တကောင်းရွှေပြည် စည်းခုံစေတီ စိတ်ကရည်၍ . . .

ရဋ္ဌပူရ(သို့မဟုတ်)နှစ်ထောင်ချီရှေးမြို့ဟောင်းတကောင်းခရီးခံစားမှု (အပိုင်း - ၄)
တွေ့ရှိတူးဖော်ထားသော အနော်ရထာမင်းကြီး၏ကောင်းမှု လေးမျက်နှာဘုရား ရုပ်တုနှင့် အရှင်ပဏ္ဍိတာနန္ဒ(တကောင်း)

ပညာရှင်များ တကောင်း ဒေသ၌ ရှာဖွေတူး ဖော်ရခြင်းသည် ကောက်ရိုးပုံထဲအပ်ရှာရသကဲ့သို့ ခက်ခဲလျက်ရှိသည်။ အဘယ် ကြောင့်ဆိုသော် ရှေးအကျဆုံးဟု ယူဆချက်များသည် မြန်မာသာ မက ကမ္ဘာတွင်ပါတွေ့ရှိရန်အ လွန် ခက်ခဲသောကြောင့်ဖြစ် သည်။ ဥပမာ ကုန်းဘောင်ခေတ် နှောင်းပိုင်း မင်းတုန်းမင်းတည်ခဲ့ သော မန္တလေးမြို့တော်ကြီးသည် သက်တမ်းနှစ် ၂၀၀ မပြည့်သေး ၍ အနုလက်ရာအတော်များများ ပကတိအတိုင်း ကျန်ရှိနေသေး သည်။ ထို့အတူသတိုးမင်းဖျား တည်သော အင်းဝမြို့တော် ဟောင်းသည် နှစ် ၆၀၀ ကျော်ပြီ ဖြစ်သော်လည်း ရှေးဟောင်းအနု လက်ရာတို့ကို အတန်အသင့်မြင် နိုင်သေးသည်။ မြန်မာ့ယဉ်ကျေးမှု နှင့် ဗိသုကာပညာအထွတ်အ ခေါင်မြန်မာ့ဦးစွန်းတလူလူလွင့် ခဲ့သော ရှေးမြို့တော်ဟောင်းပုဂံ သည် နှစ် ၁,၀၀၀ ခန့်ရှိပြီဖြစ်၍ အိုမင်းဆွေးမြည့်လှချေ၏။ အချို့ နေရာများ၌ အဟောင်းနှင့်အသစ် ရောပြွမ်းလာ၍ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြန့်ကြာနေရ သည်။ ထိုထက်ပိုမိုရှေးကျသော ဟန်လင်း၊ သရေခေတ္တရာနှင့် ဗိဿနိုးတို့ကို တူးဖော်တွေ့ရှိချက် များအရ သီးသန့်နယ်မြေအဖြစ် သာ ထိန်းသိမ်းစောင့်ရှောက်ထား နိုင်သည်။ တကောင်းဒေသ တ ကောင်းဝန်းကျင်သည်ကား အ လွန်ရှေးကျသည်ဟု ယူဆထား သော်လည်း အထောက်အထား များရှာဖွေရာ၌ လူနေရပ်ကွက် များကြောင့် အခက်ကြုံနေပါ သည်။


တကောင်းလေ့လာတူးဖော် ရေးတွင် ဇွဲကြီးမားသောဦးမောင် မောင်တင်သည် ၁၉၆၀ ပထမ အကြိမ်ကွင်းဆင်းပြီး (၂၄) နှစ်အ ကြာ ၁၉၈၅ တွင်တစ်ကြိမ်၊ ၁၉၉၇ တွင်တစ်ကြိမ် တကောင်း သို့ သွားရောက်ကာစူးစမ်းရှာဖွေ ခဲ့သည်။ ထိုအတောအတွင်းရှေး ဟောင်းသုတေသနကလည်း တူး ဖော်မှုအချို့ဆက်လက်ပြုလုပ်ရာ ၁၉၉၃ တွင် အညာပုဂံမြို့ဟောင်း ၏ အရှေ့တလားဝချောင်းနှင့် မိုး နတ်အင်းစောင်း တစ်လျှောက် အရှည်နှစ်မိုင်ကျော်ရှိ အုတ်ရိုး တန်းနှင့် ကုန်းအမှတ်(၁၅)၌ ရွှေ ဖောင်းကြွဗုဒ္ဓဆင်းတုတစ်ဆူတူး ဖော်ရရှိခဲ့သည်။ ဆက်လက်တူး ဖော်ရာ မလည်တွင်မြို့ရိုးဟောင်း၊ ကျုံးဟောင်းနှင့် လက်ရေးစင်းအ မှတ်အသားပါအုတ်ချပ်များ စ တင်တွေ့ရှိလာသည်။ ကြံညှပ် ကုန်းတွင် ကာနယ်လီမဟူရာ ရောင်စုံပုတီး၊ မြေပုတီး၊ နား တောင်းတို့သာမက ရှေးဟောင်း သံချက်ဖိုဟောင်းကြီးတစ်ခုနှင့် ဖို ပျက်များကို တဖြည်းဖြည်းတူး ဖော်တွေ့ရှိလာသည်။ တစ်ဖန် တကောင်းဝန်းကျင်ဖြစ်သော ဘု ရားတစ်ထောင်ကုန်း၊ ဖုန်ကုန်း၊ ရွှေစည်းခုံနေရာနှင့် ဦးတိုက်ဘု ရားအနီး အသစ်တွေ့ရှိသော ကုန်း၊ ရွှေဇာလီဘုန်းကြီးကျောင်း ကုန်းတို့တွင် လက်ရေးစင်းအုတ် ချပ်များကို တွေ့ရှိရာမှတကောင်း ဒေသအပေါ် စိတ်ဝင်စားမှုများပြန် လည်မြင့်တက်လာပါသည်။ တ ကောင်းအရှင်ကြီးနတ်နန်းအနီး ပျူခေတ်အမျိုးသမီး အသုံးအ ဆောင်များဖြစ်သော သံလက် ကောက်၊ ကြေးချူ၊ ကြေးလက် စွပ်နှင့်ငွေကွင်းများပါရှိသည့် မြေ အိုးတစ်လုံးကို တွေ့ရှိတူးဖော်နိုင် ခဲ့သည်။ ဦးမောင်မောင်တင်သည် ပျူယဉ်ကျေးမှုလေ့လာဖော်ထုတ် သောလုပ်ငန်းများကို လုပ်ကိုင် ရင်း ၂၀၀၁ ခုနှစ် မေလကုန်၊ အ သက်(၈၅)နှစ်အရွယ်တွင် ကွယ် လွန်သွားပါသည်။

