တကောင်းရွှေပြည် စည်းခုံစေတီ စိတ်ကရည်၍ . . .

နွမ်းပါးသော်လည်း သန့်ပြန့်ရည်မွန်သော တကောင်းဒေသခံ အင်းလုပ်ငန်းမိသားစုဝင်များ (ဓာတ်ပုံ - ချမ်းငြိမ်း)

ဆေးရုံမှ လျှောက်လာ သောအခါ လမ်း ဘယ်ဘက်တွင် တ ကောင်းရှေးဟောင်းသုတေသန ပြတိုက်ဝင်းကို မြင်ရသည်။ ပြ တိုက်သည် မြေအမြင့်တွင်တည် ရှိကာ ခံ့ညားစွာတွေ့ရသဖြင့် စိတ်ချမ်းသာသွားသည်။ ပြတိုက် အတွင်းသို့ ချက်ချင်းမ၀င်ဘဲ ၀န်း ကျင်ရှိတူးဖော်ထားသော မြေနေ ရာများကို လှည့်ပတ်ကြည့်ဖြစ် သည်။ တကောင်းပြတိုက်ဝင်းအ တွင်း ပြသထားသောကုန်းအမှတ် (၂၉)နှင့် (၄၃)တို့သည် တူးဖော် ကာလမကြာသေး။ ငါးနှစ်မျှသာရှိ သေးသည်။ ဤနေရာသည်လည်း ပုဂံခေတ် အဆောက်အအုံများ တည်ရှိရာဖြစ်ပြီး ကုန်းဘောင် ခေတ်၌ ပြုပြင်တည်ဆောက်ခဲ့ ကြောင်း၊ ဓမ္မာရုံကဲ့သို့လူအများ စုဝေးရာ ဗုဒ္ဓသာသနိကအဆောက် အအုံငယ်ဟုယူဆရပြီး ကြေးစည် (သို့မဟုတ်)တုံးမောင်းကဲ့သို့ ချိတ် ဆွဲရာရှိကြောင်း၊တူးဖော်ရာ၌ ပုဂံ ခေတ်နှင့် ကုန်းဘောင်ခေတ်လက် ရာအုတ်ချပ်ကြီးများ၊ ရေစင်သွန်း အိုး၊ သပိတ်ကွဲများ၊ မြေရုပ်ဒိုး ပြားများ၊ မြေပုတီးစေ့များ၊ ကြေး ထည်ပစ္စည်းများ၊ လူ့အံသွားနှင့် တိရစ္ဆာန်အရိုးများ တွေ့ရသဖြင့် လူအများ စုဝေးရာနေရာဖြစ် ကြောင်း သိရသည်။ တစ်နေရာ တွင် မြေအနက်သုံး၊ လေးပေ အောက်၌ ရှေးဟောင်းမြေအိုးကြီး တစ်လုံးတွေ့ရသဖြင့် ပကတိအ ခြေအနေအတိုင်း အမိုး၊ အကာ ပြုလုပ်ကာ ပြသထားသည်။


ပြတိုက်အ၀င်တွင် ပြတိုက် မှူး ဒေါ်ခင်ထွေးဝင်းက ပျူပျူငှာ ငှာဆီးကြိုပါသည်။ ပြတိုက်အ တွင်း လှည့်လည်ပြသရင်းဓာတ်ပုံ ရိုက်ခွင့်ပြုထားသဖြင့် ၀မ်းသာရ သည်။ တကောင်းရှေးဟောင်း သုတေသနပြတိုက်အတွင်း ထင် မှတ်ထားသည်ထက်ပိုမိုစုံလင်စွာ မြင်ရသဖြင့် ကျေနပ်နေမိသည်။ ကျွန်တော်တို့နှစ်ရက်အတွင်း တ ကောင်းဝန်းကျင်လေ့လာသွား ရောက်ရာ၌ အုတ်ရိုးပုံ၊ မြို့ရိုး ပျက်နှင့်အတူ တူးဖော်လက်စ မြေနေရာများသာမြင်ခဲ့ရာမှ ယခု တွေ့ရသည်က စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ထိုအခါကျမှ ကျွန်တော်တို့ မြင်တွေ့ခဲ့သော ကုန်းများ၊ ချိုင့်ဝှမ်းများနှင့်တောင် ပူစာများရှိကျင်းများ၌ တွေ့ရ သော ရှေးဟောင်းပစ္စည်းများကို တစုတဝေးတည်း ပြသထား ကြောင်း ရေးရေးတွေးမိလာ သည်။ တကောင်းဒေသရှာဖွေတူး ဖော်တွေ့ရှိချက်များသည် ဤပြ တိုက်အတွင်း စုဝေးရောက်ရှိနေ ပါလားဟု တစ်ဆက်တည်းသ ဘောပေါက်သွားသည်။ ပြတိုက် အလယ်တည့်တည့်တွင် ပျူခေတ် ပုံစံတူသံချက်ဖိုကြီးပြသထားပြီး ယင်းကို ပုတီးဖြူရွာ၌တွေ့ရှိ သောသံချက်ဖိုအတိုင်း နမူနာပြု လုပ်ပြသထားကြောင်း သိရ သည်။ မူရင်းတွေ့ရှိသောသံချက် ဖိုကြီးသည် အမြင့်ငါးပေမှ ခုနစ် ပေကျော်အထိရှိပြီး ဖိုအ၀ခြောက် ပေကျော်ရှိကာမြေပေါ်၌ သုံးပေ မျှပေါ်နေကြောင်း သိရသည်။ အ လားတူ သံချက်ဖိုများကို ပုတီးဖြူ ရွာနှင့်ကြံညှပ်ရွာကြား ကြံခင်း များအလယ်ထပ်မံတွေ့ရသည် ဆို၏။

