အားလပ်ရက်မှာ ဖတ်စရာ

ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု (ဒုတိယပိုင်း)

ဒီတစ်ပတ်အားလပ်ရက်မှာ ဖတ်စရာအဖြစ် စာရေးဆရာ ကျော်ဝင်းရေးသားပြီး ယခုရက် ပိုင်းအတွင်း အသစ်ထွက်လာတဲ့ ပျောက်ဆုံးသွားသော မျိုးဆက် တစ်ခု (ဒုတိယပိုင်း) စာအုပ်ကို ညွှန်းဆိုလိုက်ပါတယ်။ 


စာရေးဆရာ ကျော်ဝင်းဟာ သူတွေ့ကြုံဖြတ်သန်းခဲ့တဲ့ အဖြစ် အပျက်တွေကို ၀တ္ထုဟန်အထ္ထုပ္ပတ္တိအဖြစ် ရေးသားနေတာ အ ချိန်အတော်ကြာခဲ့ပါပြီ။ ၂၀၁၇ သြဂုတ်က ထွက်ခဲ့တဲ့ ဒီဝတ္ထုရဲ့ ပထမပိုင်းမှာ ၁၉၆၈ ခုနှစ်ကနေ ၁၉၇၆ အထိ ပါဝင်ပြီး လှိုင်းဂ ယက် (၁၉၆၈-၁၉၇၁)၊ ကြားကာ လတိတ်ဆိတ်ခြင်း (၁၉၇၁-၁၉၇၄)၊ အိုးဝေခေါ်သံ (၁၉၇၄-၁၉၇၆)ရယ်လို့ အခန်းတွေခွဲကာ ရေးသားခဲ့ပါတယ်။ ယခုဒုတိယ ပိုင်းဖြစ်တဲ့ လှုပ်ရှားခြင်းအပိုင်းမှာ တော့ နရသိန် (၁) မန္တလေးနန်းတွင်း ရာဟုထောင့် (၁၉၇၆-၁၉၇၉)၊ တောနှင့် တောင် (၁၉၇၉-၁၉၈၂)နဲ့ နရသိန် (၂) အ၀တ်လဲခန်း (၁၉၈၂-၁၉၈၄) ဆိုပြီး ပါဝင်ပါတယ်။

‘စာရေးသူရဲ့ အမှာဖြစ်တဲ့ သံတိုင်မှီရင်း ရိုးမကိုမျှော်တစ်နေ ရာမှာ  စာရေးသူက အကျဉ်းထောင်ကို ‘အ၀တ်လဲခန်း’ဟု မြင်သည်။ အထူးသဖြင့် ဒီမိုကရေစီပျောက် ဆုံးနေသော အမှောင်ခေတ်၏ အကျဉ်းထောင်ကို ဆိုလိုသည်။ စာရေးသူ၏ တစ်သက်တာတွင် သုံးကြိမ်သုံးခါတိတိ ‘တရားစခန်း’ ၀င်ခဲ့ရပြီး ယခုအပိုင်း (ဒုတိယ ပိုင်း)တွင် နှစ်ကြိမ်ပါဝင်သည်။ ပထမအကြိမ်မှာ မန္တလေးထောင် ဖြစ်သည်။ ‘အိုးဘို’သို့ မပြောင်းရ သေး။ နန်းတွင်း၏ ရာဟုထောင့် မှာပင်ရှိသေးသည်။ ထိုစဉ်က တော့ အပြင်မှ တိုက်ပွဲများ၏ အ ရှိန်ကြောင့်လည်းကောင်း၊ တစ်ခါ က ဘီကလပ်(စ)အခွင့်အရေးများ၏ ကျန်ကောင်းကျန်ရာများ ကြောင့်လည်းကောင်း၊ လူ့အ ကြင်နာနှင့် လူ့ကရုဏာအချို့ကို တွေ့သလောက်တွေ့နေရသေး သည်။ သို့တိုင် ဤကာလမကြာ လိုက်ပါ။ စာရေးသူတို့ လွတ်ခါနီး ထောင်ပိုင် ဦးစိန်ဌေးလက်ထက် တွင် ‘စံပြထောင်’အခွင့်အရေးများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး အပီအပြင် ‘ပုံစံထောင်’ဖြစ် သွားတော့သည်။

ဒုတိယအကြိမ်မှာ အင်းစိန် ထောင်ဖြစ်သည်။ အပြင်မှ တိုက် ပွဲတွေလည်း အရှိန်ကုန်၊ ဟိုစဉ်က ‘ဘီကလပ်(စ)’ဆိုသည်များလည်း မကြားဖူးသော ဒဏ္ဍာရီဖြစ်၊ ဒီမို ကရေစီဆို၍ မူးလို့မှ ရှူစရာမရှိ သော ခေတ်ဆိုးခေတ်ကျပ်ကြီး ဖြစ်လေရာ အခုမှပဲ အကျဉ်း ထောင်မှာ တကယ့် ‘အ၀တ်လဲခန်းကြီး’ဖြစ်သွားလေတော့သည်။ အ ကျဉ်းထောင်တွင် ပွဲကြည့်သူမရှိ။ ဖိနှိပ်သူနှင့် အဖိနှိပ်ခံပဲ ရှိသည်။ ပွဲကြည့်သူမရှိ၍ ပွဲကြည့်သူ အ ထင်ကြီးအောင် ရဲရဲတောက်လုပ် ပြစရာလည်း မလို။ မိမိအနေအ စား ချောင်ရေးအတွက် ဖိနှိပ်သူ နှင့် နားလည်မှုယူကြသည်များ ခေတ်စားလာသည်။ စာရေးသူ၏ အတွေ့အကြုံအရဆိုလျှင် အပြင် လောကတွင် ‘မိုက်အား’ကောင်း ကြသူအများစုမှာ စစ်ကြောရေး တွင်၊ ရုံးတော်တွင်၊ ထောင်ထဲတွင်‘လိမ္မာ’ကြသူတွေ ဖြစ်နေသည် (လိမ္မာခြင်း၊ ညီမျှခြင်း၊ သစ္စာ ဖောက်ခြင်းဟု ဂျူလီယက်ဖူးချစ် က အဓိပ္ပာယ်ဖွင့်သည်)’လို့ ရေး ထားပါတယ်။

ဒီလိုပဲ နရသိန် (၂) အ၀တ် လဲခန်းမှာ ဗမာပြည်ကွန်မြူနစ်ပါ တီဝင်တစ်ဦးအဖြစ် တောခိုနေ တုန်း စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပုံ ကို ‘စူးစူးဝါးဝါးအော်သံတွေ ကြောင့် ရုတ်တရက်နိုးသွားသည်။ သူ့ရင်ဝတည့်တည့်တွင် သေနတ် ပြောင်းဝတစ်ခု။ မော့ကြည့်လိုက် တော့ သူ့ကို သေနတ်နှင့် ချိန် ထားသော တပ်ကြပ်ကြီးတစ် ယောက်၏ ခနိုးခနဲ့အသံ။

‘‘ကိုင်း၊ ထကြ...ထကြ...တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ့် ပုဂ္ဂိုလ်များ ထကြ...’’

သူဘေးဝဲယာကို လှည့်ကြည့်လိုက်တော့ သူ့ရဲဘော်အားလုံးမှာ မြေပြင်တွင် လဲလျက်။ သူတို့ကို စစ်သားတွေက သေနတ်တွေနှင့် ချိန်လျက်။

‘‘ထစမ်း၊ ထစမ်း’’

ကြမ်းကြမ်းတမ်းတမ်း ဆွဲသံ လွဲသံတွေ ကြားရသည်။ သူ့ကို လည်း တစ်စုံတစ်ယောက်က ဆောင့်ဆွဲလိုက်ဟန်ရှိသည်။ သူ့ မှာ ဘယ်လိုက ဘယ်လို မတ်တတ် ရပ်လျက်ဖြစ်သွားသည် မသိ။

‘‘လက်မြှောက်ထား၊ လက် မြှောက်ထား’’

ဘာရယ်ညာရယ်မသိ။ လက်မြှောက်ဆို၍ မြှောက်လိုက်ရသည်။

‘‘သွား၊ တန်းစီသွား...’’

သူ့ကို တစ်စုံတစ်ယောက် က တွန်းထိုးလိုက်ပြန်သည်။ သူ့ နောက်ကျောကို ထောက်ထား သော သေနတ်ပြောင်းဝ၏ အ တွေ့ကို သတိပြုမိသည်။

‘‘ထွက်ပြေးလို့ကတော့ အ သေပဲနော်’’

တစ်စုံတစ်ယောက်၏ ငေါက်သံ၊ ဟောက်သံ....။

‘‘ပြေးရဲပြေးကြည့်ပါလား။ ကျည်တစ်ထောင့်တည်းနဲ့ လေး ယောက်လုံး မသာပေါ်သွားစေရ မယ်’’

ဒီတစ်ခါဟောက်သံကိုတော့ ယဉ်ပါးသလိုဖြစ်နေသည်။ စော စောက ခနိုးခနဲ့ပြောသော တပ် ကြပ်ကြီး၏ အသံဖြစ်လိမ့်မည် ထင်သည်။

‘သွား၊ မြန်မြန်သွားစမ်း’ သူ့ နောက်ကျောကို သေနတ်ပြောင်း နှင့် ဆောင့်ထိုးလိုက်ပြန်သည်။ သူ့မှာ ရှေ့သို့ငိုက်သွား၍ မနည်း ပြန်ထိန်းလိုက်ရသည်။ သူ့ရှေ့ကို မျှော်ကြည့်လိုက်တော့ ထွန်း အောင်၊ ထွန်းနောင်နှင့် ကိုသိန်း ၀င်း...။ သူတို့အားလုံး လက်တွေ မြှောက်၊ ခေါင်းပေါ်တင်ရင်း တောင်အောက်သို့ ဆင်းနေကြရ သည်။ သူတို့နောက်တွင်မူ ရန်သူ တပ်မှ တပ်ကြပ်ကြီး ဦးစီးသည့် စစ်သားများ.... ’လို့ ရေးထားပါ တယ်။ 

ဒီစာအုပ်ဟာ စာရေးဆရာ က သူ့ရဲ့ဘ၀အကြောင်းကို ၀တ္ထုဟန်ရေးဖွဲ့ထားတာကြောင့် ဖတ်မိသူမပျင်းရဘဲ ပေါ့ပေါ့ပါးပါးသွက်သွက်လက်လက်နဲ့ စာရဲ့ နောက်ကို ခေါ်ဆောင်သွားတာ ကြုံရပါမယ်။ အရင်ထွက်ခဲ့တဲ့ ပထမပိုင်းကို 7Day Daily မှာ ဖော်ပြခဲ့လို့ ယခုဒုတိယပိုင်းကိုလည်း ဆက်လက်ဖော်ပြလိုက်ပါတယ်။ ဒါ့အပြင် နောက်ဆုံးအပိုင်းဖြစ်တဲ့ တတိယပိုင်းထွက်လာရင်လည်း ဆက်လက်ဖော်ပြသွားပါမယ်။ 

ယခုဒုတိယပိုင်းစာအုပ်ကို တန်ဖိုး ၈,၀၀၀ ကျပ်နဲ့ စာအုပ်ဆိုင်ကြီးတွေမှာ ၀ယ်ယူနိုင်ပါတယ်။