ဦးမောင်မောင်တင် (မဟာ ၀ိဇ္ဇာ)ကဲ့သို့ တကောင်းဒေသတူး ဖော်လေ့လာရေး၌ အထူးစိတ်ဝင် စားခဲ့သူများလည်းရှိခဲ့သည်။ ၎င်း တို့မှာ ဦးဝင်းမောင်(တမ္ပ၀တီ)၊ စာရေးဆရာချစ်စံဝင်း၊ ရှေး ဟောင်းသုတေသီဦးစံဝင်း၊ဒေါက် တာရီရီဝင်းနှင့် ဆရာတော်အရှင် ပဏ္ဍိတာနန္ဒ (စာရေးဆရာမင်း ဟန်-မန်းတက္ကသိုလ်)တို့ဖြစ် သည်။ ဦးဝင်းမောင် (တမ္ပ၀တီ) သည် ဦးမောင်မောင်တင်နှင့်အ တူ တကောင်းဒေသသို့သွား ရောက်ခဲ့သူဖြစ်ပြီး စာရေးဆရာ ချစ်စံဝင်းသည် တကောင်းဒေသ သို့ အကြိမ်ကြိမ်သွားရောက်လေ့ လာကာ ‘တကောင်းမှပျူအရိုးအိုး များ’ စာအုပ်ကိုပြုစုခဲ့ပြီး ဦးစံဝင်း နှင့် ဒေါက်တာရီရီဝင်းတို့က ‘တ ကောင်းကွင်းဆင်းသုတေသနနှင့် တူးဖော်မှုအစီရင်ခံစာများ’ တင် သွင်းခဲ့ကာ ဆရာတော်အရှင်ပဏ္ဍိ တာနန္ဒ(တကောင်း) သည်ကား ယင်းဒေသ၌ တစ်ပါးတည်းရှာဖွေ ဖော်ထုတ်ခဲ့သူဖြစ်ပါသည်။ ဆရာ တော်ပဏ္ဍိတာနန္ဒသည် မန္တလေး တက္ကသိုလ်မှ သမိုင်းအဓိကဖြင့် ၀ိဇ္ဇာ(ဂုဏ်ထူး)အောင်မြင်ထားပြီး နောက်ပိုင်းတွင် နီပေါနှင့် အိန္ဒိယ သို့ သွားရောက်ကာရှန်တီနိကေ တန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (M.A)ရရှိခဲ့ပါသည်။ အထူးသဖြင့် ဆရာတော်၏ အပတ်တကုတ် ဇွဲ၊ ၀ီရိယကြီးမားမှုကြောင့်သာ တ ကောင်းကိုပိုမိုဖော်ထုတ်လာနိုင် ကာ ပုဂံထက်မစောယူဆချက်ကို ပယ်ဖျက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ (အရှင်ပဏ္ဍိတာနန္ဒ၏ တကောင်း ဒေသ၌ တစိုက်မတ်မတ်ရှာဖွေ လေ့လာမှုများကို တကောင်းမြေ မာတာစာအုပ်တွင် ဖတ်ရှုနိုင်ပါ သည်။)

အထက်ဖော်ပြပါအတိုင်း တကောင်းအပေါ်စိတ်ဝင်စားမှု လျော့ကျနေချိန်တွင် ယင်းသို့ သောပုဂ္ဂိုလ်တို့က ဇွဲကြီးကြီးထား ကာ ဆက်လက်ရှာဖွေတူးဖော်မှု ကြောင့် တကောင်းသည်အလွန် ရှေးကျကြောင်း တဖြည်းဖြည်းသိ ရှိလာကြသည်။ ထိုသို့ရှာဖွေတူး ဖော်ခြင်းတွင် တကောင်းမြို့ ဟောင်းနေရာသာမက မြတောင်၊ ထီးချိုင့်၊ မိုင်းတိုင်း၊ ဆံညှပ်ကုန်း၊ ပုတီးဖြူ၊ ကြံညှပ်၊ နတ်လှေကား၊ ဇင်းချောင်းဝ၊ တုံငယ်နှင့် ဧရာဝ တီအနောက်ဘက်ကမ်း၌ တ ကောင်းရာဇ၀င်လာအတိုင်း ပဉ္စာ လငါးမြို့တကယ်ရှိ၊ မရှိစူးစမ်း ရှာဖွေရာမှ အတည်ပြုနိုင်ခြင်းဖြစ် ပေသည်။ ခိုင်မာသောအထောက် အထားများအရ ဆံညှပ်ကုန်းရွာ မင်းသမီးကွင်းတွင် ကျောင်းဆရာ ဦးတင်ဝင်း၏ ယာခင်းကုန်းနေရာ ၌ အလျား၊ အနံ ၄၆ ပေအတွင်း စတုရန်းပုံပေ ၂၀ အတွင်း အုတ် ရိုးတစ်ထပ်နှင့် ၉ ပေ ၉ လက်မရှိ ပျူခေတ်လက်ရာအုတ်လှေကား တွေ့ရှိခြင်း၊ ရှေ့တွင်ဖော်ပြခဲ့ သော တကောင်းအထကကျောင်း ၀င်းအတွင်း ပျူခေတ်ပျူအရိုးအိုး အမြောက်အမြား တွေ့ရှိခြင်း၊ ၂၀၀၃ ဇွန်လအတွင်း အမှတ်(၂) ရပ်ကွက်လူစည်ကားရာလမ်းမ တွင် ရေတိုက်စားရာမှပျူခေတ် ရေတကောင်းအိုးများပေါ်ထွက် လာခြင်းနှင့် တကောင်းရာဇ၀င်  အရ ရှမ်းတို့၏နှင်ထုတ်မှုကြောင့် တကောင်းကိုစွန့်ခွာခဲ့သူ သုတ္တ သင်္ဂဟမင်း၏နောက်လိုက်များက မင်းကိုအားမကိုးတော့ဘဲ အစုအ ဖွဲ့လိုက်မြို့တည်ခဲ့ရာ ပဉ္စာလငါး မြို့ ဟုအမည်တွင်ပြီး ယင်းမြို့များ သည် ယခုအခါကန့်ဘလူမြို့နယ် အတွင်း ရသား၊ ငှက်ပျောတိုင်၊ ညောင်ပင်သာ၊ နဂါးဆင်းနှင့် ပင်းသာဟူ၍ တွေ့ရသဖြင့်တ ကောင်းမြို့၊ တကောင်းပြည်အ မှန်တကယ်တည်ရှိခဲ့ကြောင်း အ တည်ပြုလာနိုင်သည်။