ပြတိုက်အတွင်း အများဆုံး မြင်ရသည်က ပျူခေတ်လက်ရေး စင်းပါအုတ်ချပ်များဖြစ်ပြီး အချို့ အုတ်ချပ်များသည် တစ်ပေခွဲ၊ နှစ် ပေမျှကြီးမားသည်။ ရေတ ကောင်းများ၊ မြေအိုးများနှင့်ပျူ ခေတ်ကျောက်ပုတီး၊မြေပုတီး၊ ခရုပတ်ပုံပါရှိသော ကြေးချူများ၊ သံလက်နက်ပစ္စည်းများ ပြသ ထားသည်။ ဗိန္ဓုပြောက်ခေါ်ပျူ ခေတ်ဦးလက်ရာအလုံးများပါရှိ သော မြေမီးဖုတ်အမိုးပြားများ၊ စဥ့်အိုးခြမ်းကွဲများကို မှန်ခန်းသွင်း ပြထားသည်။ တစ်နေရာတွင် ရွှေ နန်းဆွဲအပိုင်းအစနှင့် ကုန်းအမှတ် (၁၅)မှတွေ့ရှိတူးဖော်ထားသော ရွှေဖောင်းကြွဘုရား၏ပုံတူဓာတ် ပုံကို ပြသထားသည်။ ယခင်က မူရင်းကိုပြသခဲ့သော်လည်း လုံ ခြုံရေးအရ ပြန်လည်ထိန်းသိမ်း ထားကြောင်း ပြတိုက်မှူးကပြော သည်။ ပကတိအတိုင်း အများဆုံး မြင်ရသည်က ရေတကောင်းအိုး များနှင့် ပုံစံအမျိုးမျိုးပြုလုပ်ထား သောမြေအိုးများဖြစ်သည်။ ထို ထိုအိုးများသည် လုံးလုံးဝိုင်းဝိုင်း၊ ပုပုရှည်ရှည်၊ အ၀ကျဉ်း၊ အ၀ကျယ် ပုံသဏ္ဌာန်မျိုးစုံမြင်ရပြီးပတ်လည် ၌ အနုလက်ရာများဖြင့်ပုံဖော်ထား သည်။ အများစုသည် တကောင်း နှင့်ဝန်းကျင်ဒေသများ၌ တူးဖော် တွေ့ရှိသော၊ အချို့တောင်ယာ လုပ်စဉ် ယာခင်းထဲတွေ့ရသဖြင့် ဆိုင်ရာသို့လာအပ်သော ရှေး ဟောင်းပစ္စည်းများဖြစ်ပေသည်။ အလွန်ရှေးကျသော လက်ရာနှစ် ခုမှာ တကောင်းခေတ်ဦးဆိုနိုင် သော အလှဆင်ပန်းဆွဲအမိုးအုတ် ကြွပ်များနှင့် ဓားကိုင်လူရုပ်ပါ အုတ်ချပ်ဖြစ်သည်။ အဆိုပါအုတ် ချပ်ကို လွန်ခဲ့သောလေး၊ ငါးနှစ် ခန့်က ကုန်းအမှတ်(၃၀)တူးဖော် စဉ်တွေ့ရှိခဲ့ပြီး အရွယ်တစ်ပေခွဲ ခန့်ရှိကာ ပုဂံခေတ်ဦးလက်ရာဟု သိရသည်။ ထိုသို့သောအုတ်ချပ် မျိုး မြန်မာတစ်ပြည်လုံးတွင် တ ကောင်းဒေသ၌သာ တွေ့ရ ကြောင်း ရှေးဟောင်းဌာနက စာ ရေးထားသည်။

ပြတိုက်အတွင်း ယခုလှည့် လည်ကြည့်သောအခါ နှစ်ရက် လုံးလုံးကုန်းခေါင်ခေါင်၊ မြေမို့မို့၊ ချိုင့်ကြီးချိုင့်ငယ်အသွယ်သွယ်၌ မြင်ခဲ့သည့်တူးဖော်နေရာများမှ တွေ့ရှိသောရှေးဟောင်းပစ္စည်း များတစ်နေရာတည်း စုပြုံရောက် နေကြောင်း သိလာသည်။ ‘‘ဪ ...ငါရောက်ခဲ့တဲ့အဲဒီနေရာမှာ ဒီ ဘုရား၊ ဒီရုပ်တုလေးတူးဖော်ခဲ့ တာပါလား’’ ဟုနားလည်သဘော ပေါက်လာသည်။ ပို၍လည်း စိတ် ၀င်စားလာသည်။ ထို့ကြောင့် ရှေး ဟောင်းပစ္စည်းများကို အချိန်ပေး​၍ တစ်ခုချင်း၊ တစ်နေရာချင်း လိုက်လံရှင်းလင်းပြသောပြတိုက် မှူးနှင့်ဝန်ထမ်းအမျိုးသမီးငယ်ကို ကျေးဇူးတင်စကားပြောရသည်။

