အာရှဆင်တွေကို ခြိမ်းခြောက်မှုအသစ်ဖြစ်လာသည့် အရေခွံဈေးကွက်

ဆင်မုဆိုးများက ဆင်များကို သတ်ဖြတ်၍ အရေခွံခွာထားသည်ကို ဧရာဝတီတိုင်းရှိ သစ်တော တစ်နေရာတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက တွေ့ရစဉ် (Klaus Reisinger/compass films via AP)

အစွယ်ဈေးကွက်အတွက် ပစ်မှတ် ဖြစ်ခဲ့ရသည့် အာရှဆင်များသည် ယခုအခါတွင် ခြိမ်းခြောက်မှု အသစ်နှင့် ရင်ဆိုင်လာရပြီဖြစ်သည်။

ဆင်အရေခွံသည် တရုတ် ဈေးကွက်တွင် အစာအိမ်နာနှင့် ကင်ဆာရောဂါကုသရန် ဆေးဝါး အဖြစ်လည်းကောင်း၊ လက်ဝတ် ရတနာနှင့် ဘာသာရေးအသုံးအ ဆောင်အဖြစ်လည်းကောင်း ဈေး ကွက်ဝင်လာသဖြင့် မြန်မာနှင့် အာရှတစ်လွှားရှိ ဆင်မုဆိုးများ ရောင်းတန်းပစ္စည်းတစ်ခုဖြစ်လာ နေသည်။

ဒါတင်မက ဆင်အရေခွံက နေ ဂေါက်ရိုက်တံထည့်အိတ်၊ ဘွတ်ဖိနပ်မှသည် ပိုက်ဆံအိတ်၊ ခါးပတ်နှင့် မော်တော်ဆိုင်ကယ် ထိုင်ခုံအထိပါ လူ့အသုံးအဆောင် များ ပြုလုပ်သုံးစွဲလာသည်။

အာရှဆင်အရေခွံဈေးကွက် သည် လွန်ခဲ့သည့်လေးနှစ်က ပမာ ဏအနည်းငယ်သာ ရောင်းဝယ် လာရာက လက်ရှိတွင် စီးပွားဖြစ် ရောင်းဝယ်လာသည့် လက်လီ၊ လက်ကားဈေးကွက်ကြီးသဖွယ် ပြောင်းလဲလာသည်။

တရုတ်ဆေးဝါးကုမ္ပဏီအချို့ ပင်လျှင် ဆင်အရေခွံကို အွန်လိုင်း တွင် ဈေးကွက်တင်ရောင်းချမှုရှိ လာပြီး ပစ္စည်းအများစုသည် တရား မဝင်ပစ္စည်းများဖြစ်သည်ဟု ဗြိတိန် အခြေစိုက် တောရိုင်းတိရစ္ဆာန်ကာ ကွယ်ရေးဖွဲ့ (Elephant Family)က ဆိုထားသည်။

တရားဝင်လိုင်စင်ဖြင့် ဆင် အရေခွံရောင်းဝယ်သည့် အာဖရိ ကနိုင်ငံလေးခုတွင် စည်းမျဉ်းစည်း ကမ်းများ တင်းတင်းကျပ်ကျပ်ဖြင့် ရောင်းဝယ်စေသည်ဟု ဆိုသည်။

ဆင်အရေခွံဈေးကွက်သည် ဆင်စွယ်ဈေးကွက်နေရာအစား ဝင်ပြီး တရားမဝင်သတ်ဖြတ် ရောင်းဝယ်မှုများ ကြီးထွားလာမည့်အရေး တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းသူများက စိုးရိမ်နေပြီး ယင်း အချက်ကြောင့် ဆင်အရေခွံ တင်ပို့မှု လုံးဝတားမြစ်နိုင်ရေး နိုင်ငံများအား ဖိအားပေးလာသည်။

ဆင်ထိန်းသိမ်းရေးအဖွဲ့၏ အဆိုအရ ဆင်အရေခွံ တရားမဝင် ရောင်းဝယ်မှုများ ခြေရာခံရာတွင် မြန်မာနှင့် လာအိုနိုင်ငံ၌ ဆင်ကို သတ်ဖြတ် အရေခွံခွာ၍သော် လည်းကောင်း၊ အမှုန့်အဖြစ် ပြောင်းလဲ၍သော်လည်းကောင်း တရုတ်ဈေးကွက်သို့ တရားမဝင် တင်ပို့ခြင်းဖြစ်သည်။ ဆွစ်အခြေ စိုက် WWF အဖွဲ့ ထုတ်ပြန်ချက် အရ ဆင်အရေခွံရောင်းဝယ်မှု သည် ထိုင်း၊ အိန္ဒိယ၊ လာအို၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံ သို့ပင် ပျံ့နှံ့နေပြီဟု သိရသည်။

Elephant Family အဖွဲ့ သုတေသီများ၏ ယခုနှစ်အစော ပိုင်း လေ့လာတွေ့ရှိချက်အရ ဆင်ထွက်ပစ္စည်းများသည် တရုတ် နိုင်ငံ ယူနန်၊ ဂွမ်ဒေါင်းနှင့် ဖူဂျန် ပြည်နယ်တို့တွင် အများဆုံး အ ရောင်းအဝယ်ပြုလုပ်သည်ဟုဆို သည်။ ‘‘ပစ္စည်းတွေကို ခင်းကျင်း ပြသပြီး ရောင်းတာမရှိပေမယ့် ဝယ်သူကမေးလိုက်ရင် ပစ္စည်း ရောင်းတဲ့ စင်ထိပ်ဆုံးမှာသိမ်းထား တဲ့ ပလတ်စတစ်အိတ်နဲ့ထုပ်ထား တဲ့ ပစ္စည်းထုတ်ရောင်းပေးတာ မျိုး’’ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အွန်လိုင်းမှ ရောင်းဝယ်မှုများ ကို ခြေရာခံကြည့်ရာတွင် ဆင် အရေခွံထုတ်ကုန်များ ရောင်းချမှု ကို Baidu ကဲ့သို့ ဝက်ဘ်ဆိုက်နှင့် တရုတ်နိုင်ငံ၏ နာမည်ကြီး လူမှုကွန်ရက် WeChat တွင် အနည်း ဆုံးကုန်သည် ၄၃ ဦးခန့်က တရား ဝင်ကြော်ငြာပြီး ရောင်းချသည်ဟု သိရသည်။

အဆိုပါ လူမှုကွန်ရက်များ တွင် ဆင်အရေခွံ၏ ကျန်းမာရေး ကောင်းကျိုးများအပါအဝင် အရေ ခွံကို အခြောက်ခံပြီး ပြုလုပ်ထား သည့် ဆွဲကြိုး၊ လက်ကောက်များ ကိုပါ ကြော်ငြာရောင်းချနေသည်။

Elephant Family အဖွဲ့၏ ထုတ်ပြန်ချက်အရ အွန်လိုင်းဈေး ကွက်တွင် ဆင်အရေခွံအစိတ်အ ပိုင်း တစ်ကီလိုဂရမ်လျှင် သယ်ပို့ခ မပါ ကန်ဒေါ်လာ ၁၉၀ ဈေးဖြင့် ရောင်းချပြီး အရေခွံအမှုန့်ဆိုပါက တစ်ကီလိုဂရမ်လျှင် ၄၂၅ ဒေါ်လာခန့် ဈေးရှိသည်ဟု သိရသည်။

အရွယ်ရောက်ပြီး ဆင်တစ် ကောင်လျှင် ခန္ဓာကိုယ်အရွယ်အ စားနှင့် အရေပြားအရည်အသွေး အလိုက် ကန်ဒေါ်လာ ၃၀,၀၀၀ အထိ ဈေးရနိုင်ပြီး အကယ်၍ အ စိတ်အပိုင်းတစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာရောင်းချပါက ဈေးကွက်တွင် ကန်ဒေါ်လာ ၃၀၀,၀၀၀ အထိ ဈေးရသည်ဟု ဆိုသည်။

သင်းခွေချပ်မှအစပြု၍ ကြံ့ နှင့် ဆင်တို့၏ အစိတ်အပိုင်းများ ကို နှစ်ပေါင်းများစွာကတည်းက တရုတ်တိုင်းရင်းဆေးဖော်ရာတွင် အဓိကကုန်ကြမ်းအဖြစ် အသုံးပြု ပြီး ဆင်အရေခွံကိုမူ လက်ဝတ် ရတနာနှင့် ဇိမ်ခံပစ္စည်းအမျိုးမျိုး ကို တီထွင်ထုတ်လုပ်အသုံးပြုလာ သည်။

မြန်မာနိုင်ငံ၏ တောဆင်ရိုင်း အကောင်ရေသည် တဖြည်းဖြည်း လျော့နည်းလာပြီး ၁၉၄၀ များဆီ က အကောင်ရေ ၁၀,၀၀၀ ခန့်ရှိခဲ့ သော်လည်း လက်ရှိတွင် အကောင်ရေ ၂,၀၀၀ အောက် လျော့နည်း လာသည်။

သုတေသနပြုချက်များအရ အာရှနိုင်ငံ ၁၃ နိုင်ငံတွင် အာရှဆင်အကောင်ရေ ၃၀,၀၀၀ မှ ၅၀,၀၀၀ ကြားရှိသည်ဟုဆိုသည်။

‘‘ဈေးကွက်က ဆင်အသက် အရွယ်မရွေး ပစ်မှတ်ထားလာတာ မို့ အာရှဆင်တိုးပွားမှုဟာ စိုးရိမ် စရာအခြေအနေဖြစ်နေပါတယ်။ မျိုးပွားမှုနှုန်း နှေးကွေးတဲ့ဆင်တွေ အတွက်တော့ ဆိုးရွားတဲ့ အန္တ ရာယ်တစ်ခုပါ’’ဟု Elephant Family အဖွဲ့အကြီးအကဲ ဘလင်ဒါစတီးဝပ်ကောက်စ်က ပြောသည်။ တိရစ္ဆာန်အစိတ်အပိုင်းများ အဓိကရောင်းဝယ်ဖောက်ကားရာ တရုတ်နိုင်ငံတွင် ဆင်စွယ်ဝယ်ယူ မှုကို ၂၀၁၇ နှစ်ကုန်တွင် အပြီး သတ်ပိတ်ပင်တားမြစ်ခဲ့ပြီး Con-vention on International Trade in Endangered Species of Wild (CITES) က ဆင်စွယ်ဝယ်ယူမှု တိုးပွားလာခြင်းကြောင့် ကမ္ဘာအနှံ့ အပြားတွင် ၁၅ မိနစ်လျှင် ဆင် တစ်ကောင်နှုန်း နေ့စဉ်သေဆုံးနေ သည်ဟု ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ သစ်တောရေး ရာဌာနသည် ဆင်အရေခွံပါသည့် ဆေးပစ္စည်းထုတ်လုပ်မှုအတွက် ကုမ္ပဏီများကို လက်ရှိတွင် တရား ဝင်လိုင်စင်ထုတ်ပေးနေမှုကို စိုးရိမ်ကြောင်း Elephant Family အဖွဲ့ က ထုတ်ပြန်ထားသည်။

(Denis D.Gray ၏ Asia elephants face new threat in skin trade ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)

Top News