၂၀၀၃ တွင် တွေ့ရှိသော အရိုးအိုးနှစ်လုံးအနက် တစ်လုံး၏ အိုးလည်ပင်း၌ စက်ဝိုင်း ၂၀ ပါရှိ ပြီး စက်ဝိုင်းတစ်ခုချင်းစီအတွင်း နွားရုပ်တစ်ရုပ်စီ ပါဝင်သည်။ အိုးအတွင်း သံမှိန်းနှစ်လက်နှင့် အရိုးများပါဝင်သည်။ အလားတူ ပျူအရိုးအိုးတစ်လုံးကို တကောင်း မြို့လယ်ကောင်၌ ထပ်မံတွေ့ရှိ ရာ အတွင်း၌ အရိုးပြာများ၊ ကြေး လက်စွပ်ငါးကွင်းအပါအ၀င် မီး ကျွမ်းနေသော လူ့ရှေ့သွားနှင့် အံ သွားလေးချောင်း၊ ခရုပတ်ပုံကြေး ချူငါးလုံးရရှိခဲ့သည်။ ထိုကြေးချူ မျိုးကို အခြားပျူမြို့ဟောင်းများ၌ တွေ့ရှိခဲ့သလို ဖုန်ကုန်းရွာ၌တွေ့ ရှိသော ဒင်္ဂါးသုံးပြားသည်အခြား ပျူမြို့ဟောင်းများ၌ တွေ့ရသော ဒင်္ဂါးများထက် ရှေးကျကြောင်း တွက်ချက်နိုင်ခဲ့သည်။ ကုန်းအ မှတ်(၃၆)အဆောက်အအုံ၏လှေ ကားခုံခြေရင်း၌ စက်ဝိုင်းခြမ်းပုံ သဲကျောက်ပြားခြေနင်းခုံတစ်ချပ် ထည့်သွင်းထားသည်။ ထိုပုံစံမျိုး ကို ဗိဿနိုးနှင့် ဟန်လင်းမြို့ ဟောင်း၌ တူးဖော်တွေ့ရှိခဲ့သည်။ သီရိလင်္ကာနိုင်ငံ အနုရဓပူရနှင့် အိန္ဒိယတောင်ပိုင်း နာဂဇုနကုဏ္ဍ မှတွေ့ရှိသော အဆောက်အအုံ များတွင် ယင်းစက်ဝိုင်းခြမ်းပုံ သဏ္ဌာန်သဲကျောက်ပြားခြေနင်း ခုံများပါရှိပြီး ယင်းမှာ (၃)ရာစု နှစ်၊ (၄)ရာစုအစောပိုင်းကာလ လက်ရာများဖြစ်ကြောင်း သိရသ ဖြင့် ဤတွေ့ရှိမှုသည် အရေးပါခဲ့ သည်။ ထိုသို့အလွန်ရှေးကျသော အထောက်အထားများ တွေ့ရှိ လာသဖြင့် တကောင်းသည် လွန် ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ကျော် (အေဒီ ၁ ရာစု) မတိုင်မီကပင် မြို့ ပြအဖြစ် ဖွံ့ဖြိုးဖွယ်ရှိကြောင်း ပညာရှင်များက အတည်ပြုခဲ့ သည်။

ထို့အတူ တကောင်း၏အ ထက်အင်းနက်မှ အောက်တွင်း ငယ်အထိ အင်းများရှိပြီး ထိုအင်း များတည်ပုံအရ ဧရာဝတီမြစ် ကြောင်းဟောင်းသည် ရှေးယခင် က တကောင်း၏အရှေ့ဘက်က ကွေ့ကောက်စီးဆင်းခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ပါမောက္ခလုစ်၏ အယူအ ဆများကို ခိုင်ခိုင်မာမာ ပယ်ဖျက် ခဲ့သောသမိုင်းသုတေသီ ဦးကျော် ဇင်(စာရေးဆရာဘုန်းတင့်ကျော်) က ပျူစစ်လျှင် မြန်မာ စာတမ်း တွင် ဆရာကြီးလုစ်သည် အေဒီ (၉)ရာစု တရုတ်မန်ရှုကျမ်းကို ကျမ်းကိုးပြပြီး ထိုကျမ်း၌ မန်၊ ၀န်ကျူထော်၊ ပုထော်လူရိုင်းမျိုးစု များ အေဒီ ၈၃၅ ခန့်တွင်ယူနန် နန်စောလက်အောက်မှ ထွက် ပြေးရွှေ့ပြောင်းသွားကြောင်း၊ ထို သူတို့သည် ပျက်သုဉ်းတိမ်ကော သွားသော ပျူနိုင်ငံ၏ ကျောက် ဆည်(၁၁)ခရိုင်သို့ ရောက်ရှိအ ခြေချကာ ထိုသူတို့မှ မြန်မာလူမျိုး နှင့် ပုဂံနိုင်ငံပေါ်ပေါက်လာ ကြောင်း ရေးသားပြောဆိုခဲ့ပါ သည်။ သို့သော် ထိုအချက်မှာ မန် ရှုတွင် လုံးဝမပါသည့်အပြင် အေ ဒီ ၈၆၄ ခုအထိ ပျူနိုင်ငံလည်း ထွန်းကားနေကြောင်း မန်ရှုက ဖော်ပြထားပါသည်။ ထို့ကြောင့် အေဒီ ၈၄၉ ခုစတုတ္ထပုဂံမြို့တော် ကြီးကို ထပ်မံတည်ဆောက်သော မြန်မာနှင့်ပျူဟု အမည်ပွားများရှိ သောဗမာ(ဗြဟ္မာ)လူမျိုးတို့မှာ ယူနန်မှ ထွက်ပြေးလာခြင်းမရှိ သော မန်ဝန်ကျူထော်၊ ပုထော် လူမျိုးစုလေးမှ  ပေါက်ဖွားလာ ခြင်းမဟုတ်ကြောင်း၊ အေဒီ (၃) ရာစုပုဂံနိုင်ငံ၊ သီရိပစ္စယာပုဂံ၊ တမ္ပ၀တီပုဂံတို့မှ ပျူမြန်မာဟု အ မည်ပွားများရှိသော ရှေးဗမာ (ဗြဟ္မာ)လူမျိုးများ၏ အဆက်အ နွယ် ပျူမြန်မာခေါ်မြန်မာလူမျိုး များဖြစ်ကြောင်း အလွန်ထင်ရှား နေပါသည်။ ဆရာကြီးလုစ်သည် ဗမာနိုင်ငံ၊ ဗမာလူမျိုးသမိုင်းကို ပြုစုရာ၌ မန်ရှုကိုခုတုံးလုပ်ခဲ့ပေ သည်။ မန်ရှုနှင့်ကွဲလွဲစွာမန်ရှုတွင် လုံးဝမပါရှိသည်များကို မိမိသ ဘောနှင့်မိမိတီထွင်ကြံစည်ပြော ဆိုပြီး မန်ရှုတွင်ပါရှိသောအချက် တို့ကို ချန်လှပ်ထားခဲ့ပါသည်။ ... ထိုသို့မျှ မချန်လှပ်လျှင်လည်းဗမာ အစကျောက်ဆည် (အေဒီ-၉ ရာ စု)ဟု မည်သို့မျှ ပြောခွင့်ရတော့ မည်မဟုတ်ပေ ဟုရေးသားထား သည်။ တစ်ဆက်တည်း ကျွန် တော်၏ပထမစာတမ်းတွင် တ ကောင်းခေါ် သင်္ကဿမြို့အ ကြောင်းကို ခေါင်းစဉ်တစ်ခုပေး၍ သီးခြား ဖော်ပြဆွေးနွေးခဲ့ပါသည်။ သင်္ဃဿမြို့ကြီးရှိခဲ့ကြောင်း အေဒီ (၇)ရာစု၊ (၁၀) ရာစုတရုတ်နန်းတွင်းမှတ်တမ်းကြီးတစ်စောင် ၌ အတိအလင်း ဖော်ပြထားပါသည်။  တကောင်းဟူသောအမည်မှာ အေဒီ(၁၀) ရာစုလွန်ပြီးမှပေါ်ပေါက်လာသော အမည်သစ်ဖြစ်သည်။ အေဒီ(၁၀)ရာစုမတိုင်မီခေါ်ဝေါ်သော အမည် သင်္ဃဿသည်တကောင်း အမည်ထက်ရှေ့ကျကြောင်း တရုတ်မှတ်တမ်းက ထောက်ခံနေပါသည်။ သင်္ဃဿအမည်အပြင် ပဉ္စာလဟူသော အမည်၊ အညာပုဂံ၊ အညာပြူဂါမဟူသောအမည်တို့ဖြင့်လည်း ယင်း ရှေးဟောင်းမြို့ကြီးကို ခေါ်ဝေါ်ကြပါသေးသည်။

