ကြားဖြတ်ရွေးကောက်ပွဲ ၁၃ နေရာအတွက် မြို့နယ်အချို့ မဲစာရင်းပြုစုပြီးဟု ရွေးကောက်ပွဲကော်မရှင်ပြော

- ကြားဖြတ်ရွေး ကောက်ပွဲကျင်းပမည့် လစ်လပ်မဲ ဆန္ဒနယ် ၁၃ နေရာအတွက် မဲစာ ရင်းပြုစုရာတွင် မြို့နယ်အချို့ ပြီးစီးနေပြီဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က 7Day Daily သတင်းစာအား ပြောကြားသည်။

‘‘တချို့ဆို တော်တော်လေး ပြီးနေပါပြီ။ အလုံးစုံပြီးတာတော့ မဟုတ်ဘူးပေါ့။ အကြမ်းအားဖြင့် ဆို တချို့နေရာတွေက ပြီးသွားပြီ ပေါ့။ အဲဒါကို စိစစ်ပြီး သူသတ် မှတ်တဲ့ရက်ကျတော့ တစ်ခါပြန် ကြော်ငြာရဦးမှာကိုး။ ကြော်ငြာတဲ့ အခါ ပြင်ဆင်လိုသူ၊ ဖြည့်စွက်လို သူတွေက ခါတိုင်းလိုလာမှာပေါ့’’ ဟု ဦးမြင့်နိုင်က ဆိုသည်။

မဲစာရင်းပြုစုခြင်းကို ဧပြီ ၁၉ ရက်က စတင်ကာ ငါးပတ်အတွင်း ပြီးစီးရန် စီမံချက်ချမှတ်ဆောင် ရွက်နေကြောင်း ၎င်းက ဆိုသည်။

‘‘ပြီးစီးတဲ့ မြို့နယ်တွေကို လည်း သောကြာနေ့ (မေလ ၄ ရက်) မှာ သေသေချာချာ ပြန်စိစစ်မှာပေါ့။ အဲဒီနေ့ကျရင် ကော်မရှင် မှာ ရောက်လာတဲ့ အခြေအနေ တွေကို စုစည်းပြီး အဖွဲ့ဝင်တွေက ပြန်လည်စိစစ်ဖို့ ရှိပါတယ်’’ ဟု ဦးမြင့်နိုင်က ပြောသည်။

၂၀၁၇ အတွင်း ကြားဖြတ် ရွေးကောက်ပွဲတစ်ကြိမ်ပြုလုပ်ခဲ့ ပြီး လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ၄၂ ပါတီမှ ကိုယ်စားလှယ်၈၈ ဦးနှင့် တစ်သီးပုဂ္ဂလခုနစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ယခု ၂၀၁၈ အတွင်း ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်များအဖြစ် ပြည်သူ့လွှတ်တော်အတွက် ရန် ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒ နယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒနယ်၊ ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်နှင့် ရှမ်း ပြည်နယ် လဲချားမဲဆန္ဒနယ်တို့ဖြစ် သည်။

ထို့အပြင် အမျိုးသားလွှတ် တော်၌ ကချင်ပြည်နယ် အမှတ် (၂)မဲဆန္ဒနယ် တစ်နေရာ လစ်လပ်နေပြီး ပြည်နယ်နှင့်တိုင်းဒေ သကြီးလွှတ်တော်အတွက် ရန် ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမဲ ဆန္ဒနယ် အမှတ်(၂)၊ မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမဲ ဆန္ဒနယ် အမှတ်(၁)၊ ချင်းပြည် နယ် မတူပီမဲဆန္ဒနယ် အမှတ်(၁)၊ ပဲခူးတိုင်း အုတ်တွင်းမဲဆန္ဒနယ် အမှတ်(၁)၊ စစ်ကိုင်းတိုင်းတမူးမဲ ဆန္ဒနယ်အမှတ်(၂)၊ မကွေးတိုင်း မင်းဘူးမဲဆန္ဒနယ် အမှတ်(၂)၊ ရခိုင်ပြည်နယ် ရသေ့တောင်မဲ ဆန္ဒနယ်အမှတ် (၂)နှင့် ရှမ်းတိုင်းရင်းသားလွှတ်တော် ကိုယ်စား လှယ်တစ်နေရာ လစ်လပ်နေ သည်။

၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအ ထိ စုစုပေါင်းရွေးကောက်ပွဲ ငါး ကြိမ်ပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင်မပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲ မှအပ ကျန်ရွေးကောက်ပွဲများတွင် NLD ပါတီက အများစု အနိုင်ရရှိ သည်။