တနင်္သာရီတိုင်းတွင် ရန်ကုန်နှင့် ပုံစံတူ အာဇာနည်ဗိမာန် တည်ဆောက်ရန်စီစဉ်နေ

 တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်အတွင်း ရန်ကုန်နှင့် ပုံစံတူအာဇာနည် ဗိမာန်တစ်ခု တည်ဆောက်ရန်စီစဉ်နေပြီး လာမည့်အာဇာနည်နေ့အမီ အောက်ခြေ အုတ်ခုံကို    အပြီးသတ်တည် ဆောက်မည်ဟု ယင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ပြောသည်။ 

အောက်ခြေအုတ်ခုံ ပေ ၄၀ ခန့်အကျယ်ရှိ အဆိုပါဗိမာန်ကို ကော့သောင်းမြို့၏ အထင်ကရ နေရာဖြစ်သည့် ဘုရင့်နောင် ပန်း ခြံအနီးစည်ပင်ပိုင်မြေပေါ်တွင် ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖ များ ပါဝင်သော ဗိမာန်တည် ဆောက်ရေးဦးစီးကော်မတီက ပြည်သူများ၏ အလှူငွေထည့်ဝင် မှုများဖြင့် တည်ဆောက်မည်ဖြစ် ကြောင်း   လွှတ်တော်ကိုယ်စား လှယ် ဦးခင်ဇော်ကဆိုသည်။

‘‘ကျွန်တော်တို့ ကြိုးစားနေ တာကြာပါပြီ။ ကျွန်တော်တို့ အာ ဇာနည်ဗိမာန်ပုံစံကို အုပ်ချုပ်ရေး ပိုင်းကို တင်ပြပြီးပြီ။ ခရိုင်၊ ပြီးရင် ၀န်ကြီးချုပ်ဆီက အတည်ပြုလိုက် ပြီးဆိုရင် လုပ်ငန်းစလို့ရပြီ။ ဒီနှစ် ဇူလိုင် ၁၉ မှာ၊ အဲဒီနေ့မှာ သွားပြီး အလေးပြုဖို့ဆိုရင် အောက်ခြေ အုတ်ခုံကို အပြီးလုပ်မယ်။ အ လယ်ကအနီရောင်ရှိတဲ့ဟာကို သုံးထပ်သားပြားနဲ့ ပုံစံတူလုပ်ထားမယ်။ ဒီနှစ်ပြီးရင် ဆက်ပြီးအ ကောင်အထည်ဖော်သွားမယ်’’ဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် အာဇာနည်ဗိ မာန်တည်ဆောက်မည့် မြေနေရာ ရှင်းလင်းရန်နှင့် လျှောက်လမ်း ဖောက်လုပ်ရန် စီစဉ်နေကြောင်း ဦးခင်ဇော်ကဆိုသည်။

နှစ်စဉ်ကော့သောင်းမြို့ အာ ဇာနည်နေ့ အလေးပြုခြင်းအခမ်း အနားကို ပိတောက်ရွှေဝါရပ် ကွက်အတွင်း ကားလမ်းမပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ရှေ့တွင် ပြုလုပ်ကြောင်း မြို့ခံ ဦးစိန်နိုင်က ပြောသည်။

‘‘ရန်ကုန်ပုံစံတူ လုပ်မယ်ဆို တော့ ရန်ကုန်ကိုသွားပြီးတော့ အလေးပြုရသလိုမျိုး ခံစားမှုအရ သာတူမှာပေါ့။ အခုလိုမျိုး အာဇာ နည်ဗိမာန်တည်ဆောက်မယ်ဆို တော့ မြို့ခံတစ်ယောက်အနေနဲ့ ၀မ်းသာပါတယ်’’ ဟု ၎င်းကဆက် လက်ပြောသည်။