ပြတိုက်မှထွက်တော့ မွန်းလွဲ နေပါပြီ။ ဗိုက်ဆာနေမှန်းရိပ်မိ သော ဦးလှထွန်းက ‘‘လာ....လာ တကောင်းမှာ စားကောင်းတဲ့ ထမင်းဆိုင်သွားရအောင်။ ရှေ့ နားလေးပါပဲ’’ ဟု ဦးဆောင်ခေါ် သဖြင့် သုတ်သုတ်လျှောက်ခဲ့ကြ သည်။ ဆေးရုံကို ပြန်လည်ကျော် လွန်လာသောအခါ လမ်း၏ညာ ဘက်တွင် သပ်သပ်ရပ်ရပ်ခင်း ကျင်းထားသည့် ‘ထင်ကျော်’ အ မည်ရှိထမင်းဆိုင်သို့ရောက်လာ ၏။ ဟင်းများက စုံလှသည်။ အိုး ကြီးများဖြင့် ချက်ပြုတ်ထားပြီး ထပ်မံချက်နေသောဟင်းအိုးများ ကို မီးဖိုများထက် တွေ့ရသည်။ ဆိုင်ရှိမိန်းကလေးငယ်သုံး၊ လေး ဦးလက်မလည်နိုင်၊စားသောက် သူများကို တည်ခင်းပေးနေသည်။ လူသုံးယောက်မို့ ဟင်းသုံးပွဲသာ မှာသော်လည်း လာချပေးသော ဟင်းရံတို့က မနည်း။အာလူးဟင်း၊ မြေထောင့်ပဲနှပ်၊ ဘဲဥပန်းဂေါ်ဖီ ကြော်၊ အစိမ်းကြော်၊ ဒေသထွက် မြူရွက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ သီးစုံချဉ်ရည်ဟင်း၊ ငါးပိချက်၊ ငါးပိရည်တို့စရာတို့ဖြင့် မြိုင်လှ သည်။ စားနေစဉ် လျော့ကျသွား သော ဟင်းရံတို့ကို မခေါ်ရဘဲလာ ရောက်ဖြည့်တင်းပေးကြ၍ အလှူ အိမ်စားနေရသလိုပင်။ စား သောက်ပြီးငွေရှင်းတော့ တစ် ယောက် ၁,၅၀၀ ကျပ်သာကျပါ သည်။

‘‘ဒီပုံစံမျိုး၊ ဒီဈေးနဲ့သာ ရန် ကုန်မှာ ရောင်းရင် အုန်းအုန်းထနေမှာပဲ’’ ဟု မိတ်ဆွေကပြောသည်။ စားသောက်ပြီးသော် ဦးလှထွန်း အိမ်သို့ ပြန်ကာနားရ၏။ ညနေ ထွက်ရဦးမည်မဟုတ်လော။

(၁၁)

နေအနည်းငယ် ကျသွား သောအခါ တကောင်းဒေသ၏ စီး ပွားရေး အချက်အချာကျရာကျွန်း မြေများဘက် လျှောက်ခဲ့သည်။ ထိုဝန်းကျင်တွင် ရေတိုက်စားပြီး ကျန်ရှိနေသေးသော မြို့ဟောင်း အုတ်ရိုးကို မြင်နိုင်ကြောင်း ဦးလှ ထွန်းက ပြောသည်။ အင်းများရှိ ရာလမ်းတစ်လျှောက်ရေလုပ်ငန်း မိသားစုဝင်များ၏ တဲအိမ်ငယ် လေးများက ဟိုနားတစ်စု၊ သည် နားတစ်စု၊တဲအိမ်ငယ်တစ်လုံးရှေ့ အဖြတ် ချစ်စဖွယ်ကလေးငယ် တစ်ဦးနှင့် အစ်မများဖြစ်ပုံရသော မိန်းကလေးငယ်နှစ်ဦး၏ ကြည် လင်ဖော်ရွေသော မျက်နှာများကို တွေ့ရသည်။ ဤဒေသတွင်သတိ ထားမိသည်က ဒေသခံအများစု မှာ ရုပ်ရည်ကြမ်းကြမ်းတမ်းတမ်း မရှိ၊ မလှလျှင်သာနေမည်။ ဆင်း ရဲချင်ဆင်းရဲမည်။ သန့်သန့်ပြန့် ပြန့်ရည်ရည်မွန်မွန်ရှိကြသည်။ စကားပြောကြည့်တော့ လေက အညာလေသာ...၊ ယင်းကိုထိုမိ သားစုလေးက ပြသနေပါသည်။ အင်းကမ်းပါးယံဘေးသို့ အနည်း ငယ်တက်လိုက်သောအခါ ရှေး မြို့ရိုးဟောင်းအစိတ်အပိုင်းအ ချို့ကို လူနေရပ်ကွက်ကြားတွေ့ရ သည်။ ထိုမြို့ရိုးပျက်အုတ်တွေအ ပေါ် နေလှန်းထားသောငါးခြောက် ဗန်းအချို့တွေ့ရသည်။ ညနေအ လုပ်သိမ်းချိန်ဖြစ်၍ မလှမ်းမကမ်း တွင်လူအချို့ နွားစာကျွေးရန်ပြင် ဆင်နေကြသည်။ တောအရက် ဆိုင်လေးတစ်ဆိုင်ရှေ့ရပ်ထား သော ဆိုင်ကယ်နှစ်စီးတွေ့ရပြီး ဆိုင်အတွင်းဝေ့၀ဲကြည့်ရာ ညနေ ခင်းအပန်းဖြေသူ လူလေး၊ ငါး၊ ခြောက်ဦးမြင်ရသည်။ ကမ်းနား တစ်လျှောက် လျှောက်လာစဉ် ဦးလှထွန်းမိတ်ဆက်ပေး၍ အ သက်(၅၀)၀န်းကျင် ဒေသခံ တောင်သူကိုမျိုးနိုင်နှင့် စကား ပြောခွင့်ရပါသည်။

