ပြည်ပခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ပြန်ချပေးရန် ဆွေးနွေးနေဆဲဟုဆို

ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင် (ပြည်ပ) ပြန်လည်ချထား ပေးရန် ခရီးသည်လက်ခံမှုစံနှုန်း များနှင့် ပတ်သက်၍ အသင်းအဖွဲ့ များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် အပြန်အလှန် ဆွေးနွေးဆဲဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ပြောသည်။

ကုမ္ပဏီ ၂၀၀ ခန့်သို့ ခရီး လှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်ပ)ချထားပေးရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း က ထောက်ခံပြီးဖြစ်သော်လည်း ၀န်ကြီးဌာနအနေဖြင့် လိုင်စင်အသစ်များ ထပ်မံချပေးရန် အချိန်သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။

‘‘စပေါ်ငွေထားဖို့အတွက် မဖြစ်နိုင်တဲ့အကြောင်း ပြန်ရှင်းပြ တာကို လက်ခံတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ဧည့်သည်ကို ဘယ်လိုစံ နှုန်းတွေနဲ့ လက်ခံမလဲဆိုတာ ဆွေးနွေးတာမပြီးသေးဘူး။ အသင်းအ နေနဲ့ ဆွေးနွေးပြီး ပြန်လည်တင်ပြ ထားပေမယ့် လိုချင်တဲ့အချက်မပါ လာဘူး’’ဟု ဦးမျိုးဝင်းညွန့်က ပြောသည်။

၂၀၁၇ တွင် ဂျပန်နိုင်ငံသို့သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသား ၁၀ ဦးသည် နိုင်ငံကူး လက်မှတ်များကို ဧည့်လမ်းညွှန်ထံ ထားကာ ထွက်ပြေးခဲ့သည့်နောက်ပိုင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်ပ) ချထားမှုများ ယာယီရပ်ဆိုင်း ခဲ့သည်။

‘‘ပြည်ပမှာ ဧည့်သည်တွေ ကျန်ခဲ့တယ်။ ဒီတော့ နိုင်ငံခြား ရေး၊ အလုပ်သမားနဲ့ လူဝင်မှုကြီး ကြပ်ရေးအစရှိတဲ့ ဆက်စပ်ဌာန တွေက အကြောင်းကြားလာတယ်။ ပြန်လည်ကြပ်မတ်ပေးဖို့ အကြံပြု ထားတာတွေလည်း ရှိတယ်’’ဟု ၎င်းက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနသည် ခရီးလှည့် လည်ရေးလုပ်ငန်းလိုင်စင် (ပြည်ပ)ကို ၂၀၁၅ တွင် စတင်ထုတ်ပေးခဲ့စဉ်က စပေါ်ကျပ်သိန်း ၁၀၀ ကောက်ခံသော်လည်း ခရီးသွားကုမ္ပဏီများအနေဖြင့် ပေးဆောင်နိုင်သည့် အခြေအနေမရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်သင်းသင်းအောင်က ပြောသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်း၌ အသင်းဝင်ကုမ္ပဏီ ၁,၅၀၀ ခန့်ရှိသည့်အနက် ကုမ္ပဏီ ၄၀၀ ကျော်သာ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်ပ)ရရှိထားသည်။

Top News