ဧရာဝတီနှင့် ရှမ်းတွင် လေပြင်းကြောင့် နေအိမ် ၆၀၀ ကျော်ပျက်စီး

နောင်ချိုတွင် လေပြင်းကြောင့်လဲကျသည့်သစ်ပင်များကို မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းနေစဉ်(ဓာတ်ပုံ − Myo Thant Aung)

 ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်ရှိဒေသအချို့ တွင် လေပြင်းကျရောက်ပြီး နေ အိမ် ၆၀၀ ကျော်ပျက်စီးကာ ထိခိုက်ပျက်စီးမှုစာရင်းတိုးလာ နိုင်ကြောင်း ဒေသတွင်းတာဝန်ရှိ သူများက ပြောသည်။

ဧပြီ ၂၄ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး မအူပင်၊ ညောင် တုန်း၊ ရှမ်းပြည်နယ်မိုင်းဖြတ်မြို့၊ ဧပြီ ၂၅ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး ဇလွန်၊ လေးမျက် နှာ၊ ဓနုဖြူ၊ ရှမ်းပြည်နယ်တွင် နောင်ချို၊ ညောင်ရွှေမြို့တို့၌ လေ ပြင်းတိုက်ခတ်ခဲ့သည်။


‘‘ဒီမှာက ဆက်တိုက်ဖြစ်နေ တာ။ ဇလွန်မြို့မှာ အများဆုံးပဲ။ နေအိမ် ၄၀၀ ကျော် ပျက်စီး တယ်။ ရာသီဥတုက နေ့စဉ်လိုလို ဆိုးနေတာ’’ ဟု ဧရာဝတီတိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဦးသန်းစိုးက ပြောသည်။

လေပြင်းဒဏ်ကြောင့် ဧရာ ၀တီတိုင်းဒေသကြီးအတွင်းနေ အိမ် ၅၀၀ ကျော်ပျက်စီးခဲ့သည် ဟု ၎င်းကပြောသည်။

ရှမ်းပြည်နယ်တွင်မူ ပျက်စီး မှုအနည်းငယ်သာရှိနိုင်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းထား ပြီး ပျက်စီးထိခိုက်မှုစာရင်း ကောက်ယူနေဆဲဖြစ်သည်။

 ‘‘ကျွန်တော်သတင်းရသ လောက် ညောင်ရွှေအထက(၁) ကျောင်းဆောင်ထိတယ်။ သစ်ပင် တွေလဲတယ်။ နေအိမ်တွေသွပ် အမိုးလန်တယ်ကြားတယ်။ အ သေးစိတ်တော့မသိသေးဘူး’’ ဟု ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဦးသိန်းဇော် မိုးက ပြောသည်။

လေထုမငြိမ်မသက်ဖြစ်စဉ် ကြောင့် မြန်မာနိုင်ငံဒေသအများ စုတွင် ဧပြီ ၂၆ မှ ၃၀ ရက်အတွင်း အချိန်အခါမဟုတ်မိုးနှင့် လေပြင်း အန္တရာယ်သတိပြုရန် မိုးဇလဌာန က သတိပေးထားသည်။