တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သူများအနက် ပြန်လည်လက်ခံနိုင်မည့် လူစာရင်း တစ်ထောင်ကျော်ရရှိ

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက် ပြေးတိမ်းရှောင်သူများထဲမှ စစ် ဆေးပြီး၍ ပြန်လည်လက်ခံနိုင် မည့် လူဦးရေတစ်ထောင်ကျော် စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပေးပို့ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောကြားသည်။


 ‘‘လက်ရှိ အခြေအနေက တော့ ဝန်ကြီးဌာနအနေနဲ့ ပြန် လည်လက်ခံနိုင်တဲ့၊ မိမိနိုင်ငံအ တွင်းမှာ နေသွားတယ်လို့ သေချာ တဲ့သူ အခုဆိုရင် တစ်ထောင့်တစ် ရာကျော်သွားပါပြီ’’ဟု မေလ ၇ ရက်က နေပြည်တော် Hliton ဟိုတယ်တွင် ပြုလုပ်သော ရွှေ့ ပြောင်း သွားလာသူများအတွက် သတင်းအချက်အလက်များ ရှာ ဖွေနိုင်မည့် ဗီဒီယိုဖိုင် မိတ်ဆက် အခမ်းအနား၌ ၎င်းကပြောသည်။

အဆိုပါလူဦးရေတစ်ထောင် ကျော်စာရင်းသည် ဘင်္ဂလားဒေ့ရှ် က ပေးပို့ထားသော လူရှစ်ထောင် ကျော် စာရင်းမှဖြစ်ပြီး ထပ်မံပေးပို့သည့် လျှောက်လွှာများ မရှိသေးကြောင်း ဦးသိန်းဆွေက ဆက် လက်ပြောသည်။

ထို့အပြင် တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသူများကို လျှောက် လွှာများဖြည့်ခိုင်းခြင်းသည်လည်း ၁၉၉၃ သဘောတူညီချက်အတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဦးသိန်းဆွေကဆိုသည်။

လက်ရှိအချိန်ထိ ပြန်လည် လက်ခံနိုင်ရန် ညှိနှိုင်းနေဆဲဖြစ်ပြီး မေလဒုတိယပတ်တွင် မြန်မာ နိုင်ငံဘက်မှ လုပ်ငန်းအဖွဲ့အနေ ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန် လည်လက်ခံရန် ကိစ္စရပ်များ သွားရောက်ဆွေးနွေးရန်ရှိကြောင်း ၎င်း က ရှင်းပြသည်။

တိမ်းရှောင်သူများ ပြန်လာ ပါက ၎င်းတို့အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ၊ လုံ ခြုံရေး စသည့် လုပ်ငန်းစဉ်များကို ပါ အဆက်မပြတ် ဆောင်ရွက် နေသည်ဟု  ဦးသိန်းဆွေက ဆို သည်။

လက်ခံရေးအစီအစဉ် အမြန်ဆုံးဖြစ်စေရန် ဦးသိန်းဆွေက ‘‘နိုင်ငံတော်အနေနဲ့ လက်ခံထားတာကတော့ ဒီကိစ္စသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှသာ၊ လုပ်ဆောင်နိုင်မှသာ အဆင်ပြေချောမွေ့မယ်လို့ ယူဆတယ်၊ ယုံကြည်ပါတယ်’’ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလား ဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သူ များ ပြန်လည်လက်ခံရေးအစီအ စဉ်ကို မြန်မာနိုင်ငံဘက်က ဇန်န ဝါရီ ၂၃ ရက်တွင် စတင်ရန် အဆင် သင့်ဖြစ်နေသော်လည်း ဘင်္ဂလား  ဒေ့ရှ်ဘက်က စိစစ်နေ၍ လက်ရှိအချိန်ထိ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးဟု မြန်မာအာဏာပိုင်များက ပြော ကြားထားသည်။

မောင်တောတွင် နေထိုင်သူ တစ်သန်းကျော်ရှိပြီး အကြမ်းဖက် ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူ ငါးသိန်းကျော်ရှိကြောင်း မြန်မာအစိုးရက ပြီးခဲ့သည့် မတ်လ ၁၄ ရက်က သတင်းထုတ်ပြန်ထား သည်။