ခွဲစိတ်ပါရဂူ ဒုဗိုလ်မှူးကြီးတစ်ဦး စကေဘာဖြင့်အထိုးခံရ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေး ရုံတွင် တာဝန်ထမ်းဆောင်နေ သည့် ခွဲစိတ်ပါရဂူဒုတိယဗိုလ်မှူး ကြီးမိုးမြတ်အောင်သည် စကေ ဘာဖြင့်အထိုးခံရ၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၉ ရက်တွင် သတင်းထုတ်ပြန် သည်။


ဧပြီ ၂၅ ရက်ည ၉ နာရီ ကျော်က ဒုတိယဗိုလ်မှူးကြီးမိုး မြတ်အောင်သည် ပြင်ဦးလွင်အနီး စခန်းရှိ ပါမောက္ခချုပ်ဆရာတော် ကြီး၏ ဓမ္မသဟာယသာသနစင် တာမှ ရပ်ကွက်ကြီး(၉)ရှိ ၎င်း၏ နေအိမ်သို့ မော်တော်ယာဉ်ဖြင့်ပြန် လာစဉ်လမ်း၌ ဆိုင်ကယ်စတန့်ပြု လုပ်မောင်းနှင်နေသော အမျိုး သားခုနစ်ဦးပါ ဆိုင်ကယ်လေးစီး ကို ရှောင်တိမ်းမောင်းနှင်စဉ် ဆိုင် ကယ်တစ်စီးကို ယာဉ်ဖြင့်မတော် တဆ ပွတ်တိုက်မှုဖြစ်ခဲ့သည်။ ထို့ကြောင့် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်က ကူညီဆောင် ရွက်ပေးရန် ယာဉ်ပေါ်မှဆင်း၍ မေးမြန်းစဉ် ဆိုင်ကယ်စီးနင်းသူ များအနက် သုံးဦးက၎င်းအားချုပ် ကိုင်၍တစ်ဦးက၀မ်းဗိုက်ကိုစကေဘာဖြင့်ထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

စကေဘာဖြင့်ထိုးခံရ၍ ပြင်း ထန်စွာဒဏ်ရာရရှိခဲ့သော ဒုဗိုလ် မှူးကြီးမိုးမြတ်အောင်ကို ပြင်ဦး လွင် တပ်မတော်ဆေးရုံတွင်အ ရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင် ရွက်ကာ ဆေးကုသပေးနေ ကြောင်း၊ ပြစ်မှုကျူးလွန်ပြီးထွက် ပြေးတိမ်းရှောင်နေသည့် ဆိုးသွမ်း လူငယ်ခုနစ်ဦးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ပြင် ဦးလွင်မြို့ မြို့မရဲစခန်းတွင်အမှု ဖွင့်၍ ဖမ်းဆီးရမိရေးဆောင်ရွက် နေကြောင်း တပ်မတော်က သ တင်းထုတ်ပြန်သည်။

ပြင်ဦးလွင်မြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးကမူ အဆိုပါအမှု နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်မပြုလိုကြောင်း ပြော ကြားပြီး စခန်းမှူးထံ တိုက်ရိုက် ဆက်သွယ်မေးမြန်းရန် ပြော သည်။ ပြင်ဦးလွင်မြို့မရဲစခန်းမှူး ထံ ဖုန်းဖြင့်ဆက်သွယ်ရာအဆက်အသွယ်မရခဲ့ပေ။