‘‘ကျွန်တော့်နာမည်မျိုးနိုင် ပါ။ တကောင်းဇာတိပါပဲ။တောင် သူအလုပ်ကိုလုပ်လာတာ နှစ်အ စိတ်လောက်တော့ရှိပြီ။ တက္က သိုလ်ဒုတိယနှစ်တက်နေရင်း ရှစ် ဆယ့်ရှစ် အရေးအခင်းကာလ ကျောင်းတွေပိတ်သွားတော့ မိဘ မိရိုးဖလာဖြစ်တဲ့ တောင်သူအ လုပ်ထဲရောက်သွားတာ။  အရင် ကတော့ မိဘတွေနဲ့တွဲလုပ်တယ်။ အိမ်ထောင်ကျပြီး နှစ်တွေကြာ လာတော့ ကိုယ့်ဘာသာခွဲလုပ် လာတာပါ။ ကျွန်တော်တို့တောင် သူအလုပ်က မြန်မာလိုသီတင်း ကျွတ်လထဲ မြစ်ရေပြန်ကျသွား ရင် ကျွန်းထဲ၊ တောထဲဆင်းရ တယ်။ စိုက်ဖို့၊ ပျိုးဖို့လုပ်ရတယ်။ အဲဒီကနေ တန်ခူးလရောက်ရင် ပဲသိမ်းတာပေါ့။ ပဲနုတ်ပြီးတော့ ကမ်းပေါ် ပြန်တက်ကြတယ်။ တစ်ခါတလေတော့လည်း က ဆုန်၊ နယုန်ကျမှ ပြန်တက်တယ်။ ဒါကတော့ မြစ်ရေပေါ်မှာမူတည် တယ်။ ခြောက်လကတော့ ကျွန်း ထဲဆင်းနေရတာပဲ။ ဒီမှာတော့ သီးကြမ်း(ပဲကြမ်း)စိုက်တယ်။မြေ ပဲစိုက်တယ်။ မြေပဲကတော့ပထမ ပဲသိမ်းပြီး တန်ခူးလကုန်လောက် မှ သိမ်းတာ။ ကျွန်တော့်လုပ်ကွက် က ဘုရားကလှမ်းကြည့်ရင် ဟိုး.. သစ်ပင်ကြီးတွေရှိတဲ့အနားမှာ ပေါ့။ မိဘဘိုးဘွားမြေပေါ့ဗျာ။ အခုတော့ မြေထောင့်ပဲစိုက်ထား ပါတယ်’’ ဟု ရှင်းပြသည်။ ရိတ် သိမ်းပြီးသီးနှံများ ဆောင်ရွက်ပုံ ကိုမေးမြန်းရာ....

‘‘ကျွန်တော်တို့ တောင်သူ တွေက မန္တလေးပွဲရုံတွေနဲ့ ချိတ် ဆက်ထားကြတယ်။ မန္တလေးကို တိုက်ရိုက်ပို့တာပဲ။ တချို့က ကျွန်းထဲအထိ ဆင်းဝယ်ကြတယ်။ ဒါပေမဲ့ အခုလုပ်ငန်းကိုင်ငန်း မကောင်းတာ သုံး၊ လေးနှစ်ရှိပြီ။ အဓိကကတော့ ရာသီဥတု ကြောင့်ပါ။ ရာသီဥတုကမှန်းရ ခက်တော့ သီးနှံအပျက်အစီးရှိ တယ်။ အလေအလွင့်ဖြစ်တယ်။ ပြီးတော့...ပိုးကျတာရှိတယ်။ ပိုး ကိုတော့ ပိုးသတ်ဆေးနဲ့နှိမ်နင်းရ တာပေါ့။ များသောအားဖြင့် အ ဆင်မပြေကြတာများပါတယ်။ တောင်သူဆိုတာ ရာသီဥတုကို မှီ ခိုလုပ်ရတာ။ ဥတုပျက်တော့ တောင်သူလည်းပျက်တာပေါ့ ဗျာ’’ ဟု ခံစားချက်ဖြင့်ပြောသည်။

တောင်သူအများစု၏ စီးပွား ရေးအခြေအနေကို မေးမြန်းသော်

‘‘အဆင်ပြေတဲ့တောင်သူ တွေလည်းပြေပါတယ်။ အများစု ကတော့ ကြွေးယူပြီးလုပ်ကိုင်ကြရ တယ်။ သီးနှံအထွက်နဲ့မကိုက်ရင် အလျဉ်မမီချင်ဘူး။ မပြေတဲ့နှစ် ကျတော့ ရှေ့နှစ်ကိုမျှော်ကိုးပြီး လုပ်ရတာပဲ။ ပြေလည်တဲ့နှစ်ကျ တော့ လုပ်ငန်းလေးချဲ့ထွင်ပြီး လုပ်ရတာပေါ့။ မပြေတဲ့အခါကျ ရှေ့လာမယ့်နှစ်အတွက်ကြိုးစား လုပ်ရတာပေါ့။ တောင်သူဘ၀က ဒီလိုပါပဲ’’ ဟု ပြောပါသည်။ ကျွန် တော်တို့ လမ်းလျှောက်စကား ပြောကောင်းနေစဉ် နေလုံးသည် မင်းဝံတောင်တန်းကြီးနောက် ရောက်သွားသဖြင့် အမှောင်က ချက်ချင်းကျရောက်လာသည်။ ‘‘ဩော်... မနက်ဆိုရင်တကောင်း မှပြန်ရတော့မည်’’ တွေးမိရင်း ကမ်းနားမှလှည့်ပြန်ခဲ့ပါသည်။

ဖြိုဖျက်မခံရမီ တွေ့ရသော ရှေးဟောင်းရွှေစည်းခုံဘုရား


ဖြိုဖျက်ခံရပြီးနောက် အုတ်ဖိနပ်မျှသာကျန်တော့သည့် ရွှေစည်းခုံဝန်းကျင်ကို ယခုနှစ် မတ်လကတွေ့ရစဉ် (ဓာတ်ပုံ - ချမ်းငြိမ်း)

