မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်း

‘‘ရေငါးမီတာလောက်တက်လာရင်ကို မြစ်ဝကျွန်းပေါ်တစ်ခုလုံးရဲ့ ၄၃ ရာခိုင်နှုန်းက ရေအောက်ရောက်သွားပြီ’’
ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

လွန်ခဲ့သော  ၁၀ နှစ်၊ ၂၀၀၈ မေလ ၂ နှင့် ၃ ရက်တွင် မြန်မာနိုင်ငံသို့နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့သည်။ တစ်နာရီလေတိုက် နှုန်း မိုင် ၁၅၀ ခန့်ဖြင့် တိုက်ခတ်သော နာဂစ်မုန်တိုင်းက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြင်းထန်စွာ မွှေနှောက်ဖျက်ဆီးခဲ့ရာ လူဦးရေတစ်သိန်းလေးသောင်းခန့် သေဆုံးခဲ့သည်။ ဒေါက်တာထွန်းလွင်သည် ယင်းအချိန်က မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေချိန် ဖြစ်သည်။ နာဂစ်မုန်တိုင်း ၀င်ရောက်သော ကာလများမှ အခြေအနေ အချို့နှင့် နာဂစ်မုန်တိုင်းဆီမှ မြန်မာက ယူရမည့် သင်ခန်းစာများကို သိရှိနိုင်ရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်အား 7Day News  ဂျာနယ်က တွေ့ဆုံမေးမြန်းထားပါ သည်။

နာဂစ်မုန်တိုင်းကာလ မိုးဇလဌာနမှာ ဆရာက ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး သတင်းတွေ ထုတ်ပြန်ခဲ့တာ ဆိုတော့ လူအသေအပျောက်များခဲ့တဲ့ ဒီသဘာဝဘေးအပေါ် သတင်းထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ ဘာများ ပြန်လည်အသိပေးချင်ပါ သလဲ။

နာဂစ်မုန်တိုင်းအကြောင်း ပြောရင်တော့ အရှည်ကြီးပါပဲ။ ဒီသတင်းကို ကြိုပြီးထုတ်တယ်။ ဒါပေမဲ့ လူတွေဆီ အချိန်မီမ ရောက်ဘူး။ နောက်ပြီးလူတွေ သိ တဲ့အချိန်ကျတော့လည်း အရေး ယူဆောင်ရွက်မှု မရှိခဲ့ဘူး။ မုန် တိုင်းလမ်းကြောင်းပေါ် ရှိလာရင် နေရာရွှေ့တာတို ၊ ဘာတို့က နောက်ပိုင်းမှ လုပ်ကြတာ။ အရင်က လုပ် မှမလုပ်ကြတာ။

မုန်တိုင်းလမ်းကြောင်းမှာ ရှိတဲ့ ဒေသခံတွေကို ရွှေ့ပြောင်းဖို့တွေမှာ လိုအပ်ချက်တွေရှိခဲ့တယ်လို့ ပြောဆိုမှုတွေရှိနေတော့ အဲဒီအချိန်က ဖြစ်ရပ်တချို့ကို ပြန်ပြောပြပါလားခင်ဗျာ။

နယ်တွေမှာ ဖြစ်နေတာကို တော့ ပြောလို့မရဘူးလေ။ ဆရာ တို့အပိုင်းပဲ ပြောလို့ရတာပေါ့။ ဆရာတို့အပိုင်းကတော့ သတင်း ထုတ်ပြန်တာပဲလေ။ ထုတ်ပြန်တဲ့ သတင်းတွေ လူထုဆီရောက်ဖို့၊ ရောက်တဲ့အခါ အရေးယူဆောင် ရွက်ဖို့က တခြားဌာနတွေနဲ့ ဆိုင် သွားပြီလေ။ အဲဒါတွေကို ဘာမှ မလုပ်ခဲ့ကြဘူး။ ဆက်သွယ်ရေး စနစ်က အရမ်းညံ့တယ်လေ။ အခု လို ချက်ချင်းပို့လို့ မရဘူး။ မိုဘိုင်း ဖုန်း၊ အင်တာနက်၊ ဖေ့စ်ဘွတ်ခ် ဆိုတာတွေ မရှိဘူး။ အကုန်လုံး က ရေဒီယို၊ တီဗီ၊ သတင်းစာက နေပဲ သွားရတဲ့အတွက် နှောင့်နှေး တယ်။

နာဂစ်မုန်တိုင်းနဲ့ ပတ်သက်တဲ့ ဆရာရေးတဲ့ စာအုပ်ထဲမှာပါတာတစ်ခုက လွဲမှားမှုတွေထဲမှာ အထင်လွဲမှားမှုဆိုတာ အဆိုးဆုံး ပဲလို့ ဆရာပြောထားတာ ရှိတယ်။ ဘာတွေလွဲမှားတာလဲ ဆရာ။

