နယ်နိမိတ်မျဉ်းရဲ့ တစ်ဖက်တစ်ချက်မှသည်

(၁)

ကိုရီးယားကျွန်းဆွယ်ပေါ် က ငြိမ်းချမ်းရေးရောင်ခြည်များ က ကမ္ဘာသူ၊ကမ္ဘာသားအားလုံး၏ စိတ်နှလုံးကို ချမ်းမြေ့ရွှင်ကြည် စေသည်။ မြန်မာနိုင်ငံကဲ့သို့ ပြည်တွင်းစစ်နှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့သော နိုင်ငံတစ်နိုင် ငံမှ နိုင်ငံသူ၊ နိုင်ငံသားတို့အဖို့ တောင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်များ၏ လက်ဆွဲနှုတ် ဆက်မှုက အံ့သြမှင်တက်စေခဲ့ သည်။ ဂုဏ်ယူအားကျစိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အား မလို အားမရစိတ်ကို ဖြစ်ပေါ်စေ သည်။ တစ်ချိန်တည်းတွင်တောင် နှင့် မြောက်ကိုရီးယားခေါင်း ဆောင်နှစ်ဦး၏ အာဃာတစိတ် ကို ဖယ်ရှားထားခဲ့ကြပုံအတွက် ကြည်နူးမှုတွေကို တွေ့ရသည်။ သည်အကြောင်းအရာတွေကို လူမှုကွန်ရက်စာမျက်နှာတွေအ ပေါ်မှာရော သတင်းမီဒီယာများ မှာပါ အလေးအနက်ထားပြော ဆိုခဲ့ကြသည်ကို တွေ့ရသည်။

ကိုရီးယားကျွန်းဆွယ်ပေါ် က ငြိမ်းချမ်းရေးတွေ့ဆုံပွဲကြီးအ တွင်း အထူးခြားဆုံး၊ စိတ်လှုပ် ရှားစရာ အကောင်းဆုံးဖြစ်ရပ် တစ်ခုကိုပြပါဆိုလျှင် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း တစ်ဖက်တစ် ချက်စီမှ ခေါင်းဆောင်နှစ်ဦး၏  လက်ဆွဲနှုတ်ဆက်မှုအပြီး နယ်နိ မိတ်မျဉ်းအုတ်ခုံလေးကို ကျော် လိုက်သော မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ခြေ လှမ်းဖြစ်လိမ့်မည်ဟု ထင်သည်။ ဒုတိယ စိတ်အလှုပ်ရှားစရာအ ကောင်းဆုံး၊ ရုပ်ရှင်အဆန်ဆုံး ဖြစ်ရပ်ကတော့ တောင်ကိုရီးယား နယ်မြေထဲကို ခြေချပြီးသော မြောက်ကိုရီးယားခေါင်းဆောင် လေးကင်ဂျုံအန်က  တောင်ကိုရီး ယားခေါင်းဆောင်သမ္မတမွန်ဂျေ အင်ကို မြောက်ကိုရီးယားနယ်မြေ ကို ခြေချဖို့ကမ်းလှမ်းခဲ့ခြင်းနှင့် ကမ်းလှမ်းမှုအတွက် မှင်တက် သွားခဲ့ရသူ သမ္မတမွန်ကို လက်ဆွဲ ပြီး မြောက်ကိုရီးယားနယ်မြေထဲ ခြေချစေခဲ့သည့် မြင်ကွင်းဖြစ် သည်။ တကယ်တော့မြောက်ကို ရီးယားမြေပေါ်သို့ ခြေချနိုင်ဖို့ ဦး စွာ ကမ်းလှမ်းခဲ့သူက တောင်ကို ရီးယားသမ္မတဖြစ်သည်။ ယင်း အဖြစ်အပျက်အတွင်း ခေါင်း ဆောင်နှစ်ဦးပြောခဲ့သည့် စကား များကို ကမ္ဘာကျော်နယူး ယောက်တိုင်းမ် (NewYork Time) သတင်းစာကြီးက ယခုလို မှတ်တမ်းတင်ခဲ့သည်။

