ကျပ်သိန်း ခုနစ်ထောင်ကျော်တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းအတုများ တင်သွင်းခဲ့သော တင်ဒါအောင်ကုမ္ပဏီကို အစိုးရအမှုဖွင့်

သက်သေခံပစ္စည်းများ မရရှိသေးဟု ဆို

ကျပ်သိန်း ခုနစ် ထောင်ကျော်တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းအတုများတင်သွင်း သည့် ဆေးဝါးကုမ္ပဏီတစ်ခုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကနေပြည်တော်တွင် အမှုဖွင့် ထားသော်လည်း သက်သေခံ ဆေးဝါးများမရရှိသေးကြောင်း စခန်းမှူး ဒုရဲမှူး တင်ဌေးက ပြောသည်။

‘‘တင်ဒါခေါ်ယူစဉ်က တင် သွင်းမယ်ဆိုတာ အရည်အသွေး ကောင်းတဲ့ ဂျပန်နဲ့ ကိုရီးယား ထုတ်တွေ။ တကယ်တမ်းသွင်းတဲ့ အခါကျတော့ မတူဘူး။ ပစ္စည်း တွေက နယ်တွေက ပြန်တောင်း နေရလို့ ရဲဆီမရောက်သေးဘူး’’ ဟု ၎င်းက ပြောသည်။

ဇန်န၀ါရီ ၂၅ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရား ကုန်းရဲစခန်းတွင် ပြည်သူ့ကျန်း မာရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာ ဉာဏ်ထွန်းဦး က တရားလိုပြုလုပ်ကာ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီကို အမှု ဖွင့်တိုင်တန်းခဲ့သည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သည့် ဆေးဝါးများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တင်သွင်းခဲ့သည်။

ထိုသို့ဝယ်ယူသော ဆေး ပစ္စည်းများကို တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ကျန်းမာရေး ဌာနအားလုံးသို့ ဖြန့်ဖြူးပြီးနောက် ၎င်းတို့သုံးစွဲ၍ တင်ပြချက်အရ တင်သွင်းရောင်းချခဲ့သည့် ဆေး ၀ါးများသည် တင်ဒါခေါ်ယူစဉ်က တင်ပြသည့် ဆေးဝါးအရည်အ သွေးနှင့် မကိုက်ညီသည်ကို တွေ့ ရှိရကြောင်း ကျန်းမာရေးဝန်ကြီး ဌာန တိုင်တန်းချက်တွင် ဖော်ပြ ထားသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် စုံစမ်းစစ်ဆေးဆောင်ရွက်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ အ ထက်ပါကဲ့သို့ အမှုဖွင့်တိုင်ကြား ခြင်း ဖြစ်သည်။

‘‘လောလောဆယ်တော့ စစ်ဆေးနေတုန်းရှိသေးတယ်။ ကုမ္ပဏီဘက်တော့ မဆက်သွယ် သေးဘူး။ ဒီဘက်က အကြောင်း အရာတွေ Safe Side ဖြစ်မှ ဆက် သွယ်မယ်’’ဟု ဒုရဲမှူး တင်ဌေးက ပြောသည်။ ယင်းအမှုကို ၁၉၉၂ခုနှစ် အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ ၁၈ ဖြင့် စစ်ဆေးနေသည်။

တရားလိုအဖြစ် တိုင်ကြား သူ ဒုတိယညွှန်ကြားရေးမှူးထံ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရဘဲ ၀န်ကြီးဌာန တာဝန်ရှိသူထံ ဆက်သွယ်ရာ အသေးစိတ်အချက်အလက်ကို မသိရှိသောကြောင့် ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ဧပြီအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ညွှန်ချုပ်သည် ကျပ်သိန်း၁,၅၀၀ ကျော်  လာဘ်စားခဲ့၍ အဂတိတိုက်ဖျက်ရေးပုဒ်မဖြင့် အမှုဖွင့်အရေးယူခံထားရသည်။

ပြည်သူ့ကျန်းမာရေးဦးစီး ဌာနအနေဖြင့် ၂၀၁၈ ဧပြီမှ စက် တင်ဘာလအထိ ခြောက်လအ တွက် တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ဆေးဝါးပစ္စည်းများဝယ်ယူ ရန် ကျပ် ခုနစ်ဘီလီယံအသုံးပြု မည်ဖြစ်ပြီး ကျပ် ၁၀ ဘီလီယံကို ရုံးချုပ်တွင် သုံးစွဲရန် လျာထား သည်။