ဆန်ကုန်သည်များထံမှ ကျပ်သိန်း ငါးသောင်းကျော် လိမ်လည်ခဲ့သူကို လေးလကြာချိန်အထိ ဖမ်းမမိသေး

ဆန်ကုန်သည်ခြောက် ဆယ်ကျော်ထံမှ ကျပ်သိန်းငါး သောင်းသုံးထောင်ကျော် လိမ် လည်ခဲ့သည့် ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦးကို လေးလကြာ သည်အထိ ဖမ်းဆီးရရှိမှုမရှိသေး ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန် သည်များအသင်းဥက္ကဋ္ဌဦးအောင် သန်းဦးက ပြောသည်။


လိမ်လည်ခံခဲ့ရသည့် ဆန် ကုန်သည်များက ယခုနှစ် ဇန်န၀ါ ရီ ၅ ရက်တွင် အသင်းသို့ တိုင် တန်းခြင်းဖြစ်ပြီး အလိမ်ခံရသူ များတွင် နိုင်ငံခြားကုမ္ပဏီများ လည်းပါဝင်သည်။

‘‘လက်ရှိအချိန်ထိ အမှုက ထူးခြားမှုမရှိသေးပါဘူး။ အမှုဖွင့် တရားစွဲဆိုထားတာတွေရှိပေမယ့် တရားခံကို ခုထိဖမ်းမမိသေးပါ ဘူး။ အမေရိကကို ထွက်ပြေး သွားတယ်လို့တော့ ကြားပါတယ်’’ ဟု ဦးအောင်သန်းဦးကပြောသည်။

လက်ရှိတွင် ASO ကုမ္ပဏီ ပိုင်ရှင်ဦးအောင်ဆွေဦးကို လိမ် လည်မှုပုဒ်မ ၄၂၀ ဖြင့်ဆန်ကုန် သည်များက အမှုဖွင့်ထားသည်။

ငွေကြေးလိမ်လည်သူသည် ဘုရင့်နောင်ကုန်စည်ဒိုင်အသင်း ၀င်မဟုတ်သဖြင့် တိမ်းရှောင်မှု မဖြစ်ပေါ်မီကပင် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တာဝန်ရှိသူများက အကြိမ်ကြိမ်ခေါ်ယူတွေ့ဆုံဆွေး နွေး၍ သတိပေးထားပြီးဖြစ် ကြောင်း၊ ယင်းကုမ္ပဏီအခြေအ နေနှင့်ပတ်သက်၍ ဆန်ရောင်းချ နေသည့် ကုန်သည်များနှင့်အကျိုး ဆောင်ကုန်သည်များသို့ အသိပေးထားပြီးဖြစ်ကြောင်း ဦးအောင်သန်းဦးက ပြောကြားထားသည်။

‘‘အခုချိန်ထိ ဘာမှမထူးခြား သေးသလို ဘာမှအကြောင်းကြား ထားတာလည်းမရှိပါဘူး။ ဒီဘက် မှာ အလုပ်တွေကလည်း တစ် ဖက်ဆိုတော့ သွားရောက်မေးမြန်း ထားတာမျိုးလည်း မလုပ်မိဘူး။ ဒီအတိုင်းပဲ ပြီးသွားတော့မလား တောင်ထင်မိတယ်’’ ဟု အလိမ် ခံရသည့် ဆန်ပွဲရုံပိုင်ရှင်ကိုသိန်း ဇော်က ပြောသည်။

လက်ရှိတွင် ASO ကုမ္ပဏီ ပိုင်ဆန်ကွဲအိတ်များ၊ ဆန်အိတ် များ၊ ပီနန်အိတ်ခွံများနှင့် လုပ်ငန်း သုံးဆက်စပ်ပစ္စည်းများကို မြန်မာ နိုင်ငံဆန်စပါးကုန်သည်များအ သင်းက ထိန်းသိမ်းထားသည်။ ASO ကုမ္ပဏီသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ကုမ္ပဏီမှတ်ပုံတင်ကို ၂၀၁၄ အောက်တိုဘာ ၉ ရက်ကရရှိပြီး သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း ဆောင်ရွက်ခဲ့သည်။

ယင်းဖြစ်ရပ်တွင် အနည်းဆုံးကျပ်သိန်းတစ်ရာကျော်မှ အများဆုံး ကျပ်သိန်းရှစ်ထောင် ကျော်အထိ လိမ်လည်ခံရကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းစာရင်း၌ ဖော်ပြထားသည်။