မြောက်ကိုရီးယား ခေါင်း ဆောင် မစ္စတာကင်နယ်နိမိတ် မျဉ်းကို ဖြတ်ကျော်လာချိန်တွင် တောင်ကိုရီးယား သမ္မတမစ္စတာ မွန်က ‘‘ခုတော့ ခင်ဗျားကတောင် ပိုင်းကိုရောက်လာခဲ့ပြီ။ကျွန်တော် လည်း မြောက်ပိုင်းကို ဘယ်တော့ ဖြတ်လာနိုင်မလဲ သိချင်လိုက်တာ ဗျာ။ (Now you are here in the South, and I wonder when I can cross over to the North)’’ ဟု ဆိုခဲ့ပြီး သူတို့နှစ်ဦးလက်ဆွဲ နှုတ်ဆက်ခဲ့ကြသည်။ မစ္စတာ ကင်က ‘‘အခုဘာလို့ သွားလို့မရ ရမှာလဲဗျာ (Why don’t you now?)’’ ဟု ဆိုသည်။  

(၂)

သည်လို နှစ်နိုင်ငံ နယ်နိမိတ် မျဉ်းကို ခေါင်းဆောင်နှစ်ဦးစလုံး ဖြတ်ကျော်ကာ တစ်နိုင်ငံမြေထဲ အခြား တစ်နိုင်ငံခေါင်းဆောင်က ခြေချခဲ့သည့် ဖြစ်စဉ်ကအကောင်း မြင်ရှုထောင့်သက်သက်က ကြည့် လျှင် ခေါင်းဆောင်နှစ်ဦး၏ ချစ် ကြည်ရင်းနှီးမှုကို ပြသခြင်းဟု ယူဆနိုင်သည်။ သို့သော်ပိုမိုလေး နက်ကျယ်ဝန်းသည့် နိုင်ငံရေး အဓိပ္ပာယ်တွေလည်း ပါကောင်း ပါနေနိုင်သည်ဟု ယူဆမိသည်။ ထိုကဲ့သို့ ရန်သူတော်နှစ်ဦး၏စိတ် လှုပ်ရှားစရာ သမိုင်းဝင်လက်ဆွဲ နှုတ်ဆက်မှုမျိုးကို ဒီဘက်ခေတ် သမိုင်းမှာ ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ အထင်ရှားဆုံးက အရှေ့အလယ် ပိုင်းဒေသမှ အစ္စရေးဝန်ကြီးချုပ် ရက်ဇက်ရာဘင်နှင့် ပါလက် စတိုင်းခေါင်းဆောင်ယာဆာအာ ရာဖတ်တို့၏ ၁၉၉၃ ခုနှစ်က သမိုင်းဝင်လက်ဆွဲနှုတ်ဆက်မှု ဖြစ်သည်။