အေဒီ (၇)ရာစုနှင့်(၁၀)ရာ စုထန်မှတ်တမ်းသစ်တွင် ဖော်ပြ ထားသော အင်အားအလုံးအရင်း တောင့်တင်းသော၊ ကျော်ကြား ထင်ရှားသောပျူမြို့ကြီး(၃၂)မြို့ စာရင်း၌ သင်္ဃဿမြို့ကြီးပါရှိ ကြောင်း ဆရာကြီးဒေါက်တာ သန်းထွန်းနှင့် ဆရာဦးရည်စိန်တို့ ဖော်ထုတ်တင်ပြပြီးဖြစ်ပါသည်။ ပျူနှင့်မြန်မာသည် ဗြဟ္မာလူမျိုး များ၏ အမည်ပွားများဖြစ်ကြ သောကြောင့် သင်္ဃဿပျူမြို့ကြီး သည် မြန်မာမြို့၊ ဗြဟ္မာမြို့ကြီး ဖြစ်ကြောင်း ပေါ်ပေါက်နေပါ သည်။ ထန်မှတ်တမ်းများအရ ယင်း သင်္ဃဿမြို့ကြီးသည် စတုတ္ထပုဂံမြို့ကြီး(အေဒီ ၈၄၉)မ တည်မီနှင့် တည်ပြီးအထိရှိနေ ကြောင်း ပေါ်ပေါက်လျက်ရှိရာ ယင်း သင်္ဃဿ (တကောင်း)မြို့ ကြီး၏ ရှေးသမိုင်းမှန်သိရရန်သု တေသနလုပ်ဆောင်ရန် များစွာရှိ နေပါသည်ဟု တိတိပပရေးခဲ့ သည်။

သမိုင်းသုတေသီမြန်မာမှု ဗိ သုကာဦးဝင်းမောင် (တမ္ပ၀တီ) ၏ တကောင်းမြို့ဟောင်းနှင့် သ မိုင်းဆက်ပဉ္စာလငါးမြို့ စာတမ်း တွင်မူ တကောင်းကို မှန်နန်းရာဇ ၀င်တော်ကြီး၌ သံသယပူရ၊ ရဋ္ဌ ပူရ၊ သင်းတွဲနှင့် တကောင်းဟူ၍ လေးမျိုးပြဆိုထားကြောင်း၊ တ ကောင်းသမိုင်းများအရ သင်္ခဿ (သင်္ဃဿ) ပဉ္စာလ နှင့် ပဉ္စာလ တကောင်းဟူ၍ သုံးမျိုးပြဆိုထား ကြောင်း ဖော်ပြထားသည်။ တူး ဖော်ရေးလုပ်ငန်းများ မစတင်မီ နှစ်ပေါင်းများစွာအကြာကပင် တ ကောင်းဒေသရောက်ခဲ့သော ဗြိ တိသျှစာရေးဆရာ စကော့အို ကော်နာက တကောင်း (Taga- ung) ပြည်ကြီး တိုးတက်ထွန်း ကားစဉ်ခေတ်ပြိုင်ယဉ်ကျေးမှုရှိ ပြီး ထွန်းကားတိုးတက်လာသော မြို့ပြနိုင်ငံများမှာ ရွှေဘိုနယ်အ တွင်းရှိ ဟန်လင်း(Halin)တွင် ပျူ လူမျိုးတို့၏နိုင်ငံ ယခုအခါ မကွေး နယ် (Magwe District)ဖြစ်သော အထက်အညာဒေသတွင် ဗိဿ နိုး (Peikthahno) မြို့ပြနိုင်ငံများ ထွန်းကားလာသည်။ လူမျိုးသည် ပျူ (Pyu)များသာဖြစ်သည် ဟု ဖော်ပြထားသလို အချို့သော တ ရုတ်တို့၏ သမိုင်းမှတ်တမ်းအရ အေဒီ ၁၄၀ ကတည်းက အထက် မြန်မာပြည်တွင် မြို့ပြနိုင်ငံငယ် လေးများ စတင် ပေါ်ပေါက်နေပြီ ဆိုကြသည်။ မြို့ကြီးအဆင့်တော့ မဟုတ်ပါ။ အိမ်ကလေးများစု စည်းထားသောအဆင့်ဟုဆိုကြ သည်။ ထိုနေရာကို တကောင်းမြို့ နေရာဟု တရုတ်မှတ်တမ်းများအ ရသိရပါသည်ဟု သူ၏ စာအုပ်၌ရှင်းလင်းရေးသားထားသည်။

မြန်မာသုတေသနအသင်း အနှစ် (၆၀)ပြည့်အခမ်းအနားတွင်  ပါမောက္ခဒေါက်တာလုစ်၏ တ ပည့်ရင်း ဒေါက်တာသန်းထွန်းက  မြန်သုဂျာနယ် (၁၉၁၀-၇၀)ထဲက

မြန်မာ့သမိုင်းဆောင်းပါးတွေရဲ့ တန်ဖိုး စာတမ်းကိုဖတ်ကြားရာ..

