ခိုးမှုခုနစ်ခုမှ ဖုန်းနှင့်ဆိုင်ကယ်များ လာရောက် စုံစမ်းနိုင်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

ခိုးမှုများကျူးလွန်ထား သူတစ်ဦးကို ဖမ်းမိရာမှ ပြန်လည် ရရှိသော ဖုန်းနှင့်ဆိုင်ကယ်များကို အင်းစိန်နှင့် ရွှေပြည်သာမြို့မရဲ စခန်းတွင် ပိုင်ရှင်များ လာရောက်စုံစမ်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ခိုးမှုများ ကျူးလွန်ထား ကြောင်း  သတင်းရရှိထားသူ အောင်ကျော်ထွေးကို အင်းစိန် မြို့နယ်  အောင်ဆန်းဈေးအနီးတွင်  မေလ ၄ ရက်ည ၁၀ နာရီခွဲ က ဖမ်းဆီးရမိပြီးနောက် ခိုးမှုများ ပေါ်ပေါက်ခြင်းဖြစ်သည်။ 

ဇန်နဝါရီနှင့် ဖေဖော်ဝါရီအ တွင်းက အင်းစိန်မြို့နယ် တညင်း ကုန်းဈေးအတွင်း ဈေးဝယ်နေသူ ထံမှ iPhone တစ်လုံး၊ အဆိုပါလမ်းအနီး  နေအိမ်အတွင်းမှ Kenbo-110 ဆိုင်ကယ်တစ်စီးကို ခိုးယူရောင်းချထားကြောင်း ပေါ် ပေါက်ခဲ့သည်။ 

အလားတူ ရွှေပြည်သာမြို့ နယ်ရှိ အဆောင်တစ်ခုအတွင်းမှ Oppo လက်ကိုင်ဖုန်းတစ်လုံး၊ Huawei လက်ကိုင်ဖုန်းတစ်လုံး နှင့် Hisense-Hs-980 လက်ကိုင်ဖုန်းတစ်လုံး ခိုးယူရောင်းချထား ကြောင်း ပေါ်ပေါက်ခဲ့သည်။ 

ထို့အပြင် ရွှေပြည်သာ  အ မှတ်(၁)ရပ်ကွက် မြင်းလှည်းဂိတ် မှတ်တိုင်အနီးရှိ နေအိမ်အတွင်းမှ XZ-2 လက်ကိုင်ဖုန်းတစ်လုံး၊ ကားလေးဂိတ်မှတ်တိုင်အနီးတွင် ရပ်ထားသော Kenbo-125 ဆိုင်ကယ်တစ်စီး ခိုးယူရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့သည်။ 

ကျူးလွန်သူ အောင်ကျော် ထွေးကို အင်းစိန်၊ ရွှေပြည်သာမြို့ မရဲစခန်းများတွင် အမှုဖွင့်အရေး ယူထားကြောင်း  ရဲတပ်ဖွဲ့ထုတ် ပြန်ချက်၌ ဖော်ပြထားသည်။