ရခိုင်တွင် တာဝန်ယူခဲ့သည့် ရဲမှူးချုပ် သူရစန်းလွင်ကို တာဝန်မှအနားပေး

ရခိုင်ပြည်နယ် မောင် တောဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားစဉ်က အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ် ကဲရေးမှူးအဖြစ် တာဝန်ယူခဲ့ သည့် ရဲမှူးချုပ် သူရစန်းလွင်ကို တာဝန်မှ အနားပေးကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြော ကြားသည်။


‘‘ဌာနဆိုင်ရာအနေနဲ့ပါပဲ။ တာဝန်မှ အနားယူလိုက်တယ်ဆို တာ။ နားတာကတော့ ပြီးခဲ့တဲ့လ (ဧပြီ)ကပါ’’ဟု ၎င်းက မေလ ၂ ရက်တွင် ပြောသည်။ 

ရဲမှူးချုပ် သူရစန်းလွင် တာဝန်ယူသည့် အမှတ် (၁) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ် ကဲရေးမှူး တာဝန်ကိုမူ အမြန်လမ်း ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ယူ သည့် ရဲမှူးကြီးတစ်ဦးက လွှဲ ပြောင်းတာဝန်ယူထားကြောင်း ၎င်းက ပြောသည်။

၂၀၁၇ ဩဂုတ်ကစတင်၍ ရခိုင်ပြည်နယ် မောင်တောဒေသ တွင် အကြမ်းဖက်မှုများ ဖြစ်ပွား ပြီး တစ်လကျော်အကြာ အောက်တိုဘာ၌ ရဲမှူးချုပ် သူရစန်းလွင် ကို နေပြည်တော် အမှတ် (၁) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲရေးမှူးအဖြစ် ပြောင်းလဲတာဝန် ပေးခဲ့သည်။ ထို့နောက် ခြောက်လကျော်အကြာတွင် ၎င်းကို တာဝန်မှ အနားပေးခဲ့သည်။

ရဲမှူးချုပ် သူရစန်းလွင်ကို တာဝန်မှ အနားပေးခြင်းသည် မောင်တောအကြမ်းဖက်မှုဖြစ် ပွားစဉ်က တာဝန်ယူဆောင်ရွက် မှုများနှင့် ပတ်သက်သည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

‘‘ကျွန်တော်တို့ ဟိုတစ်ခါ သတင်းစာရှင်းလင်းပွဲမှာ ကျွန် တော်ပြောထားတယ်လေ။ အဲဒီ မှာ ကျွန်တော်ပြောတယ်လေ။ ရဲမှူးချုပ်တစ်ယောက် အရေးယူ ထားတယ်ဆိုတာ အဲဒါပဲ။ အဲဒီ ကတည်းက လုပ်ထားတာ’’ဟု ဦးဇော်ဌေးက ပြောသည်။ 

ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ အစိုးရ တာဝန်ရှိသူများသည် မတ်လ ၁၄ ရက်က နေပြည်တော်၌ သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ရဲမှူးချုပ် သူရစန်းလွင်ကို တာဝန်မှ အနားပေးမှုနှင့်ပတ် သက်၍ အသေးစိတ်ကို ပြည်ထဲ ရေးဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရန် ဦးဇော်ဌေးက ဆို သည်။

အဆိုပါ အခြေအနေနှင့်ပတ် သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးထံ ဆက်သွယ်ရာ အ ဆက်အသွယ်မရပေ။

ARSA အကြမ်းဖက်သမား များက ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရဲကင်းစခန်းနှင့် ရဲစခန်း များကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာမှ အစပြုသည့် ရခိုင်ဒေသအတွင်း ဖြစ်ပွားသော အ ကြမ်းဖက်မှု ဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ပတ်သက်၍ စည်းကမ်းနှင့်မညီညွတ်သည့် တိုင်းမှူးတစ်ဦး၊ တပ်မတော် အရာရှိလေးဦးနှင့် ရဲမှူးချုပ်တစ် ဦးတို့ကို အရေးယူခဲ့သည်။