‘‘ပါမောက္ခလုစ်ဟာ ခရစ်နှစ် (၈၆၃) က ‘ဖန်ချို’ရေးတဲ့ ‘မန်ရှု’ ကျမ်းတစ်စိတ်တစ်ပိုင်း မှီငြမ်းပြု ပြီး (၁၂) ရာစုနှစ်၊ (၁၃) ရာစုနှစ် ကျောက်စာတွေကို အကြီးအ ကျယ်အားကိုးပြီး ကျောက်ဆည် ဟာ မြန်မာတွေရဲ့(မြန်မာမြေမှာ) အစောဆုံးဝင်နေတဲ့ ဒေသဖြစ် တယ်ဆိုတဲ့ အယူအဆကိုတင်ပြခဲ့ ပါတယ်။ ‘မန်ရှု’ရဲ့ အင်္ဂလိပ်ဘာ သာပြန်ကို ဖတ်ပြီးတဲ့အခါပထမ ဒီကျမ်းဟာ  မျက်မြင်ကိုယ်တွေ့ ရေးသားချက်မဟုတ်။ ဒုတိယဒီ ကျမ်းထဲမှာ ပထ၀ီဝင် (နေရာ၊ ဒေသ၊ အဆက်အသွယ်လမ်းပန်း ခရီး) ဖော်ပြပုံဟာ သိပ်စိတ်ပျက် စရာကောင်းတယ်။ နောက်ဆုံးအ ချက်ကတော့ ဒီကျမ်းကိုကူးယူ၊ တည်းဖြတ်၊ ဖြန့်ဖြူးလိုက်တာ အ ကြိမ်ကြိမ်ဖြစ်နေလို့ စာကိုယ်မှာ အကျိုးအပေါက်များလွန်းလို့ စိတ် ပျက်ရတယ်။ ဒါမျိုးကို ဘာသာ ပြန်ရဲတာ အံ့ဩတယ်။ ဘာသာ ပြန်သူရဲ့ ဉာဏ်ပညာကြီးမားပုံကို လေးစားပါတယ်။ ဒါပေမဲ့ ဒီကျမ်း ထဲမှာပါတဲ့အချက်တွေကို စိတ်ချ လက်ချယူမသုံးရဲပါ။ မှီငြမ်းပြုစ ရာ အကောင်းစားကြီးမဟုတ်တာ သေချာတယ်။ အဲဒါအပြင် ကျောက်စာကို အားကိုးတယ်ဆို ရာမှာလည်း (၁၂) ရာစုက မှတ် တမ်းက အထက်အနှစ် (၃၀၀) (၉ ရာစုနှစ်)က အဖြစ်အပျက်ကို ရှင်းနိုင်တယ်ဆိုတာ လက်သင့်ခံ ဖို့မလွယ်ပါ။ မြန်မာတွေဝင်လာပုံ ကို လုစ်ပြောသမျှပဲ လုံလောက်ပြီ လို့ ကျွန်တော့်အနေနဲ့ မယူဆ ကြောင်း ထင်ရှားလောက်ပါပြီ’’ ဟု လုစ်၏အယူအဆအားလုံး လက်မခံသင့်ကြောင်း အတိအ လင်းဆိုခဲ့သည်။

ဗြိတိန်နိုင်ငံသားပါမောက္ခ ဂျီအိတ်ခ်ျလုစ်သည် ကျောက် ဆည် ကိုတည်ကြက်ပြုကာမြန်မာ လူမျိုးများ အေဒီ ၁၀-၁၁ ရာစု ကျမှ ပေါ်ပေါက်လာကြောင်း လက်ခံကြရန် အားထုတ်ခဲ့ဖွယ် ရှိသည်ဟု သမိုင်းနှင့်သုတေသန ပညာရှင်အချို့က ကောက်ချက် ချခဲ့ကြသည်။

မြန်မာ့သမိုင်းကို လေ့လာ ကြရာတွင် ပထမမြန်မာနိုင်ငံကို တည်ထောင်သူ အနော်ရထာမင်း လက်ထက်ကစ၍သာ လေ့လာ မှုများကြပြီး အနော်ရထာမတိုင်မီ က မြန်မာနိုင်ငံ၌ ပထမတကောင်း ခေတ်မင်းဆက် ၁၃ ပါး၊ ဒုတိယ တကောင်းခေတ်မင်းဆက် ၁၇ ပါး၊ သရေခေတ္တရာခေတ်မင်း ဆက် ၂၇ ပါးနှင့် ပုဂံခေတ်ဦးမင်း ဆက် ၄၂ ပါးရှိခဲ့ကြောင်း သတိပြု မိသူ အနည်းငယ်သာရှိပါသည်။

ယခုရေးသားချက်များသည် ရှေးမြို့ဟောင်း တကောင်းနှင့် ပတ်သက်၍ လက်လှမ်းမီသမျှ ဖော်ပြခြင်းသာဖြစ်ပါသည်။လက် လှမ်းမမီသောစာအုပ်စာတမ်းနှင့် လေ့လာတွေ့ရှိချက်များလည်း  မုချရှိပါဦးမည်။ အဓိကပြောလို သည့် အချက်မှာ ‘ထိုမြန်မာအစ’ ကိစ္စဖြစ်သည်။ မြန်မာအစ ဘယ် က ဟူသောပြောဆိုချက်ပေါ်ထွက် လာ၍သာ ပညာရှင်များကြား ကြက်ဥနှင့်ကြက်မ ဘယ်ကအရင် စ ဆိုသလိုငြင်းခုံမှုများအချေအ တင် ပေါ်ပေါက်လာခြင်းဖြစ် သည်။ ဤစကားကြောင့်နောက် ပိုင်းတွင် မြန်မာအစ မြစ်သားက၊ မြန်မာအစ ပုဂံက၊ မြန်မာအစ စမုံမြစ်ဝှမ်းက၊ မြန်မာအစ မြန်မာ က ဟူသော အယူအဆအမျိုးမျိုး ထပ်မံပေါ်ထွက်လာပါသည်။ စင် စစ်တွင်မူ မြန်မာအစ တကောင်း က ဟူသောစကားသည် ပညာရှင် တစ်ဦးဦး၏ စကားမဟုတ်ဘဲ ထို အချိန်က ကျောင်းသင်ရိုးညွှန်း တမ်းဖြစ်သော ဒေါင်းမြန်မာ ဖတ်  စာတတိယတန်းစာအုပ်တွင် စ တင်ဖော်ပြခဲ့ပြီး ကျောင်းစာဖြစ်၍ စွဲနေကြကာ ထိုစာအုပ်ကိုသတင်း စာဆရာတစ်ဦးက ရေးသားခဲ့ လေသည်။

(၁၀)