(၁၂)

မိုးလင်းခါနီးမှ အအေးက ပြင်းလာသဖြင့် ခြုံထည်ဂွမ်းကပ် စောင်ကြီးနှစ်ထည်အတွင်း ကွေး ချင်နေသေးသော်လည်း မထချင် ဘဲထခဲ့ရသည်။ တည်းခိုအိမ်က စီစဉ်ပေးသော မုန့်ဟင်းခါးနှင့် လက်ဖက်ရည်ကို စားသောက်ပြီး သုံးဦးသားလမ်းလျှောက်ထွက်ခဲ့ သည်။ မြင်မြင်လေတိုင်း မြူနှင်း များကျဆင်းနေ၍ သည်လိုမနက် ခင်းမျိုးတွေ့ရခဲသောရန်ကုန်မြို့ ကြီးနှင့် နှိုင်းယှဉ်မိပြန်သည်။ ရာ သီဥတု မည်မျှဖောက်ပြန်သည် ပြောပြော နယ်တွေမှာတော့ နှင်း တွေကျနေသေးသည်။ မြူတွေဝေ ဆိုင်းဆဲဖြစ်သည်။ တစ်ချက်တစ် ချက်ကုတ်ခြစ်လိုက်သလိုဆောင်း လက်ကျန်လေသရမ်းက စိမ့်ခနဲ အေးသွားစေသည်။

ကျွန်တော်တို့သည်လျှောက် ကောင်းကောင်းဖြင့် လျှောက်လာ ကြရာ ရွှေစည်းခုံဝန်းကျင်သို့ မရည်ရွယ်ဘဲ ရောက်လာပြန် သည်။ လမ်းတစ်လျှောက် တစ် ဦးနှင့်တစ်ဦးစကားများများမဆို ဖြစ်ဘဲ လျှောက်လာခိုက် ရွှေစည်း ခုံဘုရားအကြောင်း ယခင်မေး မြန်းစဉ်တစ်မျိုးတစ်ဖုံဖြစ်သွား သော ဦးလှထွန်း၏ပုံသဏ္ဌာန်ကို သတိရသွားကာသည်အချက်ကို ရှင်းအောင်မေးမည်ဆုံးဖြတ်ပြီး...

‘‘ဦးလှထွန်းကို မေးစရာတစ် ခုရှိပါတယ်။ တစ်နေ့က ဒီနေရာ ကိုရောက်တော့ ရွှေစည်းခုံအ ကြောင်း ဦးလှထွန်းရှင်းရှင်းလင်း လင်းမပြောပြခဲ့ဘူး။ ကျန်တဲ့နေ ရာအားလုံးကို အသေးစိတ်ပြောပြ ခဲ့တဲ့ ဦးလှထွန်းက ဒီနေရာကျမှ နှုတ်ဆိတ်နေလို့ ကျွန်တော်တို့ အံ့ဩခဲ့ရတယ်။ ကျွန်တော်တို့ လည်း မပြန်ခင်စိတ်ထဲရှင်းရှင်း လင်းလင်းဖြစ်သွားအောင် ဦးလှ ထွန်းသဘောထားကို သိလိုပါ တယ်’’ ဟု တဲ့တိုးပင်ပြောချလိုက် သည်။

အမေးကိုဦးလှထွန်းက ချက် ချင်းမတုံ့ပြန်၊ ချိန်ဆနေဟန်ရှိ သည်။ ပြီးမှ...

‘‘ဒီကိစ္စကို ကျွန်တော်လည်း ပြောချင်ပါတယ်။ မပြောပြနိုင် စရာတော့ မရှိပါဘူး။ ပြောရရင် လည်း နည်းနည်းရှည်ပါမယ်’’ ဟု ပြောရာ ကျွန်တော်ကတွန်းအား ပေးမိပြန်သည်။

‘‘လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်၊ ၁၉၈၅၊ ၈၆ တုန်းက ရှေး ဟောင်းရွှေစည်းခုံဘုရားကြီးအ ဖျက်ခံခဲ့ရပါတယ်’’ ဟုဆိုရာ ကျွန် တော်ခေါင်းနားပန်းကြီးသွားပြီး အရေးကြီးသောအဖြစ်အပျက် တစ်ခုသိရတော့မည်တွေးမိကာ ထပ်ဆင့်မေးမိပြန်သည်။

‘‘ဘယ်လိုအဖျက်ခံရတာလဲ ဦးလှထွန်း’’

‘‘ရှစ်ဆယ့်ရှစ်အရေးအခင်း မဖြစ်ခင် ဘုရားကိုဖျက်ကြတာ။ ဖျက်ကြပြီး အရေးအခင်းဖြစ်နေ တဲ့အချိန်ကျမှ သူတို့ဘုရားရဲ့ အ လယ် ၁၄၊ ၁၅ တောင်လောက် နက်တဲ့ မြေကျင်းကြီးကိုပြန်ဖို့သွား ကြတာ။ ဘေးမှာတင်နေတဲ့မြေ စာတွေဆိုမနည်းဘူး။ အရေးအ ခင်းပြီးတော့ ကျွန်တော်လူကြီး ဖြစ်လာတဲ့အခါကျမှ ဘူဒိုဇာနဲ့ တိုက်ပြီး ဖြန့်ပစ်လိုက်ရတာ’’ ဟု ရွှေစည်းခုံမြေနေရာဝန်းကျင်ကို လက်ဖြင့်ဝှေ့ယမ်းပြသရင်းပြော သည်။

‘‘သူတို့ဆိုတာ ဘယ်သူတွေ လဲ’’

‘‘ဦးတင်သိန်းနဲ့ အဖွဲ့၊ ရန် ကုန်က...’’ ဟုဆိုပါသည်။ ကျွန် တော်က ....

