KNU နှင့် တိုက်ပွဲမဖြစ်အောင် ဆောင်ရွက်မည်ဟု တိုင်းမှူးပြော

တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အကြား ပစ်ခတ်မှုနှင့် တိုက်ပွဲများမဖြစ်ပွားအောင် ညှိနှိုင်းဆောင် ရွက်မည်ဟု တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပြောကြားကြောင်း JMC သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (ပဲခူး) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ၂၀၁၈ ဧပြီ ၂၄ ရက်တွင် သံတောင်ကြီးမြို့နယ် သံတောင်မြို့သို့ သွားရောက်၍ ပြည်သူလူထုနှင့် တွေ့ဆုံကာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာလုပ်ငန်းများ ရှင်းလင်းပြောကြားသည်။ ယင်းတွေ့ဆုံပွဲအဖွင့် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် JMC-S (ပဲခူး)ဥက္ကဋ္ဌတောင်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ယင်းသို့ ထည့်သွင်းပြောကြားကြောင်း JMC က ဧပြီ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲများ ဖြစ်ပွားပါက တိုက်ပွဲကြားရှိ ပြည်သူလူထုအ ခက်အခဲများစွာ ကြုံတွေ့ရ ကြောင်းနှင့် JMC သည် တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား ပစ်ခတ် တိုက်ခိုက်မှုများမဖြစ်ပွားအောင် ထိန်းသိမ်းစောင့်ကြည့်ပေးသည့် အဖွဲ့ဖြစ်ကြောင်း လူထုအား ရှင်း ပြခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အရပ်သား ကိုယ်စားလှယ် များသည် နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့အကြား ပစ်ခတ်မှုများမ ဖြစ်အောင် ဒိုင်လူကြီးသဖွယ် လုပ် ဆောင်ရပါကြောင်း၊ တပ်မတော် နှင့် KNU အကြား ပစ်ခတ်မှုမဖြစ် အောင်၊ တိုက်ပွဲများမဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း တောင်ပိုင်းတိုင်း စစ်ဌာန ချုပ်တိုင်းမှူးက ပြောကြားခဲ့သည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ဧပြီ ၂၃ ရက်က စတင်တာဝန်ယူခဲ့သည့် ဗိုလ်ချုပ် မျိုးဝင်းသည် လက်ရှိတွင် ပဲခူး တိုင်း JMC-S ကော်မတီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူဆောင် ရွက်နေသည်။

KNU အဖွဲ့ ယနေ့အချိန်အထိ ရပ်တည်နိုင်သည်မှာ ပြည် သူလူထု၏ ပံ့ပိုးမှုကြောင့် ဖြစ်ကာ အလားတူအစိုးရအဖွဲ့ကို ကူညီ ပံ့ပိုးနေသည်မှာလည်း ပြည်သူ များဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးအခြေခံကို တည်ဆောက်ခဲ့ပြီး ယင်းအခြေ ခံပိုမိုခိုင်မာလာစေရန် ပြည်သူ လူထု၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့ကြိုးစားနေကြောင်း JMC-S (ပဲခူး) အတွင်းရေးမှူး (၁) ဖြစ်သည့် KNU ကိုယ်စားလှယ်က တွေ့ဆုံပွဲ အဖွင့်နှုတ်ခွန်းဆက်စကားတွင် ပြောကြားသည်။

တပ်မတော်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုး ထားသည့် KNU တို့သည် ဖာပွန် ခရိုင်အတွင်း စစ်ရေးတင်းမာမှု ဖြစ်ပွားနေပြီး ဒေသခံ နှစ်ထောင် ကျော်တိမ်းရှောင်နေရသည်။

သံတောင်ကြီးလူထုတွေ့ဆုံ ပွဲသို့ JMC-S (ပဲခူး)ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၂) နှင့် အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ တပ်မတော်နှင့် KNU တို့မှ နယ်မြေခံတပ်ဖွဲ့ဝင် များနှင့် လူထု ၃၀၀ ကျော်တက် ရောက်ခဲ့ကြောင်း JMC က သတင်းထုတ်ပြန်သည်။