ပျူမြေအိုးများရှိရာ တ ကောင်းအထကကျောင်းဝင်းမှ ထွက်ခဲ့တော့ နေအတော်မြင့်နေ ပြီ။ သို့သော် လမ်းတစ်လျှောက် သစ်ပင်ကြီးများရှိသဖြင့် ချွေး မထွက်၊ သည်မနက်တော့ အေး အေးလူလူကြည့်မည်ဟု အားခဲ ထား၍ ဆိုင်ကယ်မစီးဖြစ်၊ လမ်း လျှောက်၍သာ ထွက်ခဲ့ကြသည်။ အထကကျောင်းဝင်းအလွန်တွင် ဘောလုံးကွင်းတစ်ခုတွေ့ရပြီး ဆက်လက်လျှောက်လာသော အခါ သစ်ရိပ်သစ်ခက်များအုပ်မိုး နေသော အိမ်ဆိုင်တစ်ခုကို တွေ့ ရသည်။ စိမ်းစိုလန်းဆန်းသော အရွက်များ တဝေေ၀ယှက်မိုးဖြာ ကျနေသော အိမ်ဆိုင်လေးရှေ့ ငေးမိသည်။ တစ်နေရာ၌ အင် ကြင်းပင်ကြီးတစ်ပင် မြင်ရပြီး ရာ သီချိန်ကျရောက်လာ၍ ရနံ့က လှိုင်နေသည်။ ပွင့်စပြုနေသော လက်ပံပွင့်နီနီရဲရဲတို့က ဟိုနား တစ်ပင်၊ သည်နားတစ်ပင်၊ ပန်း ရွှေဖီ ကြိုင်လျောက်လို့ ပိတောက် ကယ်တဲ့ သင်းချို စာသားကို သ တိရမိသော်လည်း သရဖီနှင့် ပိ တောက်တို့ မပွင့်သေး။ အဖူးတံ လေးတွေ ငုံလျက်အုံလိုက်သာရှိ သေးသည်။ မိုးကလေးတစ်ပြိုက် နှစ်ပြိုက်ကျမှ ပွင့်မည့်သဘော...။ ထို့နောက် တဖြည်းဖြည်းလျှောက် လာစဉ် မြင်ရသည်က နှစ်ထပ် သစ်သားဆောင်ကြီးတစ်ခုဖြစ် သည်။

‘‘ဒါက ခုနကတကောင်း ကျောင်းဆရာမတွေနေတဲ့ အ ဆောင်လေ။ ဦးနုခေတ်ကတည်း က ဆောက်ခဲ့တာ။ အခုတော့ ယို ယွင်းချင်နေပြီ’’ ဟု ဦးလှထွန်းက ပြောရာ အဆောက်အအုံအလယ် တွင် နိမ့်လျှောကျဆင်းနေသော သစ်သားဆောင်ကြီးကို ငေးမိ သည်။ အပေါ်ထပ်နဖူးစည်းတွင် အဘိရာဇာဆောင်ဟု ရေးထိုး ထားသဖြင့် ပြုံးမိသေးသည်။ ထို ကျောင်းဆောင်ကို ကျော်လွန်လာ သောအခါ ရှေးဟောင်းကတူးဖော် ထားသော မြေတူးကွက်များကို တွေ့ရပြန်သည်။ တစ်နေရာတွင် ရှစ်မြှောင့်သဏ္ဌာန် အုတ်ဖိနပ်  ဟောင်းကြီးတွေ့ရာ ဦးလှထွန်း က....

‘‘ဒီနေရာက အရှင်ပဏ္ဍိတ နန္ဒပြောတဲ့တကောင်းရဲ့ လျှို့ဝှက် ချက်နေရာပဲ။ အခုခင်ဗျားတို့မြင် နေရတဲ့ ပြန်ဖို့ထားတဲ့မြေနေရာ အောက်မှာ မီးလောင်ပြင်၊ မီး လောင်တိုင်တွေရှိတယ်။ ပညာ ရှင်တွေမြေသားမြင့်တက်မှုအရ တွက်ချက်ကြည့်တော့ နှစ်တစ် ထောင်လောက်ရှိပြီလို့ ခန့်မှန်းကြ တယ်။ ဒီနေရာကို ထိန်းသိမ်းရ တာခက်ခဲလို့ ပလတ်စတစ်တွေ၊ တာလပတ်တွေနဲ့ အုပ်မိုးပြီး မြေ ပြန်ဖို့ထားတာ။ ဒါကြောင့် ဒီနေ ရာကို တကောင်းရဲ့လျှို့ဝှက်ချက် လို့ပြောတာနေမှာပေါ့’’ ဟု ဆိုပါ သည်။ သို့သော် ကျွန်တော်တို့မြင် ရသည်က ဘာမျှမသဲကွဲ၊ ဖို့မြေ ရာတစ်ခုမျှသာ...။ မမြင်ရသော အခြေအနေတွင် စိတ်ဝင်စားမှု လည်းလျော့ကျကာ သမိုင်းဝင်ရွှေ စည်းခုံနေရာနှင့် တကောင်းမြို့၏ အထင်ကရလေးမျက်နှာဘုရား ကြီးဆီထွက်ခဲ့သည်။ ယင်းဝန်း ကျင်သည်တကောင်းမြို့ကြီး ရှေး ယခင်စည်ကားစဉ်က ဗုဒ္ဓသာသနိ ကအဆောက်အအုံများ တစုတ ဝေးတည်းရှိရာဖြစ်ခဲ့သည်။ သို့ သော် ယခုဖူးတွေ့ရသည်က အ ကောင်းအတိုင်းဆို၍ လေးမျက် နှာဘုရားကြီးသာရှိတော့သည်။ ထိုလေးမျက်နှာဘုရားကြီးသည် ပင်အသစ်ပြန်လည်တည်ထား တာမကြာသေး။ ၁၅ နှစ်မျှသာ ရှိသေးသည်။ ဘုရားကြီးဆီ မရောက်မီ ရွှေစည်းခုံမြေနေရာ သည် ရှေးဟောင်းသုတေသနက ထိန်းသိမ်းထားသော ဧရိယာအ တွင်းရှိသော်လည်း အလယ်ဗဟို ၌ ငှက်ပျောပင်များပေါက်ရောက် နေကြောင်းတွေ့ရသည်။ ရွှေ စည်းခုံမြေနေရာပရ၀ဏ်သည် ကျယ်ပြောသဖြင့် ယခင်ကကြီး မားသောစေတီကြီးတစ်ဆူရှိခဲ့ မှန်းသိသာသည်။ မည်သို့သောအ ကြောင်းကြောင့် ယခုလိုအုတ် ပန္နက်မျှသာကျန်ရှိတော့ကြောင်း သိလို၍ မေးမြန်းရာ ဦးလှထွန်းဆီ က မရေရာသောစကားအချို့သာ ကြားရသဖြင့် ထူးဆန်းသလိုခံစား နေမိသည်။ တစ်ချိန်လုံးမေးမြန်း သမျှကို ခရေစေ့တွင်းကျတတွတ် တွတ်ရှင်းပြသော ပုဂ္ဂိုလ်တစ်ဦး ဆီက ထိုသို့တုံ့ပြန်မှုမျိုးပြန်ရသ ဖြင့် အံ့ဩနေမိသည်။ သို့သော် မိမိတို့က ဧည့်သည်ဖြစ်၍ အိမ်ရှင် မျက်နှာကြည့်ရမည် မဟုတ် လော။