‘‘ရှေးဟောင်းရွှေစည်းခုံကို ဦးနုလက်ထက်မှာ မွမ်းမံခဲ့သေး တယ်လို့ တစ်နေရာမှာ ဖတ်ဖူး တယ်ဦးလှထွန်း’’ ဟုမေးရာ..

‘‘ဟုတ်တယ်။ ဘုရားကြီးကို ဦးနုလက်ထက်မှာ မန္တလေးက နဂါးဒေါ်ဦးမွမ်းမံပေးတာ။ အခုထိ အုတ်ပန္နက် နေရာဝန်းကျင်နဲ့ လျှောက်လမ်းတချို့မှာ နဂါးတံ ဆိပ်အုတ်တွေမြင်နိုင်သေးတယ်။ ဒေါ်ဦးက ကမကထလုပ်ပြီးဦးနု ခေတ်မှာ ပြုပြင်ခဲ့တာ။ ပထမမူလ စည်းခုံဘုရားကြီးက တောင်ပို့စေ တီတကယ့်ရှေးဟောင်းကြီး။ တ ကောင်းခေတ်လက်ရာ၊ အဲဒါကို ဒေါ်ဦးက ဘုရားပုံပြန်ဖော်၊ အောက်ဖိနပ်တော် ခေါ်မလား၊ ပစ္စယာခေါ်မလား၊ အရှေ့ဘက် ကနေလှေကား ၁၁၃ ထစ်ရှိ တယ်။ အပေါ်မှာအကျယ် ၃၁ ပေ ရှိတယ်။ အဲဒီဘုရားပေါ်က လှမ်း ကြည့်ရင်ဦးတိုက်ဘုရားကိုမြင်ရ တယ်။ အဲဒီလောက်ကြီးရှိတာကို ၈၅၊ ၈၆ မှာရန်ကုန်ကဦးတင်သိန်း နဲ့အဖွဲ့က ဘုရားပြင်မယ်ဆိုပြီး တူးတာပဲ။ ဖျက်တာပဲ။ ရွှေမြင် တင်ဆရာတော်ကြီး ဦးနရိန္ဒက တားတယ်။ ဘုရားကိုဖဲ့တာ။ဖျက် တာမလုပ်ကြပါနဲ့။ ပြောနေတဲ့ ကြားက ဒုံးလုပ်သွားကြတာ။ အဲဒီ တုန်းက မဆလခေတ်ဆိုတော့ သူတို့က သပိတ်ကျင်းကနေပြီး အထောက်အထားတွေ ပါလာ တယ်။ ကျွန်တော်တို့ကြားရတာ က ခွင့်ပြုစာပါလာတယ်ပေါ့။ ဘယ်လိုနည်းနဲ့ရသလဲတော့ မသိ ဘူး။ ကျွန်တော်ပြောမယ်ဗျာ။ မြေပြင်ကနေ ၁၁၃ အထစ်ရှိတဲ့ ထုထည်ကြီးပြိုတဲ့အပြင် မြေကြီး ထဲကို ၁၄ တောင်လောက်နက် တဲ့ ကျင်းကြီးကိုပေါ်ရော။ ဖျက် လိုက်တဲ့အုတ်အတော်များများ လည်း ကြေကုန်တာပါပဲ။ အလုပ် သမားတွေနဲ့ပေါက်ဖျက်တာကိုး။ ၁၄၊ ၁၅ တောင်လောက်နက်တဲ့ မြေကြီးထဲ ကျွန်တော်ကိုယ်တိုင် ဆင်းကြည့်ခဲ့သေးတယ်။ ကျွန် တော့် လူကြီးရင်စို့လောက်ရှိတဲ့ လေးထောင့် ကျောက်သေတ္တာ ကြီးတွေ့တယ်။ အဲဒီအပေါ်မှာ ကျောက်တုံးအကြီးကြီးကို အုပ် ထားတာ။ ဒီဟာကိုပဲလှန်ပြီး ယူ သွားကြတာ။ အထဲဘာရှိသလဲ တော့ကျွန်တော်အတိအကျမသိ ဘူး။ ဒါပေမဲ့ ဒီအချိန်က တ ကောင်းက မဖွံ့ဖြိုးသေးဘူး။ကျေး ရွာအဆင့်ပဲရှိသေးတယ်။ ခုလို အ ချိန်ဆိုရင်တော့ မရတော့ဘူး’’ ဟု ရှည်ရှည်လျားလျားရှင်းပြသည်။

ဦးလှထွန်းစကားများကြားရ တော့ ကျွန်တော်တို့နှစ်ဦးသားအံ့ ဩနေကြသည်။ မယုံနိုင်စရာမရှိ။ ယင်းရွှေစည်းခုံဘုရားမူလပုံစံကို ရိုက်ကူးထားသော ဓာတ်ပုံများရှိ ပြီး ကိုယ်တိုင်လည်းမြင်ဖူးကာပုံ အချို့ကို အနီးရှိလေးမျက်နှာဘု ရားကြီးအတွင်းချိတ်ဆွဲပြသထား သည်။ သို့သော် ယင်းမှတ်တမ်း ဓာတ်ပုံတစ်ပုံ၌ ၁၉၈၇ ခုနှစ်မြေခ ပျက်စီးခဲ့သည် ဟုသာ ရေးထား သည်။ တစ်ဖန်ဦးလှထွန်းလို ပုဂ္ဂိုလ်ထံမှ လုပ်ကြံဇာတ်လမ်း များ၊ မဖြစ်နိုင်ဖွယ်အကြောင်းအ ရာများ မကြားသိနိုင်မှန်း ကျွန် တော်ယုံကြည်သည်။ ဦးလှထွန်း သည် ဤမျှ နိုင်ငံ့သမိုင်းနှင့်ဗုဒ္ဓ သာသနာရေးတွင် အရေးကြီး သည့်အကြောင်းအရာတစ်ခုကို လီဆယ်ပြောမည့်သူမဟုတ်။ ယ ခုသူပြောနေစဉ် ခံစားချက် ကြောင့် အသံများပင်တုန်ယင် လျက်ရှိသည်။ ကျွန်တော်က အဓိ ကအချက်ကို တွက်ဆပြီး....

