ဆုမချီးမြှင့်ခဲ့ခြင်းအတွက် ဘလွန်းဒီအောအဖွဲ့က အင်နီယေစတာအား တောင်းပန်

ဂုဏ်သိက္ခာကြီးမားသော ဘလွန်းဒီအောဆုကို တစ်ကြိမ်မျှ မချီးမြှင့်ခြင်းအတွက် ပြင်သစ် ဘောလုံးမဂ္ဂဇင်းအဖွဲ့က အင်နီ ယေစတာအား တောင်းပန်ခဲ့ သည်။

ကမ္ဘာ့အကောင်းဆုံး ဘော လုံးသမားကို နှစ်စဉ်ချီးမြှင့်သော ဘလွန်းဒီအောဆုသည် နှစ်တိုင်း လိုလိုပင် ဘောလုံးပရိသတ်နှင့် ဝေဖန်သူများထံမှ အဆုံးမရှိသော ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့သည်။

ပြင်သစ်အပတ်စဉ် မဂ္ဂဇင်း က ဧပြီ ၂၄ ရက်တွင် စပိန်လက် ရွေးစင် အင်နီယေစတာအား ဂုဏ်ပြု၍ အယ်ဒီတာ့အာဘော် ရေး သားပြီး အင်နီယေစတာ၏ ကစား ဟန်ကို ချီးကျူးခဲ့ကာ မက်ဆီအပါ အဝင် ၎င်း၏အသင်းဖော်များအ ပေါ် ကြီးမားသော သက်ရောက် မှုများကြောင်း တခမ်းတနားရေးသားခဲ့သည်။

ထို့အပြင် ၂၀၀၈ ကစ၍ မက်ဆီနှင့် ရီးရဲလ်မှ ရော်နယ်ဒိုတို့ လွှမ်းမိုးထားသော ဘလွန်းဒီအော ဆုကို တစ်ကြိမ်မျှ မရရှိခြင်းအ တွက် ဝမ်းနည်းကြောင်း  အယ်ဒီ တာ့အာဘော်က ဖော်ပြသည်။

၂၀၁၀ တွင် စပိန်နှင့်အတူ ကမ္ဘာ့ဖလားရရှိပြီး ဗိုလ်လုပွဲ၌ တစ်လုံးတည်သော ဂိုးကို သွင်းယူ ပြီးနောက် အင်နီယေစတာသည် ဘလွန်းဒီအောဆုအတွက် ရေ ပန်းစားသော်လည်း မက်ဆီ နောက်တွင် ဒုတိယသာရရှိခဲ့ သည်။

ယူရို ၂၀၁၂ ပြိုင်ပွဲကို စပိန် အနိုင်ရခဲ့ပြီး ပြိုင်ပွဲ၏အကောင်း ဆုံး ကစားသမား သတ်မှတ်ခံရ သော်လည်း အင်နီယေစတာက တတိယသာရရှိကာ မက်ဆီက ပထမရရှိခဲ့ပြန်သည်။

ဘလွန်းဒီအော   ဆုကို France Football မဂ္ဂဇင်းက ၁၉၅၆ တွင် ထူထောင်ခဲ့ပြီး နိုင်ငံ တကာ ဂျာနယ်လစ်များ၏ မဲများ ဖြင့် ရွေးချယ်ခဲ့သည်။ ၂၀၀၉ မှ ၂၀၁၅ အထိ ဖီဖာအဖွဲ့နှင့်ပူး ပေါင်းကာ အဖွဲ့ဝင်နိုင်ငံများ၏ နည်းပြနှင့် အသင်းခေါင်းဆောင် များက မဲပေးရွေးချယ်ခဲ့သည်။

အင်နီယေစတာ (၃၃) နှစ် သည် ဘာစီလိုနာတွင် (၁၆) နှစ် ကြာ ကစားပြီးနောက် တရုတ် နိုင်ငံသို့ ပြောင်းရွှေ့ရန် ယခုသီ တင်းပတ်အတွင်း ကြေညာမည် ဟု မျှော်လင့်ထားသည်။

—Ref:Reuters