ဖတ်ဖူးသမျှတွင် ယခုအုတ် ပုံသာသာမြင်ရသည့် စည်းခုံစေ တီကြီးသည် သာသနာတော်နှစ် ၉၈ ကတည်းကတကောင်းနောက် ဆုံးမင်း သတိုးမဟာရာဇာ တည် ခဲ့ကြောင်း ရာဇ၀င်ရှိ၏။ ထိုစေတီ ကြီး မပျက်မယွင်းရှိစဉ်က ဓာတ်ပုံ အချို့ကိုလည်းမြင်ဖူးထားရာ ထု ထည်ကြီးမားလှသော ရှေး ဟောင်းဘုရားကြီးတစ်ဆူဟု သိ ထားခဲ့သည်။ တစ်ဖန်နှစ်ပေါင်း ၁၂၀ ကျော်က စကော့အိုကော်နာ တကောင်းစည်းခုံစေတီကြီးသို့ ရောက်ခဲ့ပုံကို ကျွန်ုပ်တို့အဖွဲ့ သည် အရိပ်ကောင်းသောဘုရား ၀င်းထဲ၌ စကားစမြည်ပြောကာ နေ့လယ်စာ စားသောက်ကြ သည်။ ထို့နောက်အဖွဲ့တွင်ပါရှိ သော ဗမာများသည် ဘုရားကြီး ရင်ပြင်သို့ သွားကာရှိခိုးကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၇၀၀ ကျော်က စေတီကြီးသည် ယခုအ ချိန်ထိကောင်းမွန်နေသေး၍ အ လွန်ကံကောင်းသည်ဟု ခံစားမိ ၏။ စေတီကြီးကို သေချာစွာလေ့ လာသောအခါ စေတီတည် ဆောက်ထားပုံ အလုံးစုံသည် အိန္ဒိယရှိစေတီပုထိုးများကဲ့သို့ ပုံစံ တူနေကြောင်းတွေ့ရသည်။ မြန် မာပြည်တွင် မန္တလေး၊ အင်းဝနှင့် စစ်ကိုင်းရှိ စေတီများနှင့်ယခုတ ကောင်းစေတီကြီးသည် သိသိ သာသာလက်ရာကွဲပြားပြီး ရာခိုင် နှုန်းပြည့်အိန္ဒိယလက်ရာမြင်ရပါ သည်။ တကောင်းမြို့၏ညတွင် လျှပ်စစ်မီးများမရှိသော်လည်း ဘုရားကြီး၌ ဆီးမီးများထွန်းထား သဖြင့် ကြည်နူးဖွယ်ရာအတိဖြစ် ပါသည်။ ယင်းစေတီပုထိုးကြီးနှစ် ပေါင်း ၁,၇၀၀ ကျော်သက်တမ်း ရှည်နေခြင်းတွင် မြို့သူမြို့သား များမပြတ်သွားရောက်ဖူးမြော် ကာ ဆီမီးပူဇော်သူများ၊ ဘုရား ရှိခိုးသူများနှင့်ခေါင်းလောင်းထိုးသူ များဖြင့် စည်ကားနေသော ကြောင့်ဖြစ်ပေမည် ဟု အကျယ် တ၀ံ့ရေးသားထားသည်။ ယခု ကျွန်တော်မြင်ရသော မြင်ကွင်း နှင့်မူ လားလားမျှမအပ်စပ်။

ရွှေစည်းခုံမြေနေရာနှင့် မ လှမ်းမကမ်းမြောက်ဘက်ယွန်း ယွန်း၌ တည်ထားသောလေးမျက် နှာဘုရားကြီးသည် ၂၀၀၀ ပြည့် နှစ်မတိုင်မီအထိ တောင်ပို့ကြီးသ ဖွယ်ရှိခဲ့ပြီး တဖြည်းဖြည်းတူးဖော် ကြည့်ရာမှ အနော်ရထာမင်းလက် ထက်ဗုဒ္ဓရုပ်တုတော်များတွေ့ရှိ လာကာ ဆက်လက်တူးဖော်ခဲ့ သဖြင့် ၂၀၀၆ဖေဖော်ဝါရီ ၂၇ ရက်တွင် ရွှေထီးတော်တင်ပူဇော် နိုင်ခဲ့သည်။ လေးမျက်နှာဘုရား ကြီးများသည် အနော်ရထာမင်း ကြီး၏ကောင်းမှုဖြစ်ပြီး ပုဂံခေတ် အနုလက်ရာများဖြင့် ထုလုပ်ထား သော်လည်း အကောင်းပကတိအ ခြေအနေမရှိတော့။ ထို့ကြောင့် တူးဖော်ရရှိသည့် အလွန်ရှေးကျ သောအစိတ်အပိုင်းများကို တ ကောင်းရှေးဟောင်းသုတေသန ပြတိုက်သို့ ပို့ဆောင်ကာ ကျန်ရှိ သောအစိတ်အပိုင်းအချို့ကို မွမ်း မံပြင်ဆင်ပြီး ထီးတော်တင်ခဲ့ခြင်း ဖြစ်ပေသည်။ ဘုရားအတွင်းလေး မျက်နှာဘုရားများကို ထိုင်လျက် တင်ပျဉ်ခွ သဏ္ဌာန်သာမက ရပ် တော်မူရုပ်တုတော်အဖြစ်ပါ ဖူး မြော်ရလေသည်။ ဘုရားအတွင်း ရှေးမူလခြေတော်ရာ ပုံစံကိုမူ အောက်ခြေသို့ငုံ့လျက်ကြည့်နိုင် သေးသည်။ ဘုရားရင်ပြင်ရှေ့ရှိ ဖန်ခါးပင်ကြီးသည် လေတိုက် တိုင်း ‘တရှဲရှဲ’ အော်မြည်ကာယိမ်း နွဲ့နေပါသည်။ ၀န်းကျင်သည် လေတိုးသံ၊ ငှက်သံနှင့်ခေါင်း လောင်းသံ တချွမ်ချွမ်မှအပ အေး ချမ်းတိတ်ဆိတ်လျက်ရှိသည်။ ဘု ရားကြီးရင်ပြင်ဘေး ဘုန်းကြီး ကျောင်းအတွင်း သစ်ပင်အုပ်အုပ် သည် လေတဖြောဖြောတိုက်ခတ် ခံရပြီး ငှက်သံများညံနေရာ ဖောက်လဲရယ်တဲ့ ပွင့်စီစီ၊ ၀တ် ပန်းသူရာရေကြောင့်၊ ဆက်ရက် တွေသံစုံကျူးတယ်။ မြူးသည့်ရာ သီ ဆိုသောအဖွဲ့ကိုလည်း ကောင်း၊ သပြေလက်ပံ ငှက်ကျံ ကျံနှင့် ငုံလျှံပေါက်ဝါပင်လုံးပြား လို့ ဟူသောအဖွဲ့ကိုလည်းကောင်း သတိရမိပါသည်။ လေးမျက်နှာ နှင့် ရွှေစည်းခုံဝန်းကျင်တွင် ရှေး ဟောင်းကတူးဖော်ထားသောမြေ နေရာများကို ဟိုသည်တစ်ကွက် မြင်နေရသည်။ ခိုင်မာသောအ ချက်အလက်အရ ထိုမြေနေရာ တွင် အနော်ရထာမင်းကြီး၏ သားတော်မင်းလုလင်ခေါ် စော လူးမင်း၏ကောင်းမှုတော်စာတန်း ပါ အုတ်ခွက်များတွေ့ရှိကြောင်း စာရေးထိုးထားသည်။