‘‘ဒီလူတွေ ဘာကြောင့် ဒီ လောက်အထိလုပ်ခွင့်သာသွား တာလဲ။ ဒေသခံတွေက ထိထိ ရောက်ရောက်မတားဘူးလား’’ ဟု မေးရာ....

‘‘တကောင်းလည်း မဖွံ့ဖြိုး သေး၊ ခေတ်နောက်ကျနေတော့ အဲဒီခေတ်က မြို့မျက်နှာဖုံးဆိုတဲ့ အုပ်စုကို ဦးတင်သိန်းက အပိုင် ပေါင်းပြီး မဆလပါတီနဲ့တိုက် လိုက်တာပဲ။ ဒီက မဆလတွေနဲ့ ဘုန်းကြီးတွေပေါင်းပြီးတားတာ။ နောက်ဆုံးမဆလတွေ အလျှော့ ပေးခဲ့ကြတယ်’’ ဟု ဆက်လက် ပြောသည်။

ထိုစဉ်

ကျွန်တော့်မိတ်ဆွေက....

‘‘ဦးတင်သိန်းရဲ့ ဇာစ်မြစ်ကို ကောမသိဘူးလား’’ ဟု ၀င်မေး ရာ...

‘‘အသေးစိတ်တော့မသိဘူး။ ရန်ကုန်ကဆိုတာပဲသိတယ်။ ထူး ခြားတာက ဒီလူလည်းနောက်ပိုင်း ဒုက္ခအကြီးအကျယ်ရောက်တယ် ကြားတယ်။ သူသာမကဘူး။ သူ့ သားသမီးတွေပါ ဒုက္ခတွေကြုံရ တယ်။ တချို့လည်းသေကုန်ကြ တယ်သိရတယ်။ ဌာပနာနေရာ ကတော့ ခင်ဗျားတို့မြင်ရတဲ့အ တိုင်း ချိုင့်ကြီးဖြစ်ပြီးငှက်ပျောပင် တွေတောင် ပေါက်နေတယ် မဟုတ်လား’’ ဟု ကျွန်တော်တို့ ကိုမေးခွန်းပြန်ထုတ်သည်။

တစ်ဆက်တည်း ခြေဟန် လက်ဟန်ဖြင့်၎င်း၏ရင်ညွန့်အထိ လက်တိုင်းပြကာ....

‘ဘယ်လောက်အထိ ဆိုးသ လဲဆိုရင် ကျွန်တော့်ရင်စို့လောက် ရှိတဲ့ ကျောက်သေတ္တာကြီးကို ကျောက်တုံးကြီးနဲ့ဖိထားတာ။ အ ထဲမှာ ဘာမှမရှိစရာမရှိဘူး။ ကျောက်သေတ္တာကြီးက မြေကြီး မှာစွဲမြဲနေတာ။ အထက်၊အောက် လေးဘက်ညီနေတာပဲ။ အပေါ် မှာချထားတဲ့ကျောက်တုံးကြီးတင် နည်းတာမဟုတ်ဘူး။ တစ်ခြမ်းက အပြား၊ တစ်ခြမ်းက အမောက်၊ နောက်တော့ အဲဒါကြီးကိုကုတ်နဲ့ ကော်ထုတ်ပြီး ဘေးမှာချထားတာ မြင်ရတယ်။ ဒီတုန်းက သူတို့ည ဘက်တွေတူးနေတာ ဘာလို့သိသ လဲဆိုတော့ ကျွန်တော်ကဘုရားရဲ့ အင်္ဂါထောင့်လောက်မှာ ကြံစက် သွားလည်နေတာ။ သူတို့က သူ တို့ကို လူမမြင်အောင်ဖြိုထားတဲ့ နေရာက မြေစာတွေအကာအ ကွယ်နဲ့လုပ်ကြတာ။ မြေပုံကြီး တွေ ပုံချပြီး လူမ၀င်အောင်၊ ဘေး လူမသိအောင်ညဘက်ကြီးလုပ် တာ။ ကျွန်တော်ဖြတ်သွားတော့ လူသံတွေကြားတယ်။ မီးထွန်း ထားတယ်။ မြင်တော့မမြင်ရဘူး။ မမြင်ရအောင်လုပ်ထားတာကိုး။ လိုင်းကောင်းရင် ကျွန်တော့်အ ကောင့်ထဲဝင်ကြည့်၊ ကျွန်တော် တင်ထားတယ်။ တကောင်းသား များ  သင်ခန်းစာယူရန်လို့တင် ထားပါတယ်။ သူတို့လာတုန်းက ဘယ်လောက်အထိဆိုးသလဲဆို ဘုရားတည်တာ ရွာထဲမှာသဘော ကျလား၊ ကျရင်လက်မှတ်ထိုးဆို ပြီး တစ်အိမ်တက်ဆင်းလိုက်မေး တာ။ လိုက်လုပ်တာ။ ဒီတုန်းက ရွာကကျဉ်းသေးတယ်။ အိမ်ခြေ ၈၀၀၊ ၉၀၀ လောက်ပဲရှိသေး တယ်။ လူတွေကတော့ ဘုရားပြင် တယ်ဆိုပြီး သဘောကျလို့လက် မှတ်ထိုးတာပေါ့။ နောက်..ဖျက်ချ လိုက်တော့ ကားရားကြီးဖြစ်သွား ပြီး သွားပြီဆိုပြီးဖြစ်ကြတာ။ သူ တို့ကမရှိတော့ဘူး။ မြန်တယ်’’ ဟု စိတ်လှုပ်ရှားကာ ပြောသည်။

