MNA နှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့ အကျိုးတူပူးပေါင်း၍ ပြည်တွင်းခရီးစဉ်များပျံသန်းမည်

ရန်ကုန်လေဆိပ်၌ ရပ်နားထားသော မြန်မာအမျိုးသားလေကြောင်း(MNA)မှ လေယာဉ်တစ်စီး (ဓာတ်ပုံ-စိုင်းဇော်)

 နိုင်ငံပိုင်လေကြောင်း လိုင်းဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) နှင့် မန်းရတနာပုံလေကြောင်းလိုင်း တို့ အကျိုးတူပူးပေါင်းကာ မေလ ၁ ရက်ကစတင်၍ ပြည်တွင်းခရီး စဉ် ၁၃ ခု ပြေးဆွဲမည်ဟု MNA က သတင်းထုတ်ပြန်သည်။

‘‘နိုင်ငံပိုင်လေကြောင်းလိုင်း တစ်ခုဖြစ်ပေမယ့် ကုမ္ပဏီအနေနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်တဲ့ အတွက် နိုင်ငံခြားလေကြောင်း လိုင်းတွေလိုပေါ့။ အကျိုးတူပူး ပေါင်းဆောင်ရွက်တာတွေရှိမယ် လေ။ အဲဒီအတွက် ပထမဆုံး တခြားလေကြောင်းလိုင်းတစ်ခုနဲ့ ပူးပေါင်းပြီးတော့ ပြည်တွင်းခရီး စဉ်တွေကို ပျံသန်းမှုတွေ စတင် ပြုလုပ်မှာ ဖြစ်ပါတယ်’’ဟု မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) လေယာဉ်မှူးကြီး ဦးသန်းထွေးက ပြောသည်။

 မြန်မာအမျိုးသား လေ ကြောင်းလိုင်းမှ ATR-72 600 လေယာဉ်သစ်နှစ်စီးနှင့် မန်းရတနာပုံလေကြောင်းလိုင်းမှ ATR-72 600 လေယာဉ်သစ်နှစ်စီးတို့ကို အသုံးပြုကာ ပြည်တွင်းခရီး စဉ်များ တိုးချဲ့ပြေးဆွဲရာ၌ စီမံခန့်ခွဲမှုများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။

‘‘အကျိုးတူပူးပေါင်းမှုကို ခုကစပြီး လုပ်တာဖြစ်တဲ့အတွက် အသေးစိတ်ခရီးစဉ်တွေကိုတော့ မထုတ်ပြန်ရသေးပါဘူး။ အစိုးရ လေကြောင်းလိုင်းဆိုပေမယ့် လုပ်ငန်းလည်ပတ်မှုအားလုံးကို ကုမ္ပဏီတစ်ခုအနေနဲ့ ကိုယ်ပိုင်ဝင်ငွေ နဲ့ ရပ်တည်လာတာဖြစ်တဲ့အတွက် အခုလို အကျိုးတူပူးပေါင်းမှု အ ပြင် နောက်ပိုင်းမှာ ရှယ်ယာတွေ ရောင်းပေးတာမျိုးတွေ အထိပါ လုပ်ဖို့ စီစဉ်ထားပါတယ်’’ ဟု ဦးသန်းထွေးက ပြောသည်။

အဆိုပါ လေကြောင်းလိုင်း နှစ်ခု အကျိုးတူပူးပေါင်းပျံသန်း မည့် ခရီးစဉ်များသည် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ စစ်တွေ၊ ထားဝယ်၊ မြစ်ကြီးနား၊ လားရှိုး၊ တာချီလိတ်၊ မုံရွာ၊ ဟုမ္မလင်း၊ ဟဲဟိုး၊ ခန္တီးနှင့် ကလေးမြို့တို့ ဖြစ်သည်။