ကျွန်တော်တို့သည် ထိုသာ သနိကမြေနေရာမှ မြို့အ၀င်အနီး ပြတိုက်ရှိရာသို့ စကားစမြည်ပြော ရင်းလျှောက်လှမ်းလာရာ တ ကောင်းမြေကွက်ဈေးများ အ ကြောင်း ရောက်သွားသည်။ တ ကောင်းမြေသည် သုံး၊ လေးနှစ်အ တွင်း သိသာစွာတက်လာကြောင်း သိရသည်။ အေးချမ်းတိတ်ဆိတ် ၍ အချက်အချာကျရာယခုဝန်း ကျင်တွင် မြေပေ ၄၀၊ ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်းနှစ်ရာ ခန့်ဈေးရှိကြောင်း ဦးလှထွန်းက ပြောသည်။ ထိုစဉ်ဘုန်းကြီး ကျောင်းဝင်းတစ်ခုအတွင်းမှ မောင်းထွက်လာသောကားတစ် စီးကို ရှောင်လိုက်ရင်းကြည့်မိရာ သံဃာတစ်ပါး မောင်းသွား ကြောင်း တွေ့ရသဖြင့် ဦးလှထွန်း က ...

‘‘ဒီမှာတော့ ဒကာ၊ ဒကာမ တွေလှူဒါန်းထားတဲ့ယာဉ်ကို တ ချို့သံဃာတွေမောင်းနေကြတာ ပဲ။ ဒါကလည်းတစ်ပါး၊ နှစ်ပါး ပါ’’ ဟုပြောသည်။ မြန်မာပြည် ဒေသအချို့တွင် သံဃာများကား နှင့်ဆိုင်ကယ်မကြာခဏမောင်း နှင်သောမြင်ကွင်းကို တွေ့ဖူးထား ၍ ကျွန်တော့်အတွက်မထူးဆန်း။ ထို့ကြောင့် အသာငြိမ်နေလိုက်ပါ သည်။ တကောင်းမြို့တွင်းဖြတ် သန်းလာပြီး မြို့အ၀င်နေရာအနီး ရောက်လာသော်ညာဘက်တွင် တကောင်းတိုက်နယ်ဆေးရုံကို မြင်ရ၏။ တစ်ထပ်တိုက်အ ဆောက်အအုံဆေးရုံလေးသည် သစ်ပင်ကြီးများဝေေ၀ဆာဆာ အုပ်မိုးထားရာဝင်းအတွင်း သပ် သပ်ရပ်ရပ်လေးတည်ရှိနေသည်။ ဆောက်လက်စအဆောက်အအုံ အချို့နှင့် အလုပ်သမားများပါမြင် ရသည်။ ဦးလှထွန်းမိတ်ဆက်ပေး ၍အသားဖြူဖြူလူလတ်ပိုင်းတာ ၀န်ကျဆရာဝန်ဒေါက်တာစိန် လှိုင်ဝင်းနှင့် စကားပြောခွင့်ရပါ သည်။

‘‘ဒီမှာတော့ဗျာ လျှပ်စစ်မီး မရသေးလို့ တချို့ခွဲစိတ်ရမယ့်လူ နာတွေအတွက် ကသိကအောက် ဖြစ်တာတော့ရှိတယ်။ မီးစက်ရှိ ပေမယ့် လျှပ်စစ်မီးနဲ့မတူဘူးလေ။ တစ်ချိန်လုံး နှိုးမထားနိုင်ဘူး။ ရေ နွေးတည်တာကအစ ဆက်သွယ် ရေးအတွက် ဖုန်းအားသွင်းတာအ ဆုံးအခက်အခဲလေးတွေကြုံရ တယ်။ ဆေးရုံက လူနာ ၂၅ ယောက်ဆံ့ဆိုပေမယ့်  ၃၀ ကျော်  ၄၀ နီးပါးရှိတတ်တယ်။ အများစု ကတော့ မွေးလူနာတွေပါ။ တချို့ လည်း တစ်ခါတလေယာဉ်တိုက် မှုဖြစ်ပြီး ရောက်လာတာရှိတယ်။ ပုံမှန်ကတော့ မွေးလူနာများပါ တယ်’’ ဟုဆိုပါသည်။ ဆေးရုံ ၀င်းအတွင်း အဆောက်အအုံသစ် များဆောက်လုပ်နေမှုတွေ့ရသ ဖြင့် မေးကြည့်ရာဆရာဝန်နှင့် သူ နာပြုများနေထိုင်ရန် တည် ဆောက်နေမှန်းသိရသည်။ တ ကောင်းဆေးရုံမြေနေရာသည် ဧရာဝတီမြစ်ကမ်းနံဘေးကုန်းမြေ မို့မို့တွင် တည်ရှိသဖြင့်လေတဖြူး ဖြူးသာသာယာယာရှိလှသည်။ မြစ်တစ်ဖက်ကမ်းမင်းဝံတောင် စဉ် တောင်ရိုးများကဆောင်းအ ကုန်နွေအကူးမို့ မှိုင်းပျပျ၊ တောင် ခြေ၌ မြူများကပ၀ါခြုံထားကြ သည်။

(ဆက်လက်ဖော်ပြပါမည်)

(ဆောင်းပါးရှင် ချမ်းငြိမ်းသည် စာပေခရီးသွားလူမှုဆောင်းပါး များ ရေးသားနေသူဖြစ်သည်)