အထင်လွဲမှားမှုဆိုတာက မိုးလေ၀သကို မုန်တိုင်းသတင်း မပြောဘူးလို့ ပြောနေကြတာကို ဆိုလိုတာ။ ပြောရဲ့သားနဲ့ မပြော ဘူးလို့ဆိုတာက  ဒါအထင်လွဲတာ ပေါ့။ အဲဒါ အဆိုးဆုံးပဲလေ။နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတဲ့ နောက်ဘေးသင့်တဲ့ ဒေသတွေမှာ သဘာဝဘေးအန္တရာယ် လျှော့ချ ရေးလုပ်ငန်းတွေကို မိုးလေ၀သ ဌာနက နာဂစ်ဝင်ရောက်အပြီး။ တစ်ပတ်အတွင်း ကွင်းဆင်းလေ့ လာခဲ့တယ်။ စစ်တမ်းကောက်တဲ့ အခါ ကြိုတင်သတိပေးချက်တစ် ခုသာ အောင်မှတ်ရတယ်လေ။ မိုး လေ၀သက သူ့ဘာသာသူစံချိန်မီ အောင် လုပ်နိုင်ခဲ့ပါတယ်။ မလုပ် နိုင်တာက ကျန်တဲ့ Sector တွေက မလုပ်နိုင်ခဲ့ဘူး။

မိုးလေ၀သပညာရှင်တစ်ဦးအနေနဲ့ ဆရာက နေ့စဉ်မိုးလေ၀သသတင်းတွေ ထုတ်ပြန်ပေးနေ တယ်။ ဒီဘက်ခေတ်မှာ အစိုးရက ကော ပညာရှင်နဲ့ ပူးပေါင်းဆောင် ရွက်မှုကော ရှိပါသလား။

ပူးပေါင်းဆောင်ရွက်တာ ရှိ ပါတယ်။ NLD အစိုးရတက်လာ တဲ့အခါ ပို့ဆောင်ရေးဝန်ကြီးကိုယ် တိုင် ဆရာနဲ့လာတွေ့တာပဲ။ ၀န် ကြီးမဖြစ်ခင်ကပေါ့။ တချို့ဟာ တွေ မေးတယ်။ ၀န်ကြီး PSO က လည်း မေးတယ်။ ပူးပေါင်းဆောင် ရွက်တာကတော့ အထက်ပိုင်းအ ဆင့်တွေက အရင်ထက်စာရင် ပိုလုပ်ပါတယ်။ သဘာဝဘေး အန္တရာယ်ကာကွယ်စောင့်ရှောက် ရေး အမျိုးသားကော်မတီရယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲခြင်း ဗဟို ကော်မတီမှာလည်း ထည့်ထား တယ်။ အောက်က ၀န်ထမ်းတွေ ကတော့ သိပ်မပြောင်းလဲပါဘူး။ ဒါပေမဲ့ အခုဒီဘက်ခေတ်မှာတော့ အများကြီး အများကြီး တိုးတက် ပါတယ်။

သဘာဝဘေးတွေ ခြိမ်းခြောက်နေတဲ့ ကျွန်တော်တို့လိုနိုင်ငံမှာ မိုးဇလပညာရပ်နဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်ဖို့ လိုအပ်ပါလဲဆရာ။

အဓိကက ပညာပိုင်းလည်း ဒီလောက်မဟုတ်ဘူး။ အဓိကစိတ် ဓာတ်ပဲ။ လုပ်ချင်ကိုင်ချင်တဲ့ စိတ် နဲ့ တိုင်းပြည်အတွက် အလုပ်အ ကျွေးပြုချင်တဲ့ စိတ်ဓာတ်ကအ ရေးကြီးတာပါ။ ဘွဲ့တွေရပြီးတဲ့အ ခါ  ပညာရပ်ဆိုင်ရာ စံချိန်မီဖြစ်ဖို့ လို တယ်။ နံပါတ် (၂)က စိတ်ဓာတ် လိုတယ်။ နံပါတ်(၃)က အတွေ့ အကြုံလိုတယ်။ ပညာရယ်၊ သမ္ဘာ ရယ်၊ စေတနာရယ် သုံးခုရှိတယ်။ အဲဒီသုံးခုမှာ အခုခေတ်က အများ အားဖြင့် စိတ်ဓာတ်တွေက တိုင်း ပြည်အတွက် လုပ်ဖို့ထက် နိုင်ငံ ခြားပဲ သွားချင်ကြတာ။ ပညာသင် တော့ သွားတယ်။ ပြန်လာပြီး ရုံး အတွက် မလုပ်ချင်ဘူး။ နိုင်ငံခြား အလုပ်ကိုရှာနေတယ်။ ဆရာတို့ တုန်းက အဲဒီလိုမဟုတ်ဘူး။ ပညာ သင်သွားပြီးပြန်လာတယ်။ ပြည်ပ ကနေ ပြန်ခေါ်တယ်။ အခုထိကို ခေါ်တာ။ လုပ်မှမလုပ်တာ။

နာဂစ်လို မုန်တိုင်းမျိုးသာ အခုလိုအရပ်သားအစိုးရလက်ထက်မှာဖြစ်ခဲ့တယ်ဆိုပါစို့။ ဆရာကလည်း မိုးဇလမှာ အကြီးအကဲတစ်ယောက်ဖြစ်နေသေးတယ်ဆိုရင် ကြုံခဲ့တဲ့ဘေးက ဒီထက်နည်းအောင် စွမ်းဆောင်နိုင်မယ်လို့ ထင်ပါသလား။

အခုလို ဆက်ဆံပုံမျိုးနဲ့ဆိုပို ပြီးတော့ ထိရောက်အောင်လုပ် နိုင်မယ်လို့ ထင်တာပဲ။ အခုလို ဆက်ဆံပုံမျိုးဆိုတာ တစ်ဦးနဲ့တစ် ဦး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိ တယ်။ ၀န်ကြီးတွေ ကိုယ်တိုင်က ဒီအလုပ်အပေါ်မှာ စိတ်ဝင်တစား ရှိတယ်။ အခုလက်ရှိ ၀န်ကြီးဆို အများကြီး စိတ်ဝင်စားတယ်လေ။ အခုလက်ရှိ အစိုးရမျိုးဆိုရင် နိုင်ငံ တကာအကူအညီက အများကြီး ပေးတယ်လေ။ ဆရာတို့တုန်းက နိုင်ငံတကာ အကူအညီတွေက ပိတ်ထားပြီး ဘာအကူအညီမှ မရ ဘူး။ အထက်၊ အောက်ပူးပေါင်း ဆောင်ရွက်မှုမှာလည်း လက်ရှိ ခေတ်က အများကြီးပိုတယ်။ ဒီအ နေအထားမျိုးနဲ့ဆိုရင်တော့ ရလဒ် က ဒီထက်ကောင်းမှာပေါ့။ အဓိ ကက လူပေါ်မူတည်ပါတယ်။ မကောင်းတဲ့သူတွေ ရှိသလို ကောင်းတဲ့သူတွေလည်း ရှိပါ တယ်။

သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် ဘယ်လိုရေရှည်စီမံကိန်းတွေ အစိုးရက လုပ်ဆောင်သင့်ပါသလဲ။

တိုင်းပြည်အတွက် လုပ်ရ မယ့်အလုပ်တွေက ဘယ်အစိုးရ တက်တက်၊ လုပ်ရမယ့် အလုပ်က လုပ်ရမှာပဲ။ အစိုးရပြောင်းတိုင်း မူဝါဒတွေ လိုက်ပြောင်းနေရင် တော့ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ လူတွေကသာ မမြဲလို့ ပြောင်းတာ။ ရာသီဥတုတို့၊ သဘာ ၀ဘေးအန္တရာယ်တို့ဆိုတာ ဘယ် တော့မှ မပြောင်းဘူး။ ဒီအလုပ်တွေ က ပြောင်းမသွားဘူး။ ရေတိုစီမံ ကိန်းတွေ၊ နှစ် ၂၀ စီမံကိန်းတွေ ချပြီးသား။ ရှေ့ကလုပ်သွားတာ ကို နောက်ကပိုကောင်းအောင် လုပ်ဖို့ပဲ ရှိတယ်။ ရပ်ဖို့လည်း မလို ဘူး။ ပြောင်းလဲပစ်ဖို့လည်း မလိုဘူး။ ဆက်လက်အကောင်အထည် ဖော်ဖို့လိုပါတယ်။

နာဂစ်မုန်တိုင်းဝင်တဲ့နေ့ကို နာဂစ်နေ့အဖြစ် သတ်မှတ်ဖို့ဆရာက တိုက်တွန်းတယ်။ ဘာကြောင့်ပါလဲ။ အဲဒီလိုသတ်မှတ်ရင် ဘယ်လို အကျိုးရလဒ်ထွက်ပေါ်နိုင်ပါသလဲ။

ဒီမုန်တိုင်းကနေရတဲ့ အတွေ့အကြုံတွေကို မေ့မေ့ပျောက် ပျောက်ဖြစ်မှာ စိုးလို့ပါ။ အခုပဲ ပင်လယ်မှာ လေဖိအားနည်း ရပ် ၀န်းဖြစ်နေပြီလေ။ ဒီကာလမှာ ဒီ လိုအခြေအနေတွေကို သတိပြုဖို့ လိုတယ်ဆိုတာကို အဆိုးရွားဆုံး ဖြစ်တဲ့ နာဂစ်မုန်တိုင်းရဲ့ အတွေ့ အကြုံကနေ သတိမူစေချင်လို့ပါ။

နာဂစ်မုန်တိုင်းက ရလိုက်တဲ့ သင်ခန်းစာတွေဆိုတာ ဘာတွေဖြစ်မလဲဆရာ။

 မြစ်ဝကျွန်းပေါ်ဒေသအ တွက်တော့ အားနည်းချက်တွေ (၁၀)ချက်လောက်တွေ့ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသဟာ မြေအ လွန်နိမ့်ပါတယ်။ ကောင်းကင်မြေ တိုင်း DEMS တိုင်းတာချက်တွေနဲ့ တိုင်းကြည့်လိုက်တော့ ဒီနေရာက ရေ ငါးမီတာလောက် တက်လာရင် ကို မြစ်ဝကျွန်းပေါ် တစ်ခုလုံးရဲ့ ၄၃ ရာခိုင်နှုန်းက ရေအောက် ရောက်သွားပြီ။ ငါးမီတာဆိုတာ ၁၇ ပေလောက်ရှိတာ။ နာဂစ်တုန်း က ကွင်းဆင်းတိုင်းတာချက်အရ သဘာဝဒီရေအထက် ပိုတက်ခဲ့တဲ့ မုန်တိုင်းဒီရေလှိုင်းအမြင့်က ၂၂ ပေ အထိ ရှိခဲ့ပါတယ်။ နောက်ပြီး မြစ်ဝကျွန်းပေါ်ဒေသဟာ မြန်မာ တစ်နိုင်ငံလုံးမှာ လူဦးရေ အထူ ထပ်အသိပ်သည်းဆုံးဒေသ ဖြစ်ပါ တယ်။ မုန်တိုင်းဒဏ်သင့်နိုင်တဲ့ ဒေသလည်းဖြစ်နေတော့ ကြိုတင် ပြင်ဆင်မှုက အရေးကြီးတယ်။ မြစ်လက်တက်တွေနဲ့ မြစ်ဝများ ပေါများတာကလည်း ရေဘေးက တစ်နည်းမဟုတ် တစ်နည်းခြိမ်း ခြောက်နေတယ်။ မုန်တိုင်းခိုအ ဆောက်အအုံနဲ့ သက်ကယ်ကုန်း မြင့်တွေ လုံလောက်အောင် မရှိပါ ဘူး။ နာဂစ်ဖြစ်တုန်းက မုန်တိုင်းခို အဆောက်အအုံ(Storm Shelter) ဆိုတာ ကြားတောင်မကြားဖူးဘူး။ အသက်ကယ်ကုန်းဆိုတာ ဘာမှ မရှိဖူးခဲ့ဘူး။ နောက်ပြီး သဘာဝ ဘေးအန္တရာယ် အခြေအနေအမျိုး အစားနဲ့ အန္တရာယ်ရှိမှုပြ မြေပုံ တွေ အဲဒီဒေသအတွက် လိုအပ်ပါ တယ်။ ဒါကို အကောင်အထည် ဖော်ရပါမယ်။ မုန်တိုင်းဆိုင်ရာ ယခင် အတွေ့အကြုံနည်းမှု ကြောင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရန် ခဲယဉ်းခဲ့ပါတယ်။ ဒါကိုလည်း သင်ခန်းစာယူရပါမယ်။ မုန်တိုင်း ဒီရေအန္တရာယ်ကလည်း အလွန် ကြီးပါတယ်။ အဲဒီအချက်တွေကို အသိပညာပေးရပါမယ်။ သဘာ ၀ဘေးမျိုးစုံကနေ ထိခိုက်ပျက်စီး  မှု နည်းနိုင်သမျှ နည်းအောင် သယ်ယူပို့ဆောင်ရေးလမ်းပန်း ဆက်သွယ်မှု ကောင်းအောင် ဆောင်ရွက်ရပါမယ်။ ဒီရေတော များ ပြုန်းတီးတာတွေကို ကုစား ရပါမယ်။

ဆရာဘာများ ဖြည့်စွက်ပြောလိုပါသလဲ။

မရှိပါဘူး။ သဘာဝဘေးတွေ ကနေ သင်ခန်းစာယူကြဖို့ပဲ တိုက် တွန်းလိုပါတယ်။    

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ ။   ။

More in Interview Section