တနင်္သာရီတိုင်းအစိုးရ ၀န်ကြီးနှစ်ဦး၏ ဖေ့စ်ဘွတ်ခ်အကောင့်များ ဟက်ခံရပြီး ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေ

 တနင်္သာရီတိုင်းဒေသ ကြီး အစိုးရ၀န်ကြီးနှစ်ဦးအသုံး ပြုသော ဖေ့စ်ဘွတ်ခ်အကောင့် များ ဟက်ခံရပြီးနောက် ဖေ့စ် ဘွတ်ခ်မက်ဆင်ဂျာနှင့် တယ်လီ ဖုန်းများမှတစ်ဆင့် ၀န်ကြီးအမည် များဖြင့် ငွေကြေးလိမ်လည် တောင်းခံမှုများရှိနေကြောင်း အ ကောင့်ဟက်ခံရသည့် သစ်တော၊  သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးမြင့်မောင်က  ပြောသည်။ 

တနင်္သာရီတိုင်း အစိုးရ  သစ်တော၊ သယံဇာတနှင့် ပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး မြင့်မောင်အသုံးပြုသော Myint Mg Mg ဖေ့စ်ဘွတ်ခ်အကောင့်နှင့်၊  စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း  အသုံးပြုနေသော ဖေ့စ်ဘွတ်ခ်အ ကောင့် ဟက်ခံရခြင်းဖြစ်သည်ဟု  ၎င်းကပြောသည်။

ဖေ့စ်ဘွတ်ခ်အကောင့်များ ဟက်ခံရပြီးနောက် မက်ဆင်ဂျာမှ တစ်ဆင့် ဖုန်းဘီလ်တောင်းခံမှု များပြုလုပ်နေကြောင်း ၀န်ကြီး ဦးမြင့်မောင်က ဆက်လက်ပြော သည်။ 

‘‘ဟက်ခံရတဲ့အကောင့်က နေ ဌာနတွင်း သစ်တောက ဒုညွှန် မှူးတစ်ယောက်မှာ ဖုန်းဘီလ် ထည့်ခိုင်းတော့ ဟိုကလည်းသုံး သောင်းဖိုး ထည့်ပေးလိုက်ရ တယ်။ နောက်ဆက်တွဲငွေချေး တာတို့ ဘာတို့ဖြစ်လာမှာစိုးလို့ အကောင့်အသစ်ကနေတစ်ဆင့် သူငယ်ချင်းတွေကို အသိပေး ထားတယ်’’ ဟု ၎င်းကဆိုသည်။ 

ယင်းသို့ အကောင့်ဟက်ခံ ရပြီး ၎င်း၏ နာမည်အသုံးပြုကာ ငွေကြေး လိမ်လည်တောင်းခံမှု များနှင့် ပတ်သက်၍ အမှုဖွင့်ရေး ယူဆောင်ရွက်မည် မဟုတ်သော် လည်း မက်ဆင်ဂျာနှင့် ဖုန်း (၀၉- ၇၈၄၄၂၆၅၆၈) တို့ဖြင့် ဆက် သွယ်လာပါက လက်ခံဆောင် ရွက်ခြင်းမပြုရန် ၎င်းကအသိပေး  ထားသည်။