ကားလ်မာ့စ် နှစ် (၂၀၀) ပြည့် မွေးနေ့အထိမ်းအမှတ် ရန်ကုန်တက္ကသိုလ်၌ ကျင်းပ

ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမတွင် မတ်လ ၅ရက်က ကားလ်မာ့စ် နှစ်(၂၀၀)ပြည့် အခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ −7Day TV)

ကွန်မြူနစ် အယူအဆကို တွေးခေါ်ဖော်ထုတ်ခဲ့သူ ကားလ် မာ့စ် နှစ် (၂၀၀) ပြည့် မွေးနေ့အ ထိမ်းအမှတ် စာတမ်းဖတ်ဆွေး နွေးပွဲကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ ခန်းမတွင် မေလ  ၅ ရက်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား များသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံရှိ လက်ဝဲအ တွေးအခေါ်ရှိသူများ စုပေါင်း ဆွေးနွေးနိုင်ရန် အဆိုပါ စာတမ်း ဖတ်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသား များသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ အခမ်းအနားဖြစ်မြောက်ရေး တာဝန်ခံ ကိုဘုန်းထက်နောင်က ပြောသည်။

ယင်းအခမ်းအနားတွင် အ လုပ်သမားကိစ္စ၊ တရုတ်ပြည်ရှိ မာ့စ်၊ မာ့စ်၏ သီအိုရီ စသည့် စာတမ်းများအပါအဝင် ကားလ် မာ့စ်၏ လက်ဝဲဝါဒနှင့် သက်ဆိုင် သော စာတမ်းခြောက်စောင်ဖတ် ကြားခြင်းနှင့် ကားလ်မာ့စ်အ ကြောင်း ရိုက်ကူးထားသော မှတ် တမ်းရုပ်ရှင်ကို ပြသခဲ့သည်။

‘‘တော်တော်ရှားပါးတဲ့ အ ခွင့်အရေးပေါ့ဗျာ။ NLD အစိုးရ တက်လာတဲ့အခါ ဒီလိုမျိုးခွင့်ပြု တာ တော်တော်ကောင်းမွန်တဲ့ လက္ခဏာပေါ့ဗျာ’’ဟု မြန်မာ့နိုင်ငံ ရေး လေ့လာသုံးသပ်သူ ဦးသန်း စိုးနိုင်က ပြောသည်။

ကွန်မြူနစ်အယူအဆအ တွက် မြန်မာပြည်မှ တော်လှန်ရေး သမားနှင့် နိုင်ငံရေးသမားများစွာ ပေးဆပ်လှုပ်ရှားပြီး  အဆိုပါ အယူဝါဒထူထောင်ခဲ့သည့်ပုဂ္ဂိုလ် ၏ မွေးနေ့ကို ကျင်းပခွင့်ပြုခြင်း သည် မင်္ဂလာရှိကြောင်း ၎င်းက ပြောသည်။

‘‘မြန်မာပြည်မှာ ဒီအယူအ ဆပေါ်မှာ ယုံကြည်မှုနဲ့ လိုက်ပါ သူတွေရှိသလို ကွန်မြူနစ်ဝါဒ၊ ကွန်မြူနစ်ပါတီအပေါ် အုပ်စိုးသူ လူတန်းစားက ပစ်စလက်ခတ် လုပ်ထားခဲ့တဲ့  သမိုင်းတွေက တော်တော်ရှည်လျားပါတယ်။ ဒီလိုကျင်းပနိုင်တာ တိုးတက်တဲ့ လက္ခဏာပါ’’ဟု ၎င်းက ဆက် လက်ပြောသည်။

ဂျာမန်လူမျိုး နိုင်ငံရေး၊ စီးပွားရေးနှင့် အတွေးအခေါ်ပညာရှင်အဖြစ် ကျော်ကြားခဲ့သည့်ကားလ်မာ့စ်ကို ၁၈၁၈ မေလ ၅ ရက်တွင် မွေးဖွားခဲ့သည်။ ဖရက်ဒရစ်အိန်ဂျဲလ်စ်နှင့်အတူ ကွန်မြူနစ်ဝါဒကို တွေးခေါ်ဖော်ထုတ်ခဲ့ သူဖြစ်သည်။ ၁၈၄၈ တွင် အိန်ဂျဲလ်စ်နှင့်အတူ ကွန်မြူနစ်ကြေညာစာတမ်းကို တွဲဖက်ရေးသားခဲ့သည်။ ကားလ်မာ့စ်သည် အသက်(၆၄)နှစ်အရွယ် ၁၈၈၃ မတ်လ ၁၄ ရက်တွင် လန်ဒန်မြို့၌ ကွယ် လွန်ခဲ့သည်။