ဦးလှထွန်း၏ စကားအဆုံး ကျွန်တော်တို့နှစ်ဦးသား နှုတ် ဆိတ်နေမိသည်။ ဤမျှထုထည် ကြီးမားသောဘုရားကြီးကို ဖြို ဖျက်ကာ အတွင်းပစ္စည်းများကို ပြောင်ပြောင်တင်းတင်း ယူ ဆောင်သွားသည်ဆိုသော ဦးတင် သိန်းဆိုသူကိုလည်း အထူးစိတ် ၀င်စားနေမိ၏။ သို့သော်... ဒါက လည်း နှစ်ပေါင်း ၃၀ ကျော်ပြီ မဟုတ်ပါလား။

ဆရာတော် ဦးဃောကြီး၏ တကောင်းရာဇ၀င် ၌ မူလရွှေ စည်းခုံဘုရားကြီးကို အညာပုဂံ (ပုဂံနေပြည်တော်)တွင် စံတော်မူ နေသော သတိုးမဟာရာဇာမင်း က ဗုဒ္ဓသာသနာတော် ၉၈ နှစ်၌ တည်ခဲ့ကြောင်း၊ ဘုရားတည်ရန် မင်းအမိန့်ဖြင့် တစ်အိမ်လျှင် အုပ်တစ်ချပ်မျှ ဆက်သွင်းရမည် ချမှတ်ခဲ့ပြီး ဆက်သွင်းသောအုတ် အချပ်ရေ သုံးသိန်းကျော်ဖြင့် စတင်တည်ထားခဲ့ကြောင်း၊ စတု ရန်းပုံလေးထောင့် အနက် ၁၆ တောင်ထားရှိကာ တည်ဆောက် ခဲ့ကြောင်း၊ ဘုရင်ကိုယ်တိုင်ရတ နာပစ္စည်းများချထားခဲ့ကြောင်း၊ ပထမပစ္စယာအတောင် ၂၀၊ ပထ မပစ္စယာအထက် ငှက်ပျောဖူးအ ထိလူအရပ် ၁၆၀ ရှိ ရွှေစည်းခုံ စေတီကြီးကို ပြီးမြောက်အောင် မြင်စွာတည်ခဲ့ကြောင်း ဖော်ပြ ထားသည်။ ယင်းသာသနာတော် ၉၈ နှစ်မှာပင်သတိုးမဟာရာဇာ မင်းသည်  ထီးနန်းကိုစွန့်ပယ်ကာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းသို့ ကူး၍ တောထွက်ခဲ့ကြောင်း ရေး သားချက်များကို သတိရမိပါ သည်။ ထိုသို့သော သမိုင်းဝင်ရှေး ဟောင်းဘုရားကြီးသည် ခေတ် ပျက်ခါစ တိုင်းပြည်မငြိမ်မသက် ဖြစ်ခါနီးတွင် မသမာသူလူတစ်စု လက်ချက်ကြောင့် မြေခခဲ့ရသဖြင့် စေ့စေ့တွေးကြည့်သော် ဆုံးရှုံးမှု ကကြီးမားလှသည်။ ဌာပနာ ပစ္စည်းများထက် ထုထည်ကြီးမား သောရှေးဟောင်းအုတ်များဖြင့် တည်ဆောက်ထားသည့် တ ကောင်းခေတ်အနုလက်ရာများပါ ရှိသော ဘုရားကိုယ်လုံးတော်ကြီး ဖြိုဖျက်ခံရခြင်းက ဗုဒ္ဓသာသနာ အတွက်သာမက ရှေးဟောင်းအ ထောက်အထားများအတွက်ပါ အလွန်တရာ နစ်နာဆုံးရှုံးမှုကြီး ဖြစ်ပါသည်။

(၁၃)

ကျွန်တော်တို့သည် နှင်း ရည်ဆွတ်မြသော တကောင်းမှ အပြန်လမ်းတွင် နှမြောတသမှု ကြီးစွာ၊ စိတ်နှလုံးညှိုးငယ်ကာ ပြန်ခဲ့ရပါသည်။

တကောင်းရွှေပြည် စည်းခုံ စေတီ စိတ်ကရည်၍ ကန်တော့ ပန်ဆင် ဦးထိပ်တင်သည် နေခြည် သော့သော့ ဆည်းဆာဖျော့မှာ...

စာပြီးချိန်

၁၃၈၀၊ မြန်မာနှစ်ဆန်းနှစ်ရက်

နေ့လယ် ၁၂ နာရီ ၃၀ မိနစ်

၁၈. ၄. ၂၀၁၈ (ဗုဒ္ဓဟူး)

(စာမျက်နှာ အခက်အခဲကြောင့် ရည်ညွှန်းစာအုပ်စာရင်းကို ချန် လှပ်ခဲ့ရပါသည်။ စာအုပ်ထုတ်ဝေ ပါက ပြည့်စုံစွာဖော်ပြပါမည်။)