  သို့သော် ယင်းလက်ဆွဲ နှုတ်ဆက်မှုမှာ ပဋိပက္ခဖြစ်ပွားရာ ဂါဇာကမ်းမြောင်ဒေသမှာ မ ဟုတ်ဘဲ အမေရိကန်ပြည်ထောင် စုဝါရှင်တန် ဒီစီမြို့တော်ရှိ အမေ ရိကန်သမ္မတအိမ်ဖြူတော် မြက် ခင်းပြင်မှာဖြစ်သည်။ ထိုခေါင်း ဆောင်နှစ်ဦး၏ လက်ဆွဲနှုတ် ဆက်မှုကို ပုံဖော်ပေးခဲ့သူက အ မေရိကန်သမ္မတ ဘီလ်ကလင် တန်ဖြစ်သည်။ တောင်နှင့်မြောက် ကိုရီးယား ခေါင်းဆောင်နှစ်ဦး၏  လက်ဆွဲ နှုတ်ဆက်မှုကတော့ ပြဿနာရဲ့ အဝေးမှာမဟုတ်ခဲ့။ တကယ့် ပဋိပက္ခဖြစ်ပွားရာနေရာ တွင် ခြားထားသည့်နယ်နိမိတ် မျဉ်းကို အတူဖြတ်ကျော်ခဲ့ကြခြင်း ဖြစ်သည်။ ထို့အတူ မည်သည့်နိုင် ငံကြီးများမှ ခေါင်းဆောင် များက မှ ပွဲစားလုပ်ပေးစရာမလိုအပ်ခဲ့။ တကယ်ဆိုလျှင် အရှေ့အလယ် ပိုင်းတွင် ယနေ့အထိဖြစ်ပေါ် လျက်ရှိနေသော ပဋိပက္ခများ၏ အစမှာ ဗြိတိန်ကဲ့သို့သောနိုင်ငံ ကြီးများ၏ ခြေရာ၊ လက်ရာများ ပါဝင်နေသကဲ့သို့ တောင်ကိုရီး ယားနှင့် မြောက်ကိုရီးယားဟူ၍ နှစ်နိုင်ငံ ပြိုကွဲခဲ့ကြရသည့်အဖြစ် သနစ်၏ တရားခံများတွင် အမေ ရိကန်၊ ဆိုဗီယက်ယူနီယံကဲ့သို့ သော နိုင်ငံကြီးတွေက အဓိကပါ ဝင်သည်။ ပြီးတော့ အရှေ့အ လယ်ပိုင်းမှာရော ကိုရီးယားကျွန်း ဆွယ်အရေးမှာပါ ယင်းနိုင်ငံ ကြီးများက ပြဿနာကိုပြေလည် အောင် အခုထိဖြေရှင်းပေးနိုင် ခြင်းမရှိသေး။ သူတို့က ပြဿနာ ဖြေရှင်းရေးထက် သူတို့သြဇာ တည်ထောင်ရေးကို ပို၍အလေး ထားကြသည် မဟုတ်လား။ သူ တို့ ကြားဝင်ဖြေရှင်းပေးသဖြင့် လက်ဆွဲနှုတ်ဆက်ကြသော ရန် သူတော်တွေမှာလည်း ကြာကြာ ကြီး မိတ်ဆွေမဖြစ်လိုက်ကြ။ခဏ နေလျှင် ရန်သူတွေ ပြန်ဖြစ်သွား ကြသည်။

ကိုရီးယားခေါင်းဆောင်နှစ် ယောက်ကတော့ယင်းသမိုင်းသင် ခန်းစာကို ယူတတ်ခဲ့သည်လား မသိ။ နိုင်ငံကြီးတွေရဲ့ သြဇာအ နည်းဆုံးဖြင့် နယ်စပ်မျဉ်းမှာ လက်ဆွဲနှုတ်ဆက်ကြသည်။ စကားပြောကြသည်။ နေ့လယ်စာ အတူစားခဲ့ကြသည်။

(၃)

အကောင်းမြင်မှုဟူသောရှု ထောင့်ကို ကျော်လွန်ကာ နိုင်ငံ ရေးအဓိပ္ပာယ် သက်ရောက်မှု ဘက်ကို ပိုပြီးအသားပေးစဉ်းစား ကြည့်ပါက ထိုလက်ဆွဲနှုတ်ဆက် မှုနှင့် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းကို ခေါင်းဆောင်နှစ်ဦးစလုံး  ဖြတ် သန်းမှုက ‘ဆွေးနွေးဘက်များအ ကြား တန်းတူညီမျှမှု’ ဟူ၍မှတ်ယူ နိုင်မည်လား စဉ်းစားစရာဖြစ် သည်။ နှစ်နိုင်ငံ ငြိမ်းချမ်းရေးအ တွက် စကားပြောဖို့မြောက်ကိုရီး ယားကသာ တောင်ကိုရီးယား ဘက်အခြမ်းကို လာခဲ့သည် မဟုတ်ခဲ့။ တောင်ကိုရီးယားက လည်း မြောက်ကိုရီးယားဘက်အ ခြမ်းကို လာခဲ့သည်ဟူသော သ ဘောကို  သက်ရောက်စေလိုသ လား အတွေးပွားစရာဖြစ်သည်။

တစ်ချိန်တည်းတွင် တောင် ကိုရီးယားဘက် အခြမ်းက မြောက်ကိုရီးယားခေါင်းဆောင် ကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုရာ တွင် လက်ရှိတောင်ကိုရီးယား နိုင်ငံ၏ ဂုဏ်ပြုတပ်ဖွဲ့၏ဝတ် စုံဖြင့် ကြိုဆိုခဲ့ခြင်းမဟုတ်။ တောင်၊ မြောက်နှစ်နိုင်ငံ မကွဲ သေးသော ရှေးခေတ်ကိုရီးယား နိုင်ငံ၏ စစ်သဘင်အခမ်းအနား ဖြင့် ကြိုဆိုခြင်းဖြစ်သည်။ တောင် ကိုရီးယားအနေဖြင့် နှစ်နှစ်ငံ ပေါင်းစည်းလိုမှုကို ဖော်ထုတ်ပြ သရာရောက်သလို ကွဲပြားခြား နားမှုကို ဖယ်ရှားပြလိုက်ခြင်းဖြစ် သည်။ တစ်ဖက်တွင်လည်း မိမိ၏ အင်အားအခင်းအကျင်းကို ဆွေး နွေးဖက်အား ထုတ်ဖော်ပြသခြင်း မပြုဘဲ ယုံကြည်မှုကိုတည် ဆောက်ယူလိုက်ခြင်းဟု ယူဆမိ သည်။

(၄)

ကိုရိးယားကျွန်းဆွယ်ပေါ် က ငြိမ်းချမ်းရေးရောင်စဉ်တန်း များကို မြန်မာပြည်သူတွေအား ကျခဲ့ကြသလို  မြန်မာ့မြေပေါ်မှာ လည်း ငြိမ်းချမ်းရေးချိုးဖြူငှက် တွေ လွတ်လွတ်လပ်လပ်ပျံသန်း စေလိုကြမည်ဖြစ်သည်။ မကြာမီ ကျင်းပတော့မည့် ၂၁ ရာစုပင်လုံ ညီလာခံ၏ တတိယအစည်းအ ဝေးက ပြည်သူလူထုအတွက် ရလဒ်ကောင်းတွေ ထပ်မံထွက် ပေါ်လာဖို့ မျှော်လင့်မိသည်။ တစ် ချိန်တည်းတွင် အကြံပြုလိုသည် က တန်းတူညီမျှမှုကို ရိုးရိုးသား သား၊ ရဲရဲဝံ့ဝံ့ဖော်ထုတ်ပြသကြဖို့ ဖြစ်သည်။ လွတ်လပ်ရေးမတိုင်မီ ခေတ်ကနယ်ချဲ့သမား၏ ညစ်လုံး များကို အခြေခံသည့်အယူအဆ အစွဲ၊ လူမျိုးရေးအစွဲများကိုခဏ ဖြစ်ဖြစ်ဖယ်ခွာကြပြီး ပစ္စုပ္ပန်ကို မျက်မှောက်ပြုကြဖို့ ဖြစ်သည်။ မည်သည့်ဖိအားကြောင့်မှ မဟုတ် ဘဲ ငြိမ်းချမ်းရေးကို နှစ်လိုသော စိတ်ထားများဖြင့် ဆွေးနွေးပွဲစား ပွဲမှာ လက်ဆွဲနှုတ်ဆက်နိုင်ကြဖို့ တိုက်တွန်းလိုသည်။

သည်အကြံပြုချက်၊ သည် တိုက်တွန်းချက်က မြန်မာ့ငြိမ်း ချမ်းရေး ဆွေးနွေးဖက်အားလုံး အတွက် ဖြစ်ပါသည်။   ။

(ဆောင်းပါးရှင် ခိုင်ကြည်သစ် သည် နိုင်ငံရေး၊ ကျန်းမာရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါး များ ရေးသားနေသူဖြစ်သည်)

Top News