ပလင်းကမ်းသာယာဆင်စခန်းတွင် ဆင်ကောင်ရေ ထပ်တိုးထားရှိမည်

အသစ်ဖွင့်လှစ်ထားသော ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များကိုတွေ့ရစဉ် ဓာတ်ပုံ − ပလင်းကမ်းသာယာဆင်စခန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ် ပုလင်းကျေးရွာအနီးရှိ ပလင်းကမ်းသာယာဆင်စခန်း တွင် ဆင်ခြောက်ကောင်ထားရှိပြီး နောက်ထပ် ဆင်နှစ်ကောင် ထပ် တိုးရန် တင်ပြထားကြောင်း ချင်း တွင်းဖောင်ဖွဲ့ရေးဒေသ လက် ထောက် အထွေထွေမန်နေဂျာ ဦးအောင်ဌေးက ပြောသည်။


ပလင်းကမ်းသာယာဆင် စခန်းကို မတ်လ ၂၈ ရက်က စတင်ဖွင့်လှစ်ရာ လက်ရှိအချိန်ထိ လာ ရောက်လည်ပတ်သူ ၂၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။ ဆင် များကို အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေရန် ဆင်တင်းကုပ်များ တွင် ရေဖျန်းခြင်း၊ ဆင်ဆရာဝန် ထားရှိခြင်းများရှိကြောင်း ၎င်းက ဆိုသည်။

‘‘အညာဒေသဘက်မှာ ဆင် တွေရဖို့က ခက်တယ်။ အခုလို ဆင်စခန်းလုပ်ပေးတာ ကောင်းပါ တယ်။ နောက်ဆင်စာလေးတွေ ကျွေးရတာ ပျော်ဖို့ကောင်းတယ်။ ဆင်တွေလည်း သတ်ဖြတ်ခြင်းက လည်း ကာကွယ်ပြီးသားဖြစ်တယ်’’ ဟု ဆင်စခန်းသို့ လာရောက်လည် ပတ်သူ မသဇင်က ပြောသည်။

ပလင်းကမ်းသာယာ ဆင် စခန်းတွင် ပြည်တွင်းမှ လာရောက် လည်ပတ်သူတစ်ဦးလျှင် ကျပ် ၁,၀၀၀ သတ်မှတ်ပြီး နိုင်ငံခြား သားတစ်ဦးလျှင် ကျပ် ၁၀,၀၀၀ သတ်မှတ်ထားကြောင်း၊ ဆင်စာ တစ်ဗန်းလျှင် ကျပ် ၁,၀၀၀ ပေးရ ပြီး ကြံ၊ ဖရဲသီး၊ ပြောင်းဖူးများ ပါဝင်ကြောင်း ဆင်စခန်းသို့လာ ရောက်လည်ပတ်သူများက ဆို သည်။

ဆင်စီး၍ စခန်းအတွင်း လည်ပတ်ကြည့်ရှုနိုင်သလို ဧရာဝတီမြစ် အတွင်း မော်တော်များဖြင့် နေဝင် ဆည်းဆာအလှများ လည်ပတ် ကြည့်ရှုနိုင်ပြီး ဆင်နှင့်ပတ်သက် သော ဗဟုသုတများလည်း လေ့ လာနိုင်ကာ ဆင်များကို အနီးကပ် ကြည့်ရှုနိုင်သည်။

မြန်မာနိုင်ငံတွင် ဆင်စခန်း ၁၉ ခုရှိပြီး လက်ရှိတွင် ပလင်း ကမ်းသာယာဆင်စခန်းသည် လာ ရောက်လည်ပတ်သူ အများဆုံး ဖြစ်ကြောင်း ဦးအောင်ဌေးက ပြောသည်။

Top News