အမေ့လျော့ခံ စီးပွားရေးကဏ္ဍတစ်ခု

(၁)

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအ တွက် စီးပွားရေးကဏ္ဍ အသီးသီး က အားကောင်းမောင်းသန်ဖြစ် လာဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ ပထဝီအနေအထား၊ပြည် သူတွေရဲ့ လက်ရှိလူမှုစီးပွားဘဝ အခြေအနေတွေနဲ့ ရရှိနိုင်တဲ့ လူ့ စွမ်းအားအရင်းအမြစ်၊ သဘာဝ အရင်းအမြစ်တွေပေါ် မူတည်လို့ ဘယ်စီးပွားရေးကဏ္ဍကို ပိုပြီးဦး စားပေးအနေနဲ့ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်မလဲဆိုတာက လေးလေးနက်နက် စဉ်းစားကြရ မှာဖြစ်ပါတယ်။

ယခင် အစိုးရတွေ လက် ထက်မှာတော့ ‘စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍ များကိုလည်း ဘက်စုံဖွံ့ဖြိုးတိုး တက်အောင် တည်ဆောက်ရေး’ ဆိုတဲ့ စီးပွားရေးဦးတည်ချက် ချ မှတ်ခဲ့ကြပါတယ်။ ဆိုလိုတာက စိုက်ပျိုးရေးကို ဦးစားပေးပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မယ် ဆိုတဲ့ ဦးတည်ချက်ပါပဲ။ လက် တွေ့မှာတော့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုထက် လယ်ယာ မြေ သိမ်းဆည်းခံရမှုတွေပဲ ရလဒ် ထွက်ခဲ့ပါတယ်။ အခုနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာတော့ ဦးစား ပေးကဏ္ဍရယ်လို့ ထင်ထင်ရှား ရှား သတ်မှတ်တာမျိုးထက် နည်း နည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို ကဏ္ဍ တိုင်းကို ဟန်ချက်ညီ တိုးတက်ဖို့ ကြိုးစားနေတယ်လို့ မြင်မိပါ တယ်။ သို့သော်လည်းပဲ အထက် မှာ တင်ပြခဲ့သလို ပထဝီအနေအ ထား၊ လက်ရှိစီးပွားရေးအခြေခံနဲ့ ရနိုင်တဲ့အရင်းအမြစ်တွေပေါ် မူ တည်လို့ ဦးစားပေးပြီး ဖွံ့ဖြိုးတိုး တက်အောင် တည်ဆောက်မယ့် စီးပွားရေးကဏ္ဍတော့ ထင်ထင် ရှားရှား ရှိထား၊ သိထားဖို့လိုအပ် မှာ ဖြစ်ပါတယ်။

စိုက်ပျိုးရေး (Agriculture) လို့ဆိုလိုက်ရင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလို့ တွဲပြီးမြင်တဲ့ နိုင်ငံ တွေရှိသလို မြန်မာနိုင်ငံမှာတော့ Agriculture လို့ဆိုလိုက်ရင် လယ်ယာ၊ ဥယျာဉ်ခြံမြေတွေကိုသာ ပြေးမြင်ကြပြီး မွေးမြူရေး (Livestock) လို့ဆိုလိုက်မှ ကြက်၊ ဘဲ၊ ဝက်၊ နွား၊ ကျွဲ၊ သိုး၊ ဆိတ်ဆိုတဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို ပြေး မြင်ကြပါတယ်။ ဒါကြောင့်ပဲ ဝန် ကြီးဌာနဖွဲ့စည်းရမှာကို တစ်ချိန် က စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနဲ့ မွေးမြူရေးနှင့် ရေ လုပ်ငန်းဝန်ကြီးဌာနတွေကို ခွဲခြား ဖွဲ့စည်းခဲ့သလို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ဝန်ကြီးဌာနတွေကို ပေါင်းပစ်တဲ့ အခါမှာလည်း စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန (Ministry of Agriculture, Livestock and Irrigation) ရယ် လို့ ဖွဲ့ဆည်းတည်ထောင်ခဲ့ကြပါ တယ်။ ပြောချင်တာကတော့ စိုက် ပျိုးရေးနဲ့ မွေးမြူရေးကို ခွဲခြားမြင် နေသေးတယ်ဆိုတဲ့ အချက်ပါ။ အဲဒီလို ခွဲခြားမြင်ပြီးတဲ့နောက် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဖို့ မူဝါဒချတဲ့အခါ၊ လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ ‘စိုက်ပျိုးရေး’ ဆိုတဲ့ စကားလုံးကို သာ အသုံးပြုလေ့ရှိတာကြောင့် မွေးမြူရေးကဏ္ဍက အလိုလိုကျန် ခဲ့ပါတော့တယ်။ ချုပ်ပြောလိုက် ရင်တော့ မြန်မာနိုင်ငံမှာ ဘယ်အ စိုးရ လက်ထက်မှာမဆို အမေ့ လျော့ခံခဲ့ရတဲ့ စီးပွားရေးကဏ္ဍ တစ်ခုကတော့ မွေးမြူရေးကဏ္ဍပဲ ဖြစ်ပါတယ်။

(၂)

အဲဒီလိုဖြစ်ရတဲ့အကြောင်း ရင်းတွေထဲက တစ်ခုကတော့ မူ ဝါဒ ချမှတ်သူအများစုက (GDP) ဆိုတဲ့ ကိန်းဂဏန်းကိုသာ အခြေ ခံစဉ်းစားတဲ့ ဓလေ့ကြောင့် ဖြစ်ပါ တယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ ရေလုပ်ငန်းကဏ္ဍတွေက ရရှိတဲ့ ဝင်ငွေဟာ တိုင်းပြည်ဝင်ငွေ GDP ရဲ့ ရာခိုင်နှုန်း ၃၀-၃၅ လောက်ရှိ ချိန်မှာ မွေးမြူရေးနဲ့ ရေလုပ်ငန်း ကဏ္ဍ နှစ်ရပ်ပေါင်းက ၈ ရာခိုင် နှုန်း ပတ်ချာလည်မှာပဲရှိပါတယ်။ ဒါကြောင့် ရေလုပ်ငန်းကို ဖယ် လိုက်ရင် မွေးမြူရေးရဲ့ ဝင်ငွေ ဟာ နည်းနည်းလေးပါလို့ ယူဆစရာ အကြောင်းရှိပါတယ်။ ဒါကြောင့် မွေးမြူရေးကဏ္ဍကို စီးပွားရေးပ ညာရှင်အချို့နဲ့ အစိုးရတွေက အ ထင်သေးပါတယ်။ နောက်ထပ် တစ်ချက်ကတော့ အဲဒီကဏ္ဍက နိုင်ငံခြားဝင်ငွေ ဘယ်လောက်ရှာ ပေးသလဲဆိုတဲ့အချက် ဖြစ်ပါ တယ်။ နိုင်ငံခြားကို ထုတ်ကုန်များ များတင်ပို့နိုင်တဲ့ စီးပွားရေးလုပ် ငန်းကဏ္ဍတွေကို ပိုအထင်ကြီး လေ့ရှိပြီး နိုင်ငံခြားအသုံးစရိတ် လျှော့ချပေးနိုင်တဲ့ စီးပွားရေး ကဏ္ဍမျိုးကိုတော့ မေ့လျော့ထား တတ်ကြပါတယ်။

သို့သော် အများစုမစဉ်းစား တဲ့ အချက်တစ်ခုကို ထောက်ပြ လိုတာက GDP ဆိုတာ ပိုက်ဆံ ဘယ်လောက်ဖိုး ထုတ်လုပ်လိုက် သလဲဆိုတာကိုသာ ဖော်ပြတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ငွေကြေးအားဖြင့် ဖလှယ်လို့ရတဲ့ တန်ဖိုးကိုသာ ဖော်ပြတာဖြစ်ပါ တယ်။ အဲဒီ GDP က ရလာတဲ့ ထုတ်ကုန်တွေကို ဘယ်လိုအသုံး ချသလဲဆိုတဲ့ အချက်ကိုပါ ထည့် သွင်းစဉ်းစားဖို့ လိုတယ်လို့ မြင်မိ ပါတယ်။ နောက်တစ်ချက်က အဲဒီစီးပွားရေးကဏ္ဍအနေနဲ့ သဘာဝ အရင်းအမြစ်တွေ၊ သယံဇာတ တွေကို ဘယ်လောက်ထုတ်ယူအ သုံးချပြီး ပိုက်ဆံရှာတာလဲ၊ သဘာ ဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုး ကျိုး၊ ကောင်းကျိုးတွေ ဘယ် လောက်သက်ရောက်မှုရှိသလဲဆို တဲ့ အချက်ကိုလည်း စဉ်းစားဖို့လို မှာ ဖြစ်ပါတယ်။ ကျောက်စိမ်းတူး လို့ရတဲ့ ဝင်ငွေ၊ သဘာဝဓာတ်ငွေ့ ရောင်းတဲ့ ဝင်ငွေဟာ ထုတ်လုပ် မှုကရတဲ့ ဝင်ငွေမဟုတ်ပါဘူး။ ရှိတဲ့ သယံဇာတကို တူးဖော် ရောင်းချတဲ့ ဝင်ငွေဖြစ်ပါတယ်။ မွေးမြူရေးလုပ်ငန်းက ရတဲ့ဝင်ငွေ ဟာ ထုတ်လုပ်ပြီးရတဲ့ ဝင်ငွေဖြစ် ပါတယ်။ သယံဇာတအသုံးချမှု အလွန်နည်းတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ မွေးမြူရေးလုပ်ငန်း တွေဟာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းတွေအနက် မြေယာ အသုံးချမှု၊ အသုံးချခွင့်ရရှိမှု အ နည်းဆုံးကဏ္ဍအဖြစ် တည်ရှိနေ ဆဲပါ။ မွေးမြူရေးခြံတွေတည် ဆောက်နိုင်ဖို့အတွက် မြေယာအ သုံးချခွင့်ရရှိဖို့ဆိုရင် အင်မတန် ရှုပ်ထွေးရှည်လျားတဲ့ လုပ်ငန်းစဉ် တွေကို ဆောင်ရွက်နေရတုန်း ဖြစ်ပါတယ်။

မွေးမြူရေးလုပ်ငန်းတွေက ရရှိတဲ့ ထုတ်ကုန်တွေကို ပြန်လည် သုံးသပ်ကြည့်တဲ့အခါ မြေဧရိယာ ကျဉ်းကျဉ်းကလေးသာ ယူကြရ ပေမယ့် တစ်ဧကချင်းရဲ့ ထုတ် လုပ်နိုင်စွမ်း (Productivity) က တော့ အလွန်မြင့်မားလှပါတယ်။ သုတေသနတွေနဲ့ အလှမ်းမမီပေ မယ့် ပြောလို့ရတာကတော့ စပါး တစ်ဧကကရတဲ့ ငွေကြေးနဲ့၊ စပါး စိုက်မယ့် မြေတစ်ဧကပေါ်မှာ မွေးမြူရေးခြံတစ်ခြံ ဆောက်လုပ် ပြီး မွေးမြူရေးလုပ်တာက ဝင်ငွေ ပိုရပါတယ်။ ဒါက အရပ်သားအ တွေးပါ။ တစ်ဆင့်တက်ပြီး တွေး ရင် မြေတစ်ဧကက ထုတ်လုပ်တဲ့ စပါးက ရရှိနိုင်တဲ့ အာဟာရဓာတ် တန်ဖိုးနဲ့ အဲဒီမြေတစ်ဧကပေါ်မှာ မွေးမြူရေးလုပ်ခွင့်ရမယ်ဆိုရင် ရရှိနိုင်တဲ့ အာဟာရတန်ဖိုး နှိုင်း ယှဉ်စဉ်းစားကြဖို့ လိုအပ်ပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့ နိုင်ငံသား ကောင်းတွေရရှိဖို့ ဆန်စပါးကရ တဲ့ ကဆီဓာတ် (Carbohydrate) ကို မှီခိုနေလို့မရပါဘူး။ အသား၊ နို့၊ ဥ စတဲ့ အသားဓာတ် (Protein) ကြွယ်ဝတဲ့ မွေးမြူရေးထုတ် ကုန်တွေကို ပေါပေါများများ ထုတ်လုပ်ဖို့၊ စားသုံးကြဖို့ လိုအပ် ပါတယ်။ မွေးမြူရေးထုတ်ကုန် တွေထဲက ဥပမာလေးတစ်ခု ထုတ်နုတ်တင်ပြပါရစေ။ ၂၀၁၇ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ အာ ဟာရဗေဒပညာရှင် Dr. Lora Lannotti ရဲ့ သုတေသနစာတမ်း တစ်စောင်အရ အီကွေဒေါနိုင်ငံ က အသက် (၆-၉) လ အရွယ် ကလေးငယ်တွေကို ကြက်ဥတစ်ရက်တစ်လုံးနှုန်း (၆)လဆက်တိုက် ကျွေးမွေးတဲ့အခါ ကြီးထွားနှုန်း ရပ်တန့်မှု (Stunting) ကို ၄၇ ရာခိုင်နှုန်း လျှော့ချနိုင်သလို ကြီး ထွားနှုန်းနှေးကွေးမှု (Under- weight) ကို ၇၄ ရာခိုင်နှုန်း လျှော့ ချနိုင်ကြောင်း တွေ့ရှိရပါတယ်လို့ ဆိုလိုပါတယ်။ ကြက်ဥအခွံကို ဖယ်လိုက်ပြီး စားလို့ရတဲ့ အကာနဲ့  အနှစ် ၅၀ ဂရမ်ဟာ အသက် (၇-၁၂) လသား ကလေးငယ်တစ် ယောက် နေ့စဉ်လိုအပ်တဲ့ ပရို တင်း ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းမ က ပေးစွမ်းနိုင်သလို အသက် (၄- ၈) နှစ်သား ကလေးငယ်တစ်ဦး နေ့ စဉ်လိုအပ်တဲ့ ပရိုတင်းပမာဏရဲ့ ၃၀ ရာခိုင်နှုန်းကို ပေးစွမ်းနိုင်ပါ တယ်။နောက်တစ်ခု စဉ်းစားစရာ က စီးပွားရေးကဏ္ဍတစ်ခုမှာ ဘယ်သူတွေ ပါဝင်နေသလဲဆိုတဲ့အ ချက်ပဲ ဖြစ်ပါတယ်။ မွေးမြူရေး လုပ်ငန်းတွေဟာ ကျေးလက်ဒေ သတွေမှာ အခြေခံတဲ့အတွက် ကျေးလက်နေ ပြည်သူလူထုအ တွက် ဝင်ငွေရလမ်းတစ်ခုဖြစ်သ လို အလုပ်အကိုင် အခွင့်အလမ်း လည်း ဖြစ်ပါတယ်။ မွေးမြူ ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ် ကိုင်ဖို့ ဘွဲ့တွေ၊ ဒီဂရီတွေမလိုအပ် ပါဘူး။ အမျိုးသမီးတွေပါ ဦး ဆောင်ပါဝင်နိုင်တဲ့ လုပ်ငန်းရပ် မျိုးလည်း ဖြစ်ပါတယ်။ တစ်ချိန် တည်းမှာ မွေးမြူရေးလုပ်ငန်း တွေကိုသာ နိုင်ငံတော်ကအားပေး လို့ လုပ်ငန်းတွေဖွံ့ဖြိုးလာတာနဲ့ အမျှ တိုးတက်ရရှိလာတဲ့ဝင်ငွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ကြောင့် ရွှေ့ပြောင်းလုပ်သားတွေ ရဲ့ အရေးကိုလည်း ကူညီဖြေရှင်း ရာရောက်မှာ ဖြစ်ပါတယ်။

(၃)

စာရေးသူဟာ စီးပွားရေး ပညာရှင်တစ်ယောက် မဟုတ်ပါ ဘူး။ အခုတင်ပြခဲ့တဲ့ ဆောင်းပါး ဟာ စီးပွားရေးပညာရှင်တစ် ယောက်ရဲ့ ဉာဏ်ပညာမျိုးနဲ့ ရေး သားတာ မဟုတ်ကြောင်းလည်း တင်ပြပါရစေ၊ မိမိကျင်လည်ရာ စီးပွားရေးလုပ်ငန်းကဏ္ဍမှာ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အခြေအနေ ကောင်းတွေ ရှိပါလျက်၊ တိုင်း ပြည်စီးပွားရေးကို အထောက်အ ကူပြုနိုင်စွမ်း ရှိပါလျက် အမေ့ လျော့ခံဖြစ်နေရတဲ့ မွေးမြူရေး ကဏ္ဍအကြောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိရှိစေလိုတဲ့  ရည်ရွယ်ချက်နဲ့သာ တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော် အောက် ခြေမှာ ကြုံတွေ့နေရတဲ့ အခြေအ နေကို မျက်ဝါးထင်ထင်တွေ့မြင် ပြီး အဖြစ်မှန်ကို တင်ပြခြင်း ဖြစ် ပါတယ်။ အခု ဆောင်းပါးလေးကို ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ် ထဲမှ စဘေလို့ခေါ်တဲ့ ကျေးရွာ လေးက ဆိတ်မွေးမြူရေးခြံတစ်ခု ထဲကနေ ရေးသားပေးပို့လိုက်ရပါ တယ်။ ဒီသတင်းစကားလေးက စဘေရွာကနေ နေပြည်တော်အ ထိ ရောက်ပါစေလို့ပဲ ဆုတောင်း နေမိကြောင်းပါ ခင်ဗျာ။

(ဆောင်းပါးရှင် ခိုင်ကြည်သစ် သည် နိုင်ငံရေး၊ ကျန်းမာရေးနှင့် မျက်မှောက်ရေးရာဆောင်းပါး များ ရေးသားနေသူဖြစ်သည်။)

Top News