ထားဝယ်မြို့နယ်တွင် အိမ်စီးကား တိမ်းမှောက်မှုကြောင့် သံဃာတစ်ပါးပျံလွန်၊ အမျိုးသားတစ်ဦးသေဆုံး

ထားဝယ်-မြိတ်အဝေး ပြေးလမ်းပေါ်တွင် အိမ်စီးမတ်တူး ကားတစ်စီး အရှိန်လွန်တိမ်း မှောက်ခဲ့ရာ သံဃာတစ်ပါးပျံလွန် ၍ ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဇမ္ဗူသီရိအရေး ပေါ်လူနာကူညီသယ်ဆောင်ရေး အဖွဲ့ တာဝန်မှူး ဦးသန်းထိုက်က ပြောသည်။ 

ထားဝယ်မှ သရက်ချောင်း မြို့နယ်သို့ ထွက်ခွာလာပြီး လူ လေးဦးလိုက်ပါလာသည့် အဆိုပါ ကားမှာ မေလ ၃ ရက် ည ၁၀ နာရီခွဲခန့်က အလယ်ကုန်းကျေးရွာအ နီးတွင် အရှိန်ဖြင့် လမ်းဘေးဓာတ် တိုင်ကို ဝင်တိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံးမှာ သရက်ချောင်းမြို့နယ်  ဒေသခံများဟု ဦးသန်းထိုက်က ဆိုသည်။ 

‘‘ကျွန်တော်တို့ရောက်တဲ့အ ချိန်မှာ ဘုန်းကြီးတစ်ပါးနဲ့ အမျိုး သားအလောင်းတွေက မြောင်းထဲ မှာ ဦးနှောက်တွေပွင့်ကုန်ပြီ။ မသေသေးတဲ့အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ပတ်ဝန်း ကျင်လူတွေက ဆွဲတင်ထား တယ်။ ကားက လမ်းပေါ် ပက် လက်မှောက်နေတယ်။ ကားတစ် စီးလုံးက ကြေမွနေပြီ’’ ဟု ဦးသန်း ထိုက်က ပြောသည်။ 

ယာဉ်တိမ်းမှောက်မှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိသူ အ မျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ် ဦးကို ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြောင်း ၎င်းက  ပြောသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံ ဆက် သွယ်မေးမြန်းသော်လည်း  ဖုန်း အဆက်အသွယ်မရရှိခဲ့ပါ။