ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ မြန်မာဝန်ထမ်းများ စတင်ခေါ်ယူ

 ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက အိုင်ယာလန်နိုင်ငံရှိရုံး၌ တာဝန် ထမ်းဆောင်ရန် မြန်မာနိုင်ငံသား ဝန်ထမ်းသုံးဦးကို ဧပြီ ၂၂ ရက် တွင် အလုပ်ခေါ်ယူခဲ့သည်။

အော်ပရေးရှင်း ခေါင်း ဆောင်တစ်ဦးနှင့် ဈေးကွက်သုတေသနနှစ်ဦး ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဖေ့စ်ဘွတ်ခ်၏ တွဲဖက်တည် ထောင်သူ မာ့ခ်ဇူကာဘက်ကမြန်မာနိုင်ငံတွင် မြန်မာဝန်ထမ်းဒါဇင်နှင့်ချီခန့်အပ်မည်ဟု ညီလာခံတစ်ခုတွင် ပြောဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံသားဝန်ထမ်းများ ခေါ်ယူခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ဖေ့စ်ဘွတ်ခ် အသုံးပြုသူ သန်း ၂၀ ကို စောင့် ကြည့်ထိန်းသိမ်းရေး မြန်မာဘာ သာစကားကျွမ်းကျင်သည့် မြန်မာဝန်ထမ်းများအား ဖေ့စ်ဘွတ်ခ် ကုမ္ပဏီအတွင်း တိုးမြှင့်ခန့်ထားရန် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းရှစ်ခုက ဧပြီပထမပတ်တွင် အိတ်ဖွင့်ပေးစာပေး၍ တောင်းဆိုခဲ့သည်။

‘‘ခေါ်ဆိုထားတဲ့ ဝန်ထမ်း တွေကတော့ မြန်မာအကြောင်း အရာတွေကို ကောင်းကောင်း နားလည်ပြီးတော့  ပြန်လည်တုံ့ ပြန်နိုင်တဲ့လူမျိုး ဖြစ်လိမ့်မယ်ထင် တယ်။ ဒါပေမဲ့ Dublin မှာနေတဲ့ လူ၊ UK မှာနေတဲ့ မြန်မာတွေပဲ သွားလုပ်လို့ရတဲ့ အနေအထား မျိုးဖြစ်တယ်’’ဟု နည်းပညာဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း (MIDO) မှ မထိုက်ထိုက်အောင်က ပြောသည်။

ဧပြီလအတွင်း နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦး၏ ပို့စ်ကို ဖေ့စ်ဘွတ်ခ်က လူမှုစံနှုန်းနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ဖြုတ်ချ ခဲ့သည့်နောက်ပိုင်း ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ၌ မြန်မာဘာသာစကား နှင့် မြန်မာနိုင်ငံအကြောင်း ကောင်းစွာနားလည်သည့် ဝန် ထမ်းများ ပိုမိုတိုးချဲ့ရန်လိုအပ်နေ ပြီဟု ပြည်တွင်းအရပ်ဘက်အဖွဲ့ အစည်းများက  ထုတ်ပြန်ခဲ့သည်။

‘‘စံနှုန်းနဲ့ ငြိနေတာတွေကို ရီပို့မလုပ်ရင် ဖြုတ်မချတော့ဘူး လားလို့ မေးစရာရှိတယ်။ ဖေ့စ် ဘွတ်ခ်အနေနဲ့ကတော့ ဒီထက် ရှင်းလင်းတဲ့ ပေါ်လစီတစ်ခုကို ချမှတ်ထားသင့်တယ်။ ရီပို့လုပ်တဲ့ အကြောင်းအရာတွေကို စောင့် ကြည့်နေတဲ့လူကလည်း ဘက် မလိုက်ဖို့ အများကြီးလိုတယ်’’ဟု Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။