဆင်း ကျလာပြီး၊ စရိတ်တွေတက်လာ ပြီး ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှု များနဲ့ ရင်ဆိုင်နေရခြင်းပါပဲ။ စောင်ရေတွေကျဆင်းလာတယ်။ ကြော်ငြာတွေ ထိုးကျသွားတယ်။ တစ်ဖက်မှာ ထုတ်လုပ်မှုကုန်ကျ စရိတ်က လျော့နည်းမလာဘဲ ပုံနှိပ်ခ၊ စက္ကူခတွေ၊ အထွေထွေ စရိတ်တွေ တက်လာတယ်’’ဟု မြန်မာနိုင်ငံ သတင်းစာဆရာအ သင်း နာယက ဦးကိုကို (စက်မှု တက္ကသိုလ်)က ပြောသည်။

အစိုးရသတင်းစာသည် မိမိ ကိုယ်ပိုင်ရပ်တည်ပြီး နိုင်ငံအ တွက် ဝင်ငွေရှာပေးနေသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အကြောင်းပြလာပြီး ပုဂ္ဂလိက သတင်းစာများ မရပ်တည်နိုင်ခြင်း က ညံ့ပြီး သတင်းများ မတိကျ၍ လည်းကောင်း၊ ကြော်ငြာမရှာနိုင် ဘဲ ဖြန့်ချိရေးအားနည်းနေသည် ဆိုသည့် လက်ညှိုးထိုးခြင်းကို ပြန်ခံနေရကြောင်း ၎င်းက ပြော သည်။

နိုင်ငံပိုင်သတင်းစာများအ နေဖြင့် တစ်စောင်လျှင် ကျပ် ၅၀ ဖြင့် အရှုံးခံရောင်းချနေသော် လည်း ကျဆုံးခြင်းမရှိပေ။ တစ် နိုင်ငံလုံးသို့ ဖြန့်ချိနေသည့် သတင်းစာဖြစ်သောကြောင့် ကြော်ငြာထည့်မည့်သူများက အစိုးရ သတင်းများဆီသို့သာ ခြေဦးလှည့် သည်။

ထို့ကြောင့် ပုဂ္ဂလိကသတင်း စာများတွင် ကြော်ငြာအားနည်း လာခြင်းနှင့်အတူ စက္ကူဈေးကြီး မြင့်ခြင်းကဲ့သို့ အထွေထွေကုန်ကျ စရိတ်မြင့်မားခြင်းကြောင့် ရပ် တည်မှု တဖြည်းဖြည်းယိုင်လဲစ ပြုလာနေသည်။

‘‘တခြားသော နိုင်ငံတွေမှာ အစိုးရတို့၊ လွှတ်တော်တို့ကနေ ပြီးတော့ သတင်းမီဒီယာတွေကို ပံ့ပိုးကူညီခဲ့တာတွေရှိပါတယ်။ တခြားနိုင်ငံတွေကလို မလုပ်နိုင် တောင်မှ အနည်းအကျဉ်းတော့ လှည့်ကြည့်သင့်ပါတယ်’’ ဟု သတင်းစာဆရာ ကိုဆွေဝင်းက ပြောသည်။

ကြော်ငြာရှင်များအနေဖြင့် သတင်းစာဖြန့်ချိရာတွင် ဒေသပို ကျယ်ပြန့်သည့် ဈေးကွက်ရှိပြီး သား နိုင်ငံပိုင်သတင်းစာများကို ဆက်လက် အသုံးပြုနေသော ကြောင့် ပုဂ္ဂလိကသတင်းစာများ အခက်အခဲနှင့် ရင်ဆိုင်နေရ ကြောင်း ပြန်ကြားရေးဝန်ကြီး ဟောင်း ဦးရဲထွဋ်က ပြောသည်။

‘‘လက်ရှိ အစိုးရကတော့ အများပြည်သူဝန်ဆောင်မှု မီဒီ ယာပုံစံဘက်ကို ပုံနှိပ်ရော၊ ရုပ်သံ မီဒီယာရော သွားမယ့်ပုံမရှိဘူး။ ပုဂ္ဂလိက မီဒီယာတွေအနေနဲ့ ပုံနှိပ်နဲ့ အွန်လိုင်းကို ပူးတွဲသွားတဲ့ စနစ်ကိုပြောင်းမှ ရေရှည်ရှင်သန် နိုင်မယ်လို့ထင်ပါတယ်။ အွန်လိုင်းကနေ ကြော်ငြာဝင်ငွေလုံလောက် အောင် မရနိုင်ဘူးဆိုရင် ဗြိတိန် နိုင်ငံ ဂါးဒီးယန်းသတင်းစာရဲ့ နည်းလမ်းကို ကျင့်သုံးသင့်တယ်’’ ဟု ၎င်းက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူနေသော ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့က သတင်းမီဒီယာတိုးတက်အောင် စီမံဆောင်ရွက်ပေးမည်ဟု ထင်ကြေးများပေးခဲ့သော်လည်း ယခု အချိန်ထိ အကောင်အထည်ဖော်မှု အားနည်းနေသည်ကိုတွေ့ရှိရကြောင်း သတင်းမီဒီယာသမား များက ပြောသည်။

ပုံနှိပ်မီဒီယာများအနေဖြင့် အစိုးရသတင်းစာများနှင့် ယှဉ် ပြိုင်နေခဲ့ရာမှ ယခုအခါ ဒစ်ဂျစ်တယ်မီဒီယာများနှင့်လည်း ယှဉ် ပြိုင်ရုန်းကန်နေရပြီဖြစ်သည်။

ထို့ကြောင့် ပရင့်မီဒီယာများ အနေဖြင့် အွန်လိုင်းမီဒီယာများကို ယှဉ်ပြိုင်နိုင်ရန် သတင်းတင်ဆက် မှုများ ပြည့်ပြည့်စုံစုံဖြင့် အားထုတ် ကာ ရေးသားရန် လိုအပ်သည်ဟု သတင်းစာဆရာ ကိုဆွေဝင်းက အကြံပြုသည်။

‘‘ဒီကိစ္စတွေက မြန်မာပြည် တင်မကဘူး။ တခြားနိုင်ငံတွေက လည်း ကြုံနေရတယ်။ တခြားနိုင်ငံတွေက သတင်းဝက်ဘ်ဆိုက်တွေ ကို ဝင်ကြည့်မယ်ဆိုရင် ပိုက်ဆံ ပေးပြီးမှသာ ဝင်ကြည့်လို့ရ အောင် လုပ်ထားတယ်။ အဲဒီလို မျိုးကိစ္စတွေကိုလည်း မြန်မာနိုင်ငံ မှာရှိတဲ့ မီဒီယာတွေကလည်း စဉ်း စားဖို့လိုလာပြီ။ အစိုးရကလည်း မီဒီယာတွေကို ပံ့ပိုးပေးဖို့လို တယ်။ ဒီလိုမှမဟုတ်ရင်တော့ သတင်းစာ၊ ဂျာနယ်တွေဟာ ကျ ဆုံးခန်းကို ရောက်ရှိသွားမယ်’’ဟု ၎င်းက သုံးသပ်ပြောသည်။

ပုံနှိပ်မီဒီယာများ အနေဖြင့် သတင်းစာများ ထုတ်ဝေဖြန့်ချိရာ တွင် ထုတ်လုပ်မှုကုန်ကျစရိတ် များက တစ်စတစ်စမြင့်တက်လာ ခြင်းကလည်း စိန်ခေါ်မှုတစ်ရပ် လိုဖြစ်နေသည်။ စက္ကူဈေး မြင့် တက်လာမှုများကလည်း ပုံနှိပ်ထုတ်ဝေရန် အခက်အခဲအချို့ရှိ လာခဲ့သည်။

ဈေးကွက် ချဲ့ထွင်မှုတွင် လည်း နိုင်ငံပိုင်မီဒီယာကို မယှဉ် ပြိုင်နိုင်ခြင်းက ထုတ်လုပ်မှုကုန် ကျစရိတ်မြင့်တက်မှုကို မကာနိုင် ခြင်းအခြေအနေများ ဖြစ်ပေါ်နေ သည်။

‘‘နိုင်ငံပိုင်တွေရောင်းဈေးနဲ့ နိုင်ငံပိုင်တွေက ရနေတဲ့ ကုန် ကြမ်းဈေးတွေနဲ့ ကျွန်တော်တို့ ဘယ်လိုမှ မယှဉ်နိုင်ဘူး။ နောက် တစ်ခုက ကြော်ငြာတွေကို အစိုးရ သတင်းစာတွေက အုပ်စီးထားတဲ့ အတွက် အပြင်သတင်းစာတွေ ဟာ ရသင့်သလောက်မရဘူး။ ပိုဆိုးတာက အစိုးရသတင်းစာမှာ ကြော်ငြာမှ တရားဝင်တယ်ဆိုတာ မျိုး တရားဝင်တော့မဟုတ်ပေ မယ့် သတင်းလွှင့်တာတွေရှိတော့ ကြော်ငြာကမရတော့ဘူး။ ဒီဖြတ် သန်းခဲ့တဲ့ ပုဂ္ဂလိကသတင်းစာ ငါး နှစ်သက်တမ်းမှာ အစိုးရပံ့ပိုးမှုက တော့ ဝေလာဝေးပဲ။ ကျွန်တော် က အရင်မြန်မာ့အလင်းနဲ့ ကြေးမုံ နှစ်စောင်စလုံးမှာ လုပ်ခဲ့တော့အားလုံးသိတယ်။ အစိုးရ အာ ဘော်အတွက်ဆို သတင်းစာကို ဘာကြောင့် နှစ်စောင်ထားလဲ။ တစ်စောင်နဲ့ဆို လုံလောက်နေပြီ။ စီးပွားရေးလုပ်တာမဟုတ်ပါဘူး လို့ ပြောနေပေမယ့် အခုပုံစံက နှစ်စောင်လုပ်ပြီး စီးပွားရေးလုပ် နေတာပဲလို့မြင်တယ်။ ပုဂ္ဂလိက သတင်းစာတွေကို ကြော်ငြာနဲ့ ဖိသတ်နေတာပဲ’’ဟု မြန်မာတိုင်းမ်နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးရဲမြင့်ဖေက ပြောသည်။

ထိုကဲ့သို့ အခြေအနေများ ကို ကျော်လွှားနိုင်ရန် နိုင်ငံပိုင် သတင်းစာများ ထုတ်ဝေနေသော သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သည် နှစ်စဉ် အမြတ်ရရှိပြီး အရှုံးမပေါ်သည့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဖြစ်ကြောင်း၊ ပြည်ပမှ ကုန်ကြမ်းစက္ကူ၊ မင် စသည့်သတင်းစာအတွက် လိုအပ်သော စက်ပစ္စည်းဝယ်ယူရာတွင် သတင်းစာကုန်ချောများ တစ်နိုင်ငံလုံး ပြည်သူများလက်ဝယ် အရောက် ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်တိုင်းအ တွက် ပုဂ္ဂလိကသတင်းစာများနှင့် တန်းတူ အခွန်အခများပေးဆောင်နေကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် မေဦးမိုးက ရေးသားထားသည်။

‘‘ကျွန်တော်တို့ဆီမှာ ဥပဒေ တွေ၊ မူပိုင်ခွင့်တွေက အားနည်း တယ်။ ကိုယ့်ရှင်သန်ရပ်တည်ခွင့် အတွက် မဖြစ်မနေ သတင်းစာက နေ သတင်းအဆက်မပြတ်အောင် မရှိရှိတာနဲ့ စောင့်ကြည့်ရုန်းကန် နေရတာ။ စီးပွားရေးအရ ကိုက် တာ၊ မကိုက်တာထား။ အကုန် လုံးက Survive ဖြစ်အောင် ရုန်း နေရတာ။ တစ်ဖက်မှာ ဒစ်ဂျစ် တယ်က အပြောင်းအလဲအရမ်း မြန်နေတယ်။ အခြေအနေအရ သတင်းစာတွေ မပျောက်အောင် ကျားကန်နေရတယ်။ ကျွန်တော် တို့ ရပိုင်ခွင့်တွေက တိုးမလာဘူး။ လျော့လာတာပဲရှိတယ်’’ဟု မြန် မာသံတော်ဆင့် နေ့စဉ်သတင်း စာ အယ်ဒီတာ ဦးမျိုးညွန့်မောင် က ပြောသည်။

‘‘အဓိကကတော့ ဒီမိုကရေ စီနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာရဲ့ အခန်းကဏ္ဍထိပ်ဆုံးရောက်ဖို့ပဲ။ သတင်းလွတ်လပ်ခွင့်တွေ ကျ ဆင်းလာနေတယ်။ သတင်းသမားတွေ ကျင့်ဝတ်နဲ့မညီဘူးလို့ လက် ညှိုးထိုးတာခံနေရတယ်။ အဲဒါကို အကြောင်းပြပြီး သတင်းရယူခွင့်၊ ဖော်ပြရေးသားခွင့်တွေ အကန့်အ သတ်တွေရှိနေတယ်’’ဟု ဦးကိုကို (စက်မှုတက္ကသိုလ်)က လက်ရှိ အစိုးရလက်ထက် သတင်းလွတ် လပ်ခွင့် ဆုတ်ယုတ်လာမှုအပေါ် ပြောသည်။

အစိုးရအနေဖြင့် နိုင်ငံပိုင် သတင်းစာ ကြော်ငြာရရှိရေးနှင့် သတင်းစာဖြန့်ချိမှုမြင့်မားတိုး တက်ရေးကိုသာ အဓိကထားနေ ပြီး ပုဂ္ဂလိကသတင်းမီဒီယာများ ကို အလေးမထားသည်က အခက်အခဲတစ်ခုဖြစ်နေကြောင်း မြန်မာ ဂျာနယ်လစ်ကွန်ရက် အတွင်းရေး မှူး ဦးမြင့်ကျော်က ဝေဖန်သုံးသပ် သည်။

ပုံနှိပ်မီဒီယာလောကသည် ရပ်တည်ရန် ရုန်းကန်နေရပြီး အစိုးရက ကြေးမုံနှင့် မြန်မာ့အ လင်းဟူ၍ သတင်းစာနှစ်စောင် ထုတ်ဝေမည့်အစား တစ်စောင် တည်း ထုတ်ဝေခြင်းဖြင့် ကျဆင်း နေသော ပုဂ္ဂလိကပုံနှိပ်မီဒီယာကို ဈေးကွက်ဝေစုပေးရန် ပြန်ကြား ရေးဝန်ကြီးထံ တိုက်တွန်းတောင်း ဆိုမှုများရှိသော်လည်း ယင်းသို့ ပြုလုပ်ရန် အစီအစဉ်မရှိသေး ကြောင်း ဝန်ကြီး ဦးဖေမြင့်က ပြောကြားထားသည်။

‘‘သမားရိုးကျစဉ်းစားနည်းနဲ့ အစိုးရသတင်းစာတွေ ရပ်ပေးပါ လို့ အော်နေရုံနဲ့ ဘာမှထူးလာမှာ မဟုတ်ဘူး။ အစိုးရသတင်းစာ တွေရဲ့ အင်အားပါဝါနဲ့ညီတဲ့၊ ကျော်လွန်တဲ့ အင်အားပါဝါတစ် ခုကို ကျွန်တော်တို့ စုစည်းလိုက်ဖို့ လိုတယ်။ အဓိကက ဒီမိုကရေစီ နိုင်ငံမှာ ပုဂ္ဂလိကသတင်းစာရဲ့ အခန်းကဏ္ဍထိပ်ဆုံးရောက်ဖို့ပဲ။ ဒါဟာ Vision ပဲ။ ဒီ Vision အ တွက် Strategic Plan တစ်ခု ကျွန်တော်တို့ ဝိုင်းစဉ်းစားရမယ်။ အရင်ဆုံးက ပုဂ္ဂလိကသတင်းစာ တွေ စုစည်းနိုင်တဲ့၊ တိုင်ပင်နိုင်တဲ့ အသိုက်အဝန်းတစ်ခု အရင်တည် ထောင်ရမယ်’’ဟု ဦးကိုကိုက ယင်းအခက်အခဲကို ကျော်လွှား နိုင်မည့် နည်းလမ်းအား ပြော ကြားသည်။

ပုဂ္ဂလိက နေ့စဉ်သတင်းစာ များ ငါးနှစ်ပြည့်မှသည် နောက် ထပ်နှစ်ပေါင်းများစွာ ဆက်လက် တည်တံ့နိုင်မည်လားဆိုသည်ကို တော့ မည်သူမျှ တပ်အပ်သေချာ မပြောနိုင်သေး။