လေးလအတွင်း မီးဘေးကြောင့် ကျပ်သန်းသုံးထောင်ကျော်ဖိုးဆုံးရှုံး

မေလ ၅ ရက်က ကျင်းပသည့် (၇၂)ကြိမ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် သရုပ်ပြနေသော မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − ရဲအောင်သူ / အေအက်ဖ်ပီ)

ယခုနှစ် ဇန်နဝါရီမှ ဧပြီ အထိ လေးလအတွင်း နိုင်ငံတစ် ဝန်း မီးလောင်မှု ၈၅၁ ကြိမ်ဖြစ်ပွား ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် သန်း ၃,၃၀၀ ကျော်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ကျော်ဆွေကပြောသည်။

‘‘ဒီဆုံးရှုံးမှုတွေဟာ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးကို အ ဟန့်အတားဖြစ်စေတယ်’’ ဟုမရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ် လမ်းရှိ မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့ဌာနချုပ်၌ ယမန်နေ့က ကျင်းပ သည့် (၇၂)ကြိမ်မြောက် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်း အနားတွင် ၎င်းကပြောသည်။

၂၀၁၆ တွင် နိုင်ငံတစ်ဝန်း မီးလောင်မှု ၁,၈၄၇ ကြိမ်ဖြစ်ပွား ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် သန်း ၄၁,၀၀၀ ကျော်ရှိကြောင်း မီးသတ်ဦးစီးဌာနက ပြောသည်။ မီးလောင်မှုအကြိမ်ရေနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး လျော့နည်းကျ ဆင်းစေရန် မီးဘေးကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လိုကြောင်းပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။‘‘မီးဘေးသတိမူရေးအဆင့်၊ မီးဘေးကြိုတင်ကာကွယ်တားဆီး ရေးအဆင့်နဲ့ မီးငြှိမ်းသတ်ရေးအ ဆင့်တို့ကို မိမိဒေသရဲ့ လူနေမှုပုံစံ ဓလေ့စရိုက်၊ ယဉ်ကျေးမှုတို့နဲ့ လိုက်လျောညီထွေဖြစ်အောင် တီ ထွင်ကြံဆလုပ်ဆောင်ပါမှ ပြည် သူလူထုက လိုက်ပါလုပ်ဆောင် လာကြမှာဖြစ်တယ်’’ ဟု ၎င်းက ပြောသည်။

ယမန်နေ့က ကျင်းပသည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် တပ်ဖွဲ့ဝင်များ ၏တစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲနှင့် ယာဉ်မတော်တဆမှုဖြစ်စဉ်၌ အဖွဲ့လိုက်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲများ၊ ငလျင်ဘေး အန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု လက်တွေ့သရုပ်ပြ သခဲ့သည်။

ထို့အပြင် စွမ်းရည်သတ္တိဆိုင် ရာ ဆုတံဆိပ်နှင့် စွမ်းဆောင်ရည် ဆိုင်ရာ ဆုတံဆိပ်ရရှိသည့် မီး သတ်တပ်ဖွဲ့ဝင်များအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံ မီးသတ်တပ် ဖွဲ့တွင် သန္ဓေတပ်ဖွဲ့ဝင် ၁၁,၄၅၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀၉,၆၁၂ ဦး၊ သီးသန့် မီးသတ် တပ်ဖွဲ့ဝင် ၁၈,၆၇၂ ဦး၊ မီးသတ်ယာဉ်၊ စက်ယန္တရား ၃,၂၉၅ စီးရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များအနေ ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး နှင့် ငြှိမ်းသတ်ရေးလုပ်ငန်းများအ ပြင် ငလျင်နှင့် သဘာဝဘေးအန္တ ရာယ်များကျရောက်လာပါက ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်းများ   ဆောင်ရွက်ရမည်ဖြစ်ရာ လေ့ ကျင့်မှု ပြည့်ဝရန်လိုကြောင်း ၎င်း က တိုက်တွန်းသည်။

ငလျင်လှုပ်ခတ်မှုမှတ်တမ်း များအရ ၂၀၁၆ တွင် ၃၆ ကြိမ်၊ ၂၀၁၇ တွင် ၆၆ ကြိမ်၊ ၂၀၁၈ လေးလအတွင်း ၆၉ ကြိမ်ရှိရာ နှစ်စဉ် ငလျင်လှုပ်ခတ်မှု ပိုမိုမြင့်တက်လာကြောင်း ဝန်ကြီးက ပြောသည်။

‘‘ကယ်ဆယ်ရေးလုပ်တဲ့အ ခါ အလွန်အန္တရာယ်များပြီး ခက်ခဲ ကြမ်းတမ်းတာကြောင့် ယုံကြည် ချက်ခိုင်မာသူ၊ နည်းပညာကျွမ်း ကျင်ပိုင်နိုင်သူ၊ လေ့ကျင့်ရေးပြည့် ဝသူများသာ စွမ်းဆောင်နိုင်မှာ ဖြစ်တယ်။ စဉ်ဆက်မပြတ် လေ့ ကျင့်ထားရမယ်’’ ဟု ၎